Local News



မေ ၇၊ ၂၀၂၂။







PDF များ ရေကြောင်းလမ်းကဝင်လာတယ် ဆိုတဲ့ သတင်းကြောင့် ရွှေပေါက္ကံ ကမ်းနား တလျောက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ကင်းပုန်းများချထား၊ စစ်ကားများ ယောက်ယက်ခက်နေ

မေ ၇၊ ၂၀၂၂။

North Okkalapa Information

မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ ရှိ ငမိုးရိပ်ချောင်း ကမ်းနား တလျှောက် ယနေ့ မေလ ၇ရက်နေ့ ညနေပိုင်း၌ အကြမ်း ဖက် စစ်တပ်က အရေးတကြီး အင်အားအလုံးအရင်းဖြင့် ကင်းပုန်းများ ချထားကြောင်း သိရှိရသည်။

PDF များ ရေကြောင်းလမ်းက ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် အခုလို အရေးတကြီး အင်အားသုံး ကင်း ပုန်းများချထားတာလို့ သိရပါတယ်။

” ရေလမ်းကနေ ဝင်တယ်ဆိုတဲ့ သတင်းကြောင့် Urgent ကင်းပုန်းတွေလာချသွားတယ် မျှော်စင်တွေပေါ်မှာတွေလဲ ရှိတယ်၊ ဟိုဘက် မြောက်ဒဂုံဘက် ကမ်းမှာရောပဲ၊ သတိထားကြဖို့ တိုက်တွန်းပေးပါဦး ” ဟု ရွှေပေါက္ကံနေသူ တစ်ဦးက North Okkalapa Information ကို ပြောပါတယ်။

ယနေ့ ည ၇နာရီခန့်က ရွှေပေါက္ကံ ကွပ်ကဲရေးရုံးရှေ့တွင် စစ်ကား ၅စီးရပ်ထားသည် ကိုတွေ့ရပြီး စစ်ကားများ ယောက်ယက်ခက်သွားလာနေသည်ကို တွေ့ရှိရသည်။

နောက်ဆက်တွဲ သတင်းများကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။