Local News

ဗိုလ္နဂါးမွ ကာ၀န္ဆီ ေတာင္းဆိုစာပို႔

သို႔

ဦးရည္မြန္

ျပည္ေထာင္စုဝန္ႀကီး

ကာကြယ္ေရးဝန္ႀကီးဌာန

အမ်ိဳးသားညီၫြတ္ေရးအစိုးရ

ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္

အေၾကာင္းအရာ။ ။ တပ္ရင္းတရင္းစာလက္နက္တပ္ဆင္ေပးပါရန္တင္ျပျခင္းကိစၥ။

ကြၽႏ္ုပ္တို႔ႏိုင္ငံႏွင့္ျပည္သူလူထုဘဝအား အၾကမ္းဖက္စစ္အုပ္စု၏ အဓမၼလႊမ္းမိုးအုပ္ခ်ဳပ္မႈေအာက္မွလြတ္ေျမာက္ေရးအတြက္ (NUG) အစိုးရမဖြဲ႕မွီ ၂၀၂၁-ဧၿပီေႏွာင္းပိုင္းမွစ၍ ရရာလက္နက္ဆြဲကိုင္ကာ ယေန႔ထိတိုင္ တပ္ဖြဲ႕ဝင္ရဲေဘာ္မ်ား၏ အသက္ႏွင့္ ခႏၶာကိုယ္ ေျခ၊ လက္အဂ္ါမ်ားဆုံးရႈံးလိုက္ရသည္အထိ ႀကိဳးစားၿပီးတိုက္ပြဲဝင္ေတာ္လွန္ေနခဲ့သည္ကို ျပည္တြင္းျပည္ပရွိျမန္မာတိုင္းရင္းသားျပည္သူအားလုံး သိရွိၾကၿပီးျဖစ္ပါသည္။

(NUG) အစိုးရဖြဲ႕စည္းၿပီးေနာက္ ကာကြယ္ေရးဝန္ႀကီးဌာန (MOD) တြင္လည္းတပ္ရင္းတပ္ဖြဲ႕မ်ားစနစ္တက်ေပးသြင္း၍ အသိအမွတ္ျပဳပူးေပါင္းပါဝင္ခဲ့ၿပီးလည္း ျဖစ္ပါသည္။

ယခုအခ်ိန္တြင္ စစ္ေကာင္စီဘက္မွ ကြၽႏ္ုပ္တို႔ေဒသအား ဦးတည္၍ ေခ်မႈန္းႏိုင္ေရးထိုးစစ္ျပင္ဆင္စတင္ေနသည့္အေနအထားတခုအား ရင္ဆိုင္ေနရခ်ိန္လည္းျဖစ္ပါသည္။

သို႔ျဖစ္ပါ၍ ( 13.3.2022 ) ရက္ေန႔ ဝန္းႀကီးဦးရည္မြန္ႏွင့္ ကြၽႏ္ုပ္တို႔ေတြ႕ဆုံေဆြးေႏြးစဥ္က ( MRDA ) ၏စာရင္းသြင္းတပ္ရင္းမ်ားအားလုံးတပ္ဆင္ဖို႔ရန္မျဖစ္ႏိုင္ေသာ္လည္း တရင္းစာတပ္ဆင္ျခင္းကိုမူ ထိုေန႔မွစ၍တလအတြင္း တပ္ဆင္ေပးမည္ဟုကတိေပးထားသည့္အတိုင္း အျမန္ဆုံးတာဝန္ယူတပ္ဆင္ေပးပါရန္ ေလးစားစြာတင္ျပေတာင္းဆိုအပ္ပါသည္။

ရက္စြဲ။ ။ 8.5.2022

ဗိုလ္နဂါး

ျမန္ာ့ေတာ္ဝင္နဂါးတပ္ေတာ္

MYANMAR’S ROYAL DRAGON ARMY

သို့

ဦးရည်မွန်

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

အကြောင်းအရာ။ ။ တပ်ရင်းတရင်းစာလက်နက်တပ်ဆင်ပေးပါရန်တင်ပြခြင်းကိစ္စ။

ကျွန်ုပ်တို့နိုင်ငံနှင့်ပြည်သူလူထုဘဝအား အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မလွှမ်းမိုးအုပ်ချုပ်မှုအောက်မှလွတ်မြောက်ရေးအတွက် (NUG) အစိုးရမဖွဲ့မှီ ၂၀၂၁-ဧပြီနှောင်းပိုင်းမှစ၍ ရရာလက်နက်ဆွဲကိုင်ကာ ယနေ့ထိတိုင် တပ်ဖွဲ့ဝင်ရဲဘော်များ၏ အသက်နှင့် ခန္ဓာကိုယ် ခြေ၊ လက်အဂ်ါများဆုံးရှုံးလိုက်ရသည်အထိ ကြိုးစားပြီးတိုက်ပွဲဝင်တော်လှန်နေခဲ့သည်ကို ပြည်တွင်းပြည်ပရှိမြန်မာတိုင်းရင်းသားပြည်သူအားလုံး သိရှိကြပြီးဖြစ်ပါသည်။

(NUG) အစိုးရဖွဲ့စည်းပြီးနောက် ကာကွယ်ရေးဝန်ကြီးဌာန (MOD) တွင်လည်းတပ်ရင်းတပ်ဖွဲ့များစနစ်တကျပေးသွင်း၍ အသိအမှတ်ပြုပူးပေါင်းပါဝင်ခဲ့ပြီးလည်း ဖြစ်ပါသည်။

ယခုအချိန်တွင် စစ်ကောင်စီဘက်မှ ကျွန်ုပ်တို့ဒေသအား ဦးတည်၍ ချေမှုန်းနိုင်ရေးထိုးစစ်ပြင်ဆင်စတင်နေသည့်အနေအထားတခုအား ရင်ဆိုင်နေရချိန်လည်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ( 13.3.2022 ) ရက်နေ့ ဝန်းကြီးဦးရည်မွန်နှင့် ကျွန်ုပ်တို့တွေ့ဆုံဆွေးနွေးစဉ်က ( MRDA ) ၏စာရင်းသွင်းတပ်ရင်းများအားလုံးတပ်ဆင်ဖို့ရန်မဖြစ်နိုင်သော်လည်း တရင်းစာတပ်ဆင်ခြင်းကိုမူ ထိုနေ့မှစ၍တလအတွင်း တပ်ဆင်ပေးမည်ဟုကတိပေးထားသည့်အတိုင်း အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးပါရန် လေးစားစွာတင်ပြတောင်းဆိုအပ်ပါသည်။

ရက်စွဲ။ ။ 8.5.2022

ဗိုလ်နဂါး

မြန်ာ့တော်ဝင်နဂါးတပ်တော်

MYANMAR’S ROYAL DRAGON ARMY