Local News
အမှတ်(၄)ထုံခါအကျဉ်းစခန်းအား
တနင်္သာရီမြို့ရှိ ထုံခါအကျဉ်းစခန်းကို PDF ဝင်ရောက်စီးနင်းတိုက်ခိုက်
စစ်ကောင်စီတပ်သား သုံးဦးကျဆုံးပြီး လေးဦးဒဏ်ရာရ၊ PDF ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ရ
ရဲခေါင်/People’s Spring
တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ဆင်ဖြူရှင်(၄)ထုံခါအကျဉ်းစခန်းကို ယနေ့(မေ ၈ ရက်)နံနက် ၅နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မြိတ်ခရိုင် တပ်ရင်း(၂)၏တပ်ခွဲတစ်ခုမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း Tanintharyi Defense Force က ထုတ်ပြန်သည်။
စခန်းအားဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် ၂၀ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ သုံးဦး ကျဆုံး(အတည်ပြုနိုင်)၊ သုံးထိခိုက်(ကျဆုံးရန်အခြေနေရှိ) နှင့် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ပူးပေါင်းအဖွဲ့မှ တစ်ဦးကျဆုံးခဲ့ရသည်ဟု ဆိုသည်။
ထုံခါအကျဉ်းစခန်းသည် ရေဖြူစစ်ဗျူဟာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် အကျဉ်းစခန်းတစ်ခုဖြစ်သည်။
(ထုံခါအကျဉ်းစခန်းမှ အကျဉ်းသားအချို့အား ခေါ်ဆောင်နေသည်ကို တွေ့ရစဉ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်။)