Local News

ေနျပည္ေတာ္တြင္ ယခုလအတြင္း ေအာင္ျမင္သည့္လႈပ္ရွားမႈမ်ား ျမင္ေတြ႕ရေတာ့မည္ဟု ဖီးနစ္တို႔ဆို

ေနျပည္ေတာ္တြင္ ယခုလအတြင္း ေအာင္ျမင္သည့္လႈပ္ရွားမႈမ်ား ျမင္ေတြ႕ရေတာ့မည္ဟု ဖီးနစ္တို႔ဆို

May 8 By MPA 001

ေနျပည္ေတာ္တြင္ ယခုလအတြင္း ေအာင္ျမင္သည့္လႈပ္ရွားမႈမ်ား ျမင္ေတြ႕ရေတာ့မည္ဟု ဖီးနစ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ တာဝန္ခံ ဗိုလ္ေတဇကေျပာသည္။ဖီးနစ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ သည္ အၾကမ္းဖက္စစ္ေကာင္စီ၏ ေနာက္ဆုံးေျခကုပ္ေနရာျဖစ္သည့္ ေနျပည္ေတာ္ အေျခစိုက္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕တစ္ခုျဖစ္ၿပီး အၾကမ္းဖက္စစ္ေကာင္စီကို ေဖာက္ခြဲတိုက္ခိုက္သည့္ လႈပ္ရွားမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ဗိုလ္ေတဇက ေျပာသည္။

လတ္တေလာလႈပ္ရွားမႈေတြရွိတယ္။ခ်ျပဖို႔အဆင္မေျပေသးလို႔ အသိမခံခ်င္ေသးတာပါဟု ဖီးနစ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ တာဝန္ခံ ဗိုလ္ေတဇက ရွင္းျပသည္။ေနျပည္ေတာ္အေျခစိုက္ ဖီးနစ္ေျပာက္က်ားတပ္ဖြဲ႕အေနႏွင့္ လက္လုပ္ ေသနတ္ႏွင့္ မိုင္းမ်ားကို ကိုယ္တိုင္ျပဳလုပ္ေနရၿပီး ၄၀မမ ဗုံးသီးႏွင့္ အေျမႇာက္ဆံထည့္သည့္ ေလာင္ခ်ာငယ္ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္းႏွင့္ ထုတ္လုပ္မႈတြင္ မေတာ္တဆမႈမ်ားႏွင့္လည္း ႀကဳံေတြ႕ခဲ့ရသည္။

လက္လုပ္မိုင္းျပဳလုပ္ရင္း ဖီးနစ္ေျပာက္က်ားတပ္ဖြဲ႕မွ ဗိုလ္ယကၡလက္ဖဝါးကြဲေၾကသြားေၾကာင္းႏွင့္ ေဆးကုသမႈခံယူေနၿပီး သက္သာေၾကာင္း ဖီးနစ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ တာဝန္ခံ ဗိုလ္ေတဇက ရွင္းျပသည္။ေငြေၾကးမျပည့္စုံလို႔ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ၿခိဳးၿခံေခြၽတာၿပီးစမ္းသပ္ေနရတဲ့ဘဝဆိုေတာ့ေအာင္ျမင္မႈရဖို႔အတြက္ အသက္ေတြပါရင္းၿပီးႀကိဳးစားေနရပါတယ္။ေအာင္ျမင္သြားရင္လဲရလာမဲ့အႀကိဳးဆက္က ေတာ္လွန္ေရးအတြက္ဘယ္ေလာက္ေတာင္အက်ိဳးရွိလာမလဲ။

စဥ္းစားရင္းအခ်ိန္ကုန္မခံၾကပါနဲ႔က်ည္ဆံဆိုတာ ဝယ္လို႔လြယ္တဲ့အရာမဟုတ္ဘူး။ကြၽန္ေတာ္တို႔အသက္ေတြရင္းၿပီးႀကိဳးစားေနပါတယ္ဟု ဖီးနစ္ၿမိဳ႕ျပေျပာက္ၾကား အဖြဲ႕ ဗိုလ္ေတဇကရွင္းျပသည္။လက္ရွိမွာ ေနျပည္ေတာ္အေျခစိုက္ဖီးနစ္အေနႏွင့္ ေထာက္ပံ့မႈမ်ားစြာလိုအပ္ေနၿပီး လႈပ္ရွားမႈမ်ားလုပ္ေဆာင္ႏိုင္ေရးအတြက္ လက္နက္တပ္ဆင္ေရး အခန္းက႑သည္အဓိကျဖစ္တာေၾကာင့္ ေဒသခံျပည္သူမ်ားႏွင့္ ရပ္ေဝးရပ္နီးမွ ျပည္သူမ်ားအေနျဖင့္ ေထာက္ပံ့မႈမ်ားျပဳလုပ္ေပးၾကရန္ ဖီးနစ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ တာဝန္ခံ ဗိုလ္ေတဇက ေတာင္းဆိုခဲ့သည္။

ေနျပည္ေတာ္က တျခားၿမိဳ႕ေတြလိုမဟုတ္ေတာ့ လႈပ္ရခက္တယ္။ေနာက္တစ္ခု ေထာက္ပံ့မႈမရွိဘူး။တစ္လကို ႏွစ္သိန္း၊သုံးသိန္းနဲ႔ေတာင့္ခံေနရတာ။လႈပ္ရွားမႈဆိုတာထက္ လက္နက္တပ္ဆင္ေရးကိုဦးစားေပးေနတယ္ဟု ဖီးနစ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ သတင္းႏွင့္ျပန္ၾကားေရးတာဝန္ခံ ဗိုလ္ႏွင္းေမာင္ကေျပာသည္။

ၿပီးခဲ့သည့္ ေမလ ၇ရက်ေန႔က ေမာင္းျပန္ေသနတ္ ႏွစ္လက္ႏွင့္ ယမ္းေထာင္းလက္နက္ ၁၈ခု ထပ္မံတပ္ဆင္ႏိုင္ခဲ့ၿပီး ျပည္သူမ်ားလႉဒါန္းမႈမ်ားျပဳလုပ္ပါက လက္နက္အျပည့္အဝတပ္ဆင္ႏိုင္ၿပီး ဝမ္းသာစရာသတင္းမ်ားေဆာင္ယူေပးႏိုင္ေၾကာင္း ဖီးနစ္ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ မွ ကတိျပဳခဲ့သည္။

#ေနျပည္ေတာ္ #ဖီးလ္နစ္ #MPA

နေပြည်တော်တွင် ယခုလအတွင်း အောင်မြင်သည့်လှုပ်ရှားမှုများ မြင်တွေ့ရတော့မည်ဟု ဖီးနစ်တို့ဆို

May 8 By MPA 001

နေပြည်တော်တွင် ယခုလအတွင်း အောင်မြင်သည့်လှုပ်ရှားမှုများ မြင်တွေ့ရတော့မည်ဟု ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇကပြောသည်။ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ သည် အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံးခြေကုပ်နေရာဖြစ်သည့် နေပြည်တော် အခြေစိုက်မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဖောက်ခွဲတိုက်ခိုက်သည့် လှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ဗိုလ်တေဇက ပြောသည်။

လတ်တလောလှုပ်ရှားမှုတွေရှိတယ်။ချပြဖို့အဆင်မပြေသေးလို့ အသိမခံချင်သေးတာပါဟု ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇက ရှင်းပြသည်။နေပြည်တော်အခြေစိုက် ဖီးနစ်ပြောက်ကျားတပ်ဖွဲ့အနေနှင့် လက်လုပ် သေနတ်နှင့် မိုင်းများကို ကိုယ်တိုင်ပြုလုပ်နေရပြီး ၄၀မမ ဗုံးသီးနှင့် အမြှောက်ဆံထည့်သည့် လောင်ချာငယ်ထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့် ထုတ်လုပ်မှုတွင် မတော်တဆမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

လက်လုပ်မိုင်းပြုလုပ်ရင်း ဖီးနစ်ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်ယက္ခလက်ဖဝါးကွဲကြေသွားကြောင်းနှင့် ဆေးကုသမှုခံယူနေပြီး သက်သာကြောင်း ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇက ရှင်းပြသည်။ငွေကြေးမပြည့်စုံလို့ ချို့ချို့တဲ့တဲ့ ခြိုးခြံချွေတာပြီးစမ်းသပ်နေရတဲ့ဘဝဆိုတော့အောင်မြင်မှုရဖို့အတွက် အသက်တွေပါရင်းပြီးကြိုးစားနေရပါတယ်။အောင်မြင်သွားရင်လဲရလာမဲ့အကြိုးဆက်က တော်လှန်ရေးအတွက်ဘယ်လောက်တောင်အကျိုးရှိလာမလဲ။

စဉ်းစားရင်းအချိန်ကုန်မခံကြပါနဲ့ကျည်ဆံဆိုတာ ဝယ်လို့လွယ်တဲ့အရာမဟုတ်ဘူး။ကျွန်တော်တို့အသက်တွေရင်းပြီးကြိုးစားနေပါတယ်ဟု ဖီးနစ်မြို့ပြပြောက်ကြား အဖွဲ့ ဗိုလ်တေဇကရှင်းပြသည်။လက်ရှိမှာ နေပြည်တော်အခြေစိုက်ဖီးနစ်အနေနှင့် ထောက်ပံ့မှုများစွာလိုအပ်နေပြီး လှုပ်ရှားမှုများလုပ်ဆောင်နိုင်ရေးအတွက် လက်နက်တပ်ဆင်ရေး အခန်းကဏ္ဍသည်အဓိကဖြစ်တာကြောင့် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ပြည်သူများအနေဖြင့် ထောက်ပံ့မှုများပြုလုပ်ပေးကြရန် ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇက တောင်းဆိုခဲ့သည်။

နေပြည်တော်က တခြားမြို့တွေလိုမဟုတ်တော့ လှုပ်ရခက်တယ်။နောက်တစ်ခု ထောက်ပံ့မှုမရှိဘူး။တစ်လကို နှစ်သိန်း၊သုံးသိန်းနဲ့တောင့်ခံနေရတာ။လှုပ်ရှားမှုဆိုတာထက် လက်နက်တပ်ဆင်ရေးကိုဦးစားပေးနေတယ်ဟု ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်နှင်းမောင်ကပြောသည်။

ပြီးခဲ့သည့် မေလ ၇ရကျနေ့က မောင်းပြန်သေနတ် နှစ်လက်နှင့် ယမ်းထောင်းလက်နက် ၁၈ခု ထပ်မံတပ်ဆင်နိုင်ခဲ့ပြီး ပြည်သူများလှူဒါန်းမှုများပြုလုပ်ပါက လက်နက်အပြည့်အဝတပ်ဆင်နိုင်ပြီး ဝမ်းသာစရာသတင်းများဆောင်ယူပေးနိုင်ကြောင်း ဖီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ ကတိပြုခဲ့သည်။

#နေပြည်တော် #ဖီးလ်နစ် #MPA