Local News

အစ္ကို မွားပါၿပီကြယ္ . . .

အစ္ကို မွားပါၿပီကြယ္ . . .

ေန႔လယ္ထမင္းစားၿပီးေတာ့ အဘေစာမူး သာတို႔အိမ္ၿခံဝိုင္းဘက္ကို ေလွ်ာက္ခဲ့၏။ မန္က်ည္းရိပ္ေအာက္ကြပ္ပစ္ဘက္မွ သီခ်င္းသံမ်ားကို ၾကားရပါေလ၏။ သီခ်င္းေတြကား ‘ေႏွာင္းေခတ္ေတးမြန္’ ေတြဟု ဆိုရမည္လားမသိ။ နားစြဲခဲ့တာ ငယ္ငယ္ကတည္းက။

ကြပ္ပ်စ္ေပၚမွာ ကာရာအိုေက သီဆိုေနသူကား အဘေစာမူးသာမဟုတ္။ သူ၏ ငယ္ေပါင္းသူငယ္ခ်င္း အဘရစ္ခ်တ္ ျဖစ္ပါေလ၏။ သီခ်င္းကား ေဖႀကီးတို႔ႀကိဳက္ ႏွစ္သက္ခဲ့သည့္ေတးတစ္ပုဒ္ျဖစ္၏။ နန္းေတာ္ေရွ႕ ဆရာတင္၏ သီခ်င္းေကာင္း တစ္ပုဒ္ျဖစ္သည့္ ‘ ရန္ကုန္သူ’ ပါ။

အဘရစ္ခ်တ္ကလည္း အဘေစာမူးသာလိုပဲ အဆိုေကာင္းဗ်။ နရီစည္းဝါးလည္းပိုင္ အသံကလည္း ပီသ ၾကည္ျမဆိုေတာ့ နားေထာင္ရတာ အလြန္ကို အရသာေတြ႕တာေပါ့။ ေဖႀကီးလည္း ေပါင္ကို ပုတ္ကာ ပုတ္ကာ ေျခဖ်ားကို လႈပ္ကာ လႈပ္ကာနဲ႔ စည္းခ်က္လိုက္ ေနမိေတာ့တာခင္ဗ်။

အစက ျဖဴ ျဖဴ အစကေတာ့ ျဖဴ ျဖဴ ညိဳ သြား ၿပီ အသားေလး ညိဳသြားၿပီ အစ္ကို မွားပါၿပီကြယ္ ေခၚလာမိလို႔ . . .

အင္းယားေရ တစ္စည္ေလာက္ေတာ့ လိုခ်င္ပါတယ္ ဝယ္ခ်င္ပါသူေ႐ႊမန္းသူေတြ ေရေခၚခ်ိဳးမယ္ တစ္မ်ိဳးေနာ္လွေအာင္ မိုးေပၚက်သူ . . .

အင္းယားေရကိုယူ အင္းယားက ေရကိုယူမီးရထားနဲ႔တင္မလို႔ႀကံတယ္ တန္ဆာခက သုံးရာေလာက္ေတာ့ ယူမွာ ဧကံ

ႀကံႀကံဖန္ဖန္ ရန္ကုန္သူရယ္ ဘုရားဖူးသြားတဲ့ ရန္ကုန္သူရယ္ မႏၲေလးသြားလို႔ အသားမဲျပန္သတဲ့ ဆူ(ေ႐ႊဘို သနပ္ခါးတုံးမ်ား ရန္ကုန္လိမ္းဖို႔ ယူ ဘယ္လိုအသားမဲမဲ ဝါဝါညက္ညက္ ျဖဴ ) ၂

ပုဇြန္ေထာင္ ၾကည့္ျမင္တိုင္သူနဲ႔ မႏၲေလးၿမိဳ႕ေတာ္သူ ပုဇြန္ေထာင္ ၾကည့္ျမင္တိုင္သူနဲ႔ နန္းေတာ္ေရွ႕ရပ္သူ အိမ္ေတာ္ရာထီး ေစာင္းၾကရင္ျဖင့္ ေနပူခံေတာ့ေတာင္ ျဖဴ ႀကံႀကံဖန္ဖန္ ရန္ကုန္သူရယ္

မႏၲလာျမင့္တို႔ ရန္ကုန္သူရယ္ မႏၲေလးသြားလို႔ အသားမဲျပန္သတဲ့ တမူ ေတာၿမိဳင္ေျခ လမ္း ၿမိဳင္တန္းဂမူ ဘဲၾကား႐ိုက္လို႔ ျဖဴ ျဖဴ အသားထိေအာင္ ေနမခသူ အင္းယားေရ မခ်ိဳးဘဲ ဆတစ္ပိုး တိုးလို႔ ျဖဴ

ဆရာတင္ နန္းေတာ္ေရွ႕က အဟုတ္မွန္စြာ ထုတ္ျပန္ေရးသူ ေမပ်ိဳ ျဖဴ ရယ္ေလ ေ႐ႊဘိုသူတို႔ ယဥ္တာ ကမာၻမရွိတမူပညာရွိၾကရင္ျဖင့္ သိၾကပါတယ္ အမွန္ေတြးယူ . . . အိုး ဟို . . . ႀကံႀကံဖန္ဖန္ ရန္ကုန္သူ

ဘုရားဖူးသြားတဲ့ ရန္ကုန္သူရယ္ မႏၲေလးသြားလို႔ အသားမဲျပန္သတဲ့ ဆူ

“ေျဖာင္း ေျဖာင္း ေျဖာင္း ေျဖာင္း ေျဖာင္း” “ေကာင္းလိုက္တာ ရစ္ခ်တ္ရာ ”

အဘေစာမူးသာက လက္ခုပ္လက္ဝါးတီးကာ အားရပါးရ အားေပးပါသဗ်။ ၿပီးေတာ့ အဘရစ္ခ်တ္ဆီက မိုက္ကိုေတာင္းပါေလ၏။ သူလည္း ‘ အား ‘ ပါသြားပုံပါ ခင္ဗ်။

“ငါ . . ဘယ္သီခ်င္းေခြ ထည့္ေပးရမလဲ၊ ဘယ္သီခ်င္းဆိုမွာလဲ ေစာမူးသာ ”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . . . . ” အဘေစာမူးသာရဲ႕ အဲသည္ ” ဟဲဟဲ ဟဲ ဟဲ ” ထဲမွာ ‘အဓိပၸာယ္တစ္ခုခု’ ပါတတ္တယ္ဆိုတာ ႐ြာမွာလအေတာ္ၾကာၿပီျဖစ္တဲ့ေဖႀကီး သိေနပါတယ္ ခင္ဗ်။

“အဲသည္ ‘ရန္ကုန္သူ’ ပဲ ျပန္ေၾကာ့ကြာ” “ေဟ . . နင္က ငါ့လိုမ်ိဳး ဆိုႏိုင္လို႔လား”

“ဟား ဟား ဟား ဟား ဟား ဟား . . . သံစဥ္ေတာ့တူမယ္ . . . စာသားကေတာ့ တူမွာမဟုတ္ဘူး ရစ္ခ်တ္ရ ”
” အဘေစာမူးသာကေတာ့ ‘ ထြင္ ‘ ပါ့ ”

“ဟဲ ဟဲ ဟဲ ဟဲ . . လိုင္းေပၚမွာ ေတြ႕လို႔ ငါ စာသားေလးေတြ ကူးထားတာရွိသကြ၊ေတးေရးက ‘နန္းေတာ္ထက္ ဆရာမွတ္’ ဆိုပဲကြ ေဖႀကီးရ”

“သီခ်င္း ျပန္ဖြင့္ရေတာ့မွာလား မူးသာ”

“ဖြင့္ကြာ . . . . . . ”

အဘေစာမူးသာကား သီခ်င္း၏ေျခဆင္း လာေနခ်ိန္မွာ ေရေႏြးၾကမ္းခြက္ကို ေမာ့ခ်လိုက္ပါ၏။ ၿပီးေတာ့ အသက္ကို တဝႀကီး ရွဴပါ၏။ အပီ ဟစ္ေတာ့မည့္ပုံပါ။ ေျခဆင္းဆုံးေတာ့ အဆိုကို အရသာရွိ စြာ ဤသို႔ဤပုံ ၾကားရပါေလ၏ ခင္ဗ်ာ။

“အစက ၾကဴ ၾကဴ အစကေတာ့ ၾကဴ ၾကဴ ငိုသြားၿပီ

အေခါႀကီး ငိုသြားၿပီ အလႈိင္ မွားပါၿပီကြယ္ မသမာမိလို႔ . . .

အင္းယားေျမ တစ္ေပေလာက္ေတာ့ လိုခ်င္ပါတယ္ ဝယ္ခ်င္ပါသူ

ဒို႔တိုင္းဌာေန ျပည္သူအမ်ားကို အက်ိဳးေမွ်ာ္ရေအာင္ ႏႈိးေဆာ္ပါရေစ

အင္းယားေျမကိုယူ အင္းယားက ေျမကိုယူ

အေျပးအလႊားနဲ႔ ဝယ္ဖို႔ႀကံ႐ြယ္ ၾကဴ ၾကဴ လွဟာ ကုန္းစရာမရေအာင္ ငိုမွာ ဧကံ

ႀကံႀကံဖန္ဖန္ ျမန္ျပည္သူ PDF တို႔ ျမန္ျပည္သူရယ္

အေျပးကေလးသြားလို႔ စခန္းသိမ္းျပန္မတဲ့ သူ

(ေ႐ႊဘို စစ္ကိုင္းပြဲမ်ား ျမန္ျပည္သိမ္းဖို႔ ကူ ဘယ္လိုအင္အား တိုးတိုး ၿပိဳ ၿပိဳ ပ်က္ပ်က္ အူ ) ²

အရာေတာ္ ယင္းမာပင္နဲ႔ မန္းေလး ေက်ာက္ဆည္မက်န္ ကရင္နီ ေလးေကာ့နယ္နဲ႔ နမ့္ခမ္း ဗန္းေမာ္မက်န္

စတင္ဂါ ( ၂ ) လက္ ရလိုက္ရင္ျဖင့္ စိမ္းစိမ္းက်က္က်က္ အတူတူ

ႀကံႀကံဖန္ဖန္ ျမန္ျပည္သူ PDF တို႔ ျမန္ျပည္သူရယ္ အေျပးေလးသြားလို႔ စခန္းသိမ္းျပန္မတဲ့ . . . သူ “

ေဖႀကီး (ေလရွီး)

အစ်ကို မှားပါပြီကွယ် . . .

နေ့လယ်ထမင်းစားပြီးတော့ အဘစောမူး သာတို့အိမ်ခြံဝိုင်းဘက်ကို လျှောက်ခဲ့၏။ မန်ကျည်းရိပ်အောက်ကွပ်ပစ်ဘက်မှ သီချင်းသံများကို ကြားရပါလေ၏။ သီချင်းတွေကား ‘နှောင်းခေတ်တေးမွန်’ တွေဟု ဆိုရမည်လားမသိ။ နားစွဲခဲ့တာ ငယ်ငယ်ကတည်းက။

ကွပ်ပျစ်ပေါ်မှာ ကာရာအိုကေ သီဆိုနေသူကား အဘစောမူးသာမဟုတ်။ သူ၏ ငယ်ပေါင်းသူငယ်ချင်း အဘရစ်ချတ် ဖြစ်ပါလေ၏။ သီချင်းကား ဖေကြီးတို့ကြိုက် နှစ်သက်ခဲ့သည့်တေးတစ်ပုဒ်ဖြစ်၏။ နန်းတော်ရှေ့ ဆရာတင်၏ သီချင်းကောင်း တစ်ပုဒ်ဖြစ်သည့် ‘ ရန်ကုန်သူ’ ပါ။

အဘရစ်ချတ်ကလည်း အဘစောမူးသာလိုပဲ အဆိုကောင်းဗျ။ နရီစည်းဝါးလည်းပိုင် အသံကလည်း ပီသ ကြည်မြဆိုတော့ နားထောင်ရတာ အလွန်ကို အရသာတွေ့တာပေါ့။ ဖေကြီးလည်း ပေါင်ကို ပုတ်ကာ ပုတ်ကာ ခြေဖျားကို လှုပ်ကာ လှုပ်ကာနဲ့ စည်းချက်လိုက် နေမိတော့တာခင်ဗျ။

အစက ဖြူ ဖြူ အစကတော့ ဖြူ ဖြူ ညို သွား ပြီ အသားလေး ညိုသွားပြီ အစ်ကို မှားပါပြီကွယ် ခေါ်လာမိလို့ . . .

အင်းယားရေ တစ်စည်လောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါသူရွှေမန်းသူတွေ ရေခေါ်ချိုးမယ် တစ်မျိုးနော်လှအောင် မိုးပေါ်ကျသူ . . .

အင်းယားရေကိုယူ အင်းယားက ရေကိုယူမီးရထားနဲ့တင်မလို့ကြံတယ် တန်ဆာခက သုံးရာလောက်တော့ ယူမှာ ဧကံ

ကြံကြံဖန်ဖန် ရန်ကုန်သူရယ် ဘုရားဖူးသွားတဲ့ ရန်ကုန်သူရယ် မန္တလေးသွားလို့ အသားမဲပြန်သတဲ့ ဆူ(ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ ယူ ဘယ်လိုအသားမဲမဲ ဝါဝါညက်ညက် ဖြူ ) ၂

ပုဇွန်ထောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေးမြို့တော်သူ ပုဇွန်ထောင် ကြည့်မြင်တိုင်သူနဲ့ နန်းတော်ရှေ့ရပ်သူ အိမ်တော်ရာထီး စောင်းကြရင်ဖြင့် နေပူခံတော့တောင် ဖြူ ကြံကြံဖန်ဖန် ရန်ကုန်သူရယ်

မန္တလာမြင့်တို့ ရန်ကုန်သူရယ် မန္တလေးသွားလို့ အသားမဲပြန်သတဲ့ တမူ တောမြိုင်ခြေ လမ်း မြိုင်တန်းဂမူ ဘဲကြားရိုက်လို့ ဖြူ ဖြူ အသားထိအောင် နေမခသူ အင်းယားရေ မချိုးဘဲ ဆတစ်ပိုး တိုးလို့ ဖြူ

ဆရာတင် နန်းတော်ရှေ့က အဟုတ်မှန်စွာ ထုတ်ပြန်ရေးသူ မေပျို ဖြူ ရယ်လေ ရွှေဘိုသူတို့ ယဉ်တာ ကမ္ဘာမရှိတမူပညာရှိကြရင်ဖြင့် သိကြပါတယ် အမှန်တွေးယူ . . . အိုး ဟို . . . ကြံကြံဖန်ဖန် ရန်ကုန်သူ

ဘုရားဖူးသွားတဲ့ ရန်ကုန်သူရယ် မန္တလေးသွားလို့ အသားမဲပြန်သတဲ့ ဆူ

“ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း” “ကောင်းလိုက်တာ ရစ်ချတ်ရာ ”

အဘစောမူးသာက လက်ခုပ်လက်ဝါးတီးကာ အားရပါးရ အားပေးပါသဗျ။ ပြီးတော့ အဘရစ်ချတ်ဆီက မိုက်ကိုတောင်းပါလေ၏။ သူလည်း ‘ အား ‘ ပါသွားပုံပါ ခင်ဗျ။

“ငါ . . ဘယ်သီချင်းခွေ ထည့်ပေးရမလဲ၊ ဘယ်သီချင်းဆိုမှာလဲ စောမူးသာ ”

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . . . . ” အဘစောမူးသာရဲ့ အဲသည် ” ဟဲဟဲ ဟဲ ဟဲ ” ထဲမှာ ‘အဓိပ္ပာယ်တစ်ခုခု’ ပါတတ်တယ်ဆိုတာ ရွာမှာလအတော်ကြာပြီဖြစ်တဲ့ဖေကြီး သိနေပါတယ် ခင်ဗျ။

“အဲသည် ‘ရန်ကုန်သူ’ ပဲ ပြန်ကြော့ကွာ” “ဟေ . . နင်က ငါ့လိုမျိုး ဆိုနိုင်လို့လား”

“ဟား ဟား ဟား ဟား ဟား ဟား . . . သံစဉ်တော့တူမယ် . . . စာသားကတော့ တူမှာမဟုတ်ဘူး ရစ်ချတ်ရ ”
” အဘစောမူးသာကတော့ ‘ ထွင် ‘ ပါ့ ”

“ဟဲ ဟဲ ဟဲ ဟဲ . . လိုင်းပေါ်မှာ တွေ့လို့ ငါ စာသားလေးတွေ ကူးထားတာရှိသကွ၊တေးရေးက ‘နန်းတော်ထက် ဆရာမှတ်’ ဆိုပဲကွ ဖေကြီးရ”

“သီချင်း ပြန်ဖွင့်ရတော့မှာလား မူးသာ”

“ဖွင့်ကွာ . . . . . . ”

အဘစောမူးသာကား သီချင်း၏ခြေဆင်း လာနေချိန်မှာ ရေနွေးကြမ်းခွက်ကို မော့ချလိုက်ပါ၏။ ပြီးတော့ အသက်ကို တဝကြီး ရှူပါ၏။ အပီ ဟစ်တော့မည့်ပုံပါ။ ခြေဆင်းဆုံးတော့ အဆိုကို အရသာရှိ စွာ ဤသို့ဤပုံ ကြားရပါလေ၏ ခင်ဗျာ။

“အစက ကြူ ကြူ အစကတော့ ကြူ ကြူ ငိုသွားပြီ

အခေါကြီး ငိုသွားပြီ အလှိုင် မှားပါပြီကွယ် မသမာမိလို့ . . .

အင်းယားမြေ တစ်ပေလောက်တော့ လိုချင်ပါတယ် ဝယ်ချင်ပါသူ

ဒို့တိုင်းဌာနေ ပြည်သူအများကို အကျိုးမျှော်ရအောင် နှိုးဆော်ပါရစေ

အင်းယားမြေကိုယူ အင်းယားက မြေကိုယူ

အပြေးအလွှားနဲ့ ဝယ်ဖို့ကြံရွယ် ကြူ ကြူ လှဟာ ကုန်းစရာမရအောင် ငိုမှာ ဧကံ

ကြံကြံဖန်ဖန် မြန်ပြည်သူ PDF တို့ မြန်ပြည်သူရယ်

အပြေးကလေးသွားလို့ စခန်းသိမ်းပြန်မတဲ့ သူ

(ရွှေဘို စစ်ကိုင်းပွဲများ မြန်ပြည်သိမ်းဖို့ ကူ ဘယ်လိုအင်အား တိုးတိုး ပြို ပြို ပျက်ပျက် အူ ) ²

အရာတော် ယင်းမာပင်နဲ့ မန်းလေး ကျောက်ဆည်မကျန် ကရင်နီ လေးကော့နယ်နဲ့ နမ့်ခမ်း ဗန်းမော်မကျန်

စတင်ဂါ ( ၂ ) လက် ရလိုက်ရင်ဖြင့် စိမ်းစိမ်းကျက်ကျက် အတူတူ

ကြံကြံဖန်ဖန် မြန်ပြည်သူ PDF တို့ မြန်ပြည်သူရယ် အပြေးလေးသွားလို့ စခန်းသိမ်းပြန်မတဲ့ . . . သူ “

ဖေကြီး (လေရှီး)