Local News

အခ်ည္ေပါင္းေစ်းသည္ကို ေငြေပးမယ္ဆိုၿပီး စစ္တပ္ထဲ ဆြဲသြင္းခံရာက စစ္ သားျဖစ္လာသူ တပ္သားမ်ိဳးဝင္းကိုယ္တိုင္ ဖြင့္ဟဝန္ခံ

အခ်ည္ေပါင္းေစ်းသည္ကို ေငြေပးမယ္ဆိုၿပီး စစ္တပ္ထဲ ဆြဲသြင္းခံရာက စစ္ သားျဖစ္လာသူ တပ္သားမ်ိဳးဝင္းကိုယ္တိုင္ စစ္တပ္၏ မူးယစ္ေဆးဝါးသုံးစြဲမႈ၊ လူသတ္မႈ၊ ပစၥည္းခိုးလုယက္မႈမ်ား က်ဴးလြန္မႈမ်ားကို ႀကဳံရဟု ဖြင့္ဟဝန္ခံ

ရန္ကုန္၊ ေမ ၉

ကယားျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕ရွိ ဖ႐ူဆိုၿမိဳ႕မရဲစခန္းတြင္ တာဝန္ထမ္း​ေဆာင္​​ေနေသာ ခမရ(၄၂၈)တပ္၊ တပ္သား မ်ိဳးဝင္း အသက္(၂၅)ႏွစ္သည္ တပ္မွထြက္​ေျပးရင္း ျပည္သူ႔ကာကြယ္ေရးတပ္ -ဒီးေမာ့ဆို(DMO- PDF)တပ္ဖြဲ႕ ဗ်ဴဟာ ၃ မွ C၊ D၊ E တပ္ရင္းတပ္ခြဲအခ်ိဳ႕ႏွင့္ အလယ္ပိုင္းတိုင္း ၁၁၀၂ တပ္ရင္းတို႔ပူး​ေပါင္းကာ နယ္​ေျမရွင္းလင္း​​ေရးျပဳလုပ္​ေနစဥ္ ​၂၀၂၂ခုႏွစ္၊ ေမလ(၁)​ေန႔တြင္ ဖမ္းဆီးရမိခဲ့သည္။

တပ္သား မ်ိဳးဝင္းသည္တပ္ထဲတြင္ (၁)ႏွစ္ ​ေက်ာ္ထိတာဝန္ထမ္း​ေဆာင္ခဲ့​ၿပီး အရာရွိညႇဥ္းပန္းႏွိပ္စက္ဒဏ္မခံႏိုင္မႈ​ေၾကာင့္ ၂၀၂၂ခုႏွစ္၊ဧၿပီလ(၃၀)ရက္​ေန႔တြင္ ထြက္​ေျပးလာ၍ တစ္ညအိပ္ကာ ​ေမလ(၁)ရက္​ ေန႔လည္အခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ရာ စစ္တပ္အတြင္း ၎ ႀကဳံေတြ႕ရသည့္ အေျခအေနမ်ားကို ျပည္သူမ်ားသို႔ ထုတ္ေဖာ္ေျပာဆိုသည္။

အခ်ည္ေပါင္းေစ်းသည္ကို ေငြေပးမယ္ဆိုၿပီး စစ္တပ္ထဲ ဆြဲသြင္းခံရာက စစ္သားျဖစ္လာသူ တပ္သားမ်ိဳးဝင္း စစ္တပ္အတြင္း မူးယစ္ေဆးဝါးသုံးစြဲမႈ၊ လူသတ္မႈ၊ ပစၥည္းခိုးလုယက္မႈမ်ား က်ဴးလြန္မႈမ်ားကို ကိုယ္တိုင္ႀကဳံရဟု ဖြင့္ဟဝန္ခံသည္။

တပ္သားမ်ိဳးဝင္း၏ ဖြင့္ဟဝန္ခံခ်က္မ်ား

ကြၽန္ေတာ္ တြံေတးၿမိဳ႕နယ္ ဧရာဝတီတိုင္း ၿမိဳ႕နယ္ ေက်း႐ြာသား တစ္ဦးပါ မ်ိဳးဝင္းပါ ကြၽန္ေတာ္ အခ်ဥ္ေပါင္းေရာင္းပါတယ္။ ရန္ကုန္ထဲမွာ ေ႐ႊျပည္သာထဲမွာ အခ်ဥ္ေပါင္းေရာင္းရင္းနဲ႔ ဗိုလ္ႀကီးတစ္ေယာက္နဲ႔ေတြ႕ပါတယ္။ ဗိုလ္ႀကီး ေဝၿဖိဳးေအာင္က ပိုက္ဆံအမ်ားႀကီး မင္းရတဲ့ ေနရာလိုခ်င္တာ မင္းလိုက္ခဲ့ ငါပိုက္ဆံအမ်ားႀကီးေပးမယ္ ဆိုလို႔ ကြၽန္ေတာ္ လိုက္ခဲ့ပါတယ္။

ဗိုလ္ႀကီးနဲ႔ လိုက္ခဲ့ေတာ့ ဗိုလ္ႀကီးက အိမ္ကို ပိုက္ဆံ ၁ သိန္းေပးပါတယ္။ ၁ သိန္းေပးလား မေပးလားေတာ့ ကြၽန္ေတာ္လည္း မသိပါဘူး။ ေပးတယ္လို႔ေတာ့ ကြၽန္ေတာ္ အသံၾကားပါတယ္။ ကြၽန္ေတာ္ၿပီးေတာ့ သူနဲ႔ အတူတူေနပါတယ္။ ေနာက္ေန႔က်ေတာ့ တစ္လျပည့္ေတာ့ စုေဆာင္းေရး ၁ ကို ပို႔ပါတယ္။ ရန္ကုန္ စုေဆာင္းေရးမွာ ကြၽန္ေတာ္ ၁ လ ေနခဲ့ပါတယ္။ ေနခဲ့ၿပီးေရာ ကြၽန္ေတာ္ ပင္ေလာင္းကို ေရာက္ပါတယ္။ ပင္ေလာင္းမွာ သင္တန္း တက္ရမယ္ဆိုၿပီး ေဆးေအာင္တဲ့လည္း ေအာင္ေကာ ကြၽန္ေတာ္ သင္တန္းတက္ပါတယ္။ ၆ လ သင္တန္းတက္ပါတယ္။

၆ လသင္တန္းတက္ၿပီးေတာ့ ၇ လပိုင္း ၂ ရက္ေန႔မွာ ေက်ာင္းဆင္းၿပီးေတာ့ ကြၽန္ေတာ္ ဖားေဆာင္း ေဘာလခဲ ဆိုတဲ့ ၁၂၇ ဆိုတဲ့ တပ္ကို ကြၽန္ေတာ္ ေရာက္ပါတယ္။ ေရာက္လည္း ေရာက္ေကာ ကြၽန္ေတာ့္ကို ဗိုလ္တဲမွာထားပါတယ္။ ၁၀ ရက္ေလာက္ ကြၽန္ေတာ့္ကို ထားပါတယ္။ ထားလည္းထားၿပီးေရာ ၁၀ ရက္လည္း ျပည့္ေကာ မင္းတို႔ ရဲစခန္း change ဖို႔ပါတယ္။ အသင့္ျပင္ထားလို႔ ကြၽန္ေတာ္တို႔ကို ေျပာပါတယ္။ ကြၽန္ေတာ္တို႔ ရဲစခန္းသြားရမယ္။ ဒီေမာ့ဆို ရဲစခန္းကို သြားရမယ္လို႔ေျပာပါတယ္။

သြားၿပီးေတာ့ ရဲစခန္းမွာေနရမယ္ လို႔ေျပာပါတယ္။ ရဲစခန္းမွာ ေနပါတယ္။ ကြၽန္ေတာ္က ထမင္းခ်က္ တာဝန္နဲ႔ေနပါတယ္။ ဘယ္မွလည္း မလိုက္ရပါဘူး။ ေခၚလည္း မေခၚပါဘူး။ ထမင္းခ်က္နဲ႔ တာဝန္နဲ႔ပဲ ေနေနရပါတယ္။ တကယ္လို႔ တိုက္ပြဲေတြ ဘာေတြ ျဖစ္ရင္ေတာင္မွ ဘန္ကာထဲမွာ ပုန္းေနရပါတယ္။ ကြၽန္ေတာ့္ကို ဘာမွလည္း မလုပ္ခိုင္းပါဘူး။ ၿပီးေတာ့ ယူနီေဖာင္းေတြလည္း ကြၽန္ေတာ့္ကို ေလွ်ာ္ခိုင္းပါတယ္။

ကြၽန္ေတာ့္ကို ထုလည္း ထုပါတယ္။ ႐ိုက္လည္း ႐ိုက္ပါတယ္။ ႏွိပ္လည္း ႏွိပ္စက္ပါတယ္ ကြၽန္ေတာ့္ကို အဲလို ႏွိပ္စက္လို႔ ထြက္​ေျပးလာပါတယ္။ ထြက္ေျပးလာၿပီးေတာ့ လမ္းမွာ တစ္ည အိပ္ခဲ့ပါတယ္။ ၿပီးလည္းၿပီးေရာ အကိုတို႔နဲ႔ ေတြ႕ပါတယ္။ အကိုယ္တို႔နဲ႔ ေတြ႕ၿပီးေတာ့ ဘယ္သြားမလို႔လဲ ဘာညာေမးၿပီးေတာ့ ကြၽန္ေတာ္လည္း သူတို႔နဲ႔ လိုက္ခဲ့ပါတယ္။ သူတို႔က ကြၽန္ေတာ့္ကို ဖမ္းထားတာ မဟုတ္ပါဘူး။ ကြၽန္ေတာ့္ကို ထိန္းထားတာပါ ကြၽန္ေတာ့္ကို ေခၚလာတာပါ။ ေခၚလည္း ေခၚလာေကာ ကြၽန္ေတာ့္ကို ဒီစခန္းကို ပို႔ပါတယ္။

ဒီစခန္းမွာ ကြၽန္ေတာ္တို႔ ညီအကိုလိုပဲ ေနက်ပါတယ္။ ေကာင္း​ေကာင္းမြန္မြန္နဲ႔ ေနက်ပါတယ္။ ထမင္းလည္းစားရပါတယ္။ ထမင္းလည္း ေကာင္းေကာင္းမြန္မြန္ ေကြၽးပါတယ္။ ကြၽန္ေတာ္တို႔ ထမင္းငတ္တဲ့ေန႔ မရွိဘူး။ ထမင္းပုံမွန္ေကြၽးပါတယ္။ ေကာင္းေကာင္းမြန္မြန္နဲ႔ ညီအကိုလို ဆက္ဆံပါတယ္။ ကြၽန္ေတာ္ ရဲစခန္းမွာေနရတဲ့ အတိုင္းအတာနဲ႔ ဒီကဟာကို ယွဥ္ၾကည့္ရင္ ကြာပါတယ္ အမ်ားႀကီး ကြၽန္ေတာ္ ရဲစခန္းမွာက်ေတာ့ ထမင္းစားဖို႔ အေရး အ႐ိုက္ခံရတယ္ အဆူခံရတယ္။ အထိုးခံရတယ္။

ဒီမွာက်ေတာ့ ကြၽန္ေတာ့္ကို ညီလို အကိုလိုထားတာ ညီကို စိတ္ဓာတ္လိုပဲထားတယ္။ မ႐ိုက္လည္း မ႐ိုက္ပါဘူး။ ထိုးလည္း မထိုးပါဘူး။ ေကာင္းေကာင္း မြန္မြန္နဲ႔ပဲ ကြၽန္ေတာ္တို႔ကို ဆက္ဆံပါတယ္။ ညီကို ေမာင္ႏွမလိုပဲ သေဘာထားၿပီးေတာ့ စစ္တပ္မွာက်ေတာ့ အခ်ိန္မေ႐ြး လက္နက္ႀကီးေတြ ပစ္တယ္။ ၿပီးရင္ ၾကက္ေတြပစ္တယ္။ ၿပီးရင္ အဲက ေတြ႕တဲ့ ပစၥည္းေတြ ယူလာတယ္။ ၿပီးရင္ ခြဲယူက်တယ္ သူတို႔ေတြ ကြၽန္ေတာ့္ကိုက်ေတာ့ သူတို႔ မလိုခ်င္တဲ့ဟာမွ ကြၽန္ေတာ့္ကို ေပးတယ္။ သူတို႔ လိုခ်င္တဲ့ဟာဆို ကြၽန္ေတာ့္ဆို မေပးဘူး။

အဲ့ပစၥည္းေတြလည္း ကြၽန္ေတာ္ တစ္ခုမွ မယူလာပါဘူး။ ရဲစခန္းမွာပဲ ထားခဲ့တာပါ အကုန္လုံး ဘာမွ မယူပါဘူး။ ၆၆ အဖြဲ႕တို႔ ကြၽန္ေတာ္ သတင္းမွာၾကားတာ မဟုတ္ဘူး။ ကြၽန္ေတာ္ လက္ေတြ႕ေတြ႕တာပါ။ မီးရႈိ႕တယ္။ အိမ္ေတြကို မီးရႈိ႕တယ္ ကားထဲမွာ အလုံပိတ္ၿပီး မီးရႈိ႕သတ္တယ္ဆိုတာလည္း ကြၽန္ေတာ္ၾကားပါတယ္။ ကြၽန္ေတာ္တို႔ တပ္ထဲမွာလည္း မူးယစ္ ေဆးဝါးေတြ သုံးစြဲပါတယ္။ သုံးတာလည္း ေတြ႕ပါတယ္။ အဲလိုမ်ိဳးေတြ႕ပါတယ္။ ေတြ႕ လည္းေတြ႕ေကာ ကြၽန္ေတာ္ ဒီကိုေရာက္တဲ့အထိ ေကာင္းေကာင္းမြန္မြန္ အကိုေတြက ကြၽန္ေတာ့္ကို ေခၚထားပါတယ္။

ဘာမွလည္း မခိုင္းပါဘူး။ ကြၽန္ေတာ့္ကို ဒီအတိုင္း ေအးေအးေဆးေဆးပဲ ေနခိုင္းပါတယ္။ ထမင္းလည္း ေကြၽးထားပါတယ္။ ဒီမွာ ကြၽန္ေတာ့္ အဖြဲ႕ရဲ႕ အားလုံးေပါင္း ၅ေယာက္ရွိပါတယ္။ ေကာင္းေကာင္း မြန္မြန္ပဲ ညီကိုေမာင္ႏွမလို ျပဳစုေစာင့္ေရွာက္ထားပါတယ္။ ညီကို ေမာင္ႏွမလို႔ပဲထားပါတယ္။ ဒီပစၥည္းေတြ လမ္းမွာေတြ႕လို႔ဆိုၿပီး အိမ္ေတြကေန ကြၽန္ေတာ္ ယူခဲ့ပါတယ္။ တစ္ည အိပ္ခဲ့တဲ့ အိပ္ကေကာ ရဲစခန္းေဘးက အိမ္ကေကာ ကြၽန္ေတာ္ယူခဲ့ပါတယ္ ဒီပစၥည္းေတြ မွန္ပါတယ္ ကြၽန္ေတာ္ယူခဲ့ပါတယ္။

ကြၽန္ေတာ္ယူခဲ့တာ ခိုးတာနဲ႔ တူတူပါပဲ မွန္ပါတယ္ ကြၽန္ေတာ္ ခိုးခဲ့ပါတယ္။ ကြၽန္ေတာ္ ဝန္ခံပါတယ္။ အဲပစၥည္းေတြ အတြက္ကို အကုန္လုံးကိုေကာ ျပည္သူလာထုကိုေကာ ကြၽန္ေတာ့္ကို ထမင္းေကြၽးထားတဲ့ ထမင္းရွင္ေကာ ကြၽန္ေတာ္ ျပည္သူလူထုကိုေကာ အကုန္လုံးေတာင္းပန္းပါတယ္လို႔ ကြၽန္ေတာ့္ကို ခြင့္လႊတ္ေပးက်ပါလို႔ ကြၽန္ေတာ္ လက္ဆယ္ျဖာ ထိပ္မွာမိုးၿပီးေတာ့ အကုန္လုံးကို ရွစ္ခိုးေတာင္းပန္ပါတယ္။ ကြၽန္ေတာ့္ကို တတ္ႏိုင္သေလာက္ ခြင့္လွစ္ေပးပါလို႔ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။

အချည်ပေါင်းဈေးသည်ကို ငွေပေးမယ်ဆိုပြီး စစ်တပ်ထဲ ဆွဲသွင်းခံရာက စစ် သားဖြစ်လာသူ တပ်သားမျိုးဝင်းကိုယ်တိုင် စစ်တပ်၏ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူသတ်မှု၊ ပစ္စည်းခိုးလုယက်မှုများ ကျူးလွန်မှုများကို ကြုံရဟု ဖွင့်ဟဝန်ခံ

ရန်ကုန်၊ မေ ၉

ကယားပြည်နယ်၊ ဖရူဆိုမြို့ရှိ ဖရူဆိုမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ခမရ(၄၂၈)တပ်၊ တပ်သား မျိုးဝင်း အသက်(၂၅)နှစ်သည် တပ်မှထွက်ပြေးရင်း ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို(DMO- PDF)တပ်ဖွဲ့ ဗျူဟာ ၃ မှ C၊ D၊ E တပ်ရင်းတပ်ခွဲအချို့နှင့် အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတို့ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် ၂၀၂၂ခုနှစ်၊ မေလ(၁)နေ့တွင် ဖမ်းဆီးရမိခဲ့သည်။

တပ်သား မျိုးဝင်းသည်တပ်ထဲတွင် (၁)နှစ် ကျော်ထိတာဝန်ထမ်းဆောင်ခဲ့ပြီး အရာရှိညှဉ်းပန်းနှိပ်စက်ဒဏ်မခံနိုင်မှုကြောင့် ၂၀၂၂ခုနှစ်၊ဧပြီလ(၃၀)ရက်နေ့တွင် ထွက်ပြေးလာ၍ တစ်ညအိပ်ကာ မေလ(၁)ရက် နေ့လည်အချိန်တွင် ဖမ်းဆီးရမိခဲ့ရာ စစ်တပ်အတွင်း ၎င်း ကြုံတွေ့ရသည့် အခြေအနေများကို ပြည်သူများသို့ ထုတ်ဖော်ပြောဆိုသည်။

အချည်ပေါင်းဈေးသည်ကို ငွေပေးမယ်ဆိုပြီး စစ်တပ်ထဲ ဆွဲသွင်းခံရာက စစ်သားဖြစ်လာသူ တပ်သားမျိုးဝင်း စစ်တပ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူသတ်မှု၊ ပစ္စည်းခိုးလုယက်မှုများ ကျူးလွန်မှုများကို ကိုယ်တိုင်ကြုံရဟု ဖွင့်ဟဝန်ခံသည်။

တပ်သားမျိုးဝင်း၏ ဖွင့်ဟဝန်ခံချက်များ

ကျွန်တော် တွံတေးမြို့နယ် ဧရာဝတီတိုင်း မြို့နယ် ကျေးရွာသား တစ်ဦးပါ မျိုးဝင်းပါ ကျွန်တော် အချဉ်ပေါင်းရောင်းပါတယ်။ ရန်ကုန်ထဲမှာ ရွှေပြည်သာထဲမှာ အချဉ်ပေါင်းရောင်းရင်းနဲ့ ဗိုလ်ကြီးတစ်ယောက်နဲ့တွေ့ပါတယ်။ ဗိုလ်ကြီး ဝေဖြိုးအောင်က ပိုက်ဆံအများကြီး မင်းရတဲ့ နေရာလိုချင်တာ မင်းလိုက်ခဲ့ ငါပိုက်ဆံအများကြီးပေးမယ် ဆိုလို့ ကျွန်တော် လိုက်ခဲ့ပါတယ်။

ဗိုလ်ကြီးနဲ့ လိုက်ခဲ့တော့ ဗိုလ်ကြီးက အိမ်ကို ပိုက်ဆံ ၁ သိန်းပေးပါတယ်။ ၁ သိန်းပေးလား မပေးလားတော့ ကျွန်တော်လည်း မသိပါဘူး။ ပေးတယ်လို့တော့ ကျွန်တော် အသံကြားပါတယ်။ ကျွန်တော်ပြီးတော့ သူနဲ့ အတူတူနေပါတယ်။ နောက်နေ့ကျတော့ တစ်လပြည့်တော့ စုဆောင်းရေး ၁ ကို ပို့ပါတယ်။ ရန်ကုန် စုဆောင်းရေးမှာ ကျွန်တော် ၁ လ နေခဲ့ပါတယ်။ နေခဲ့ပြီးရော ကျွန်တော် ပင်လောင်းကို ရောက်ပါတယ်။ ပင်လောင်းမှာ သင်တန်း တက်ရမယ်ဆိုပြီး ဆေးအောင်တဲ့လည်း အောင်ကော ကျွန်တော် သင်တန်းတက်ပါတယ်။ ၆ လ သင်တန်းတက်ပါတယ်။

၆ လသင်တန်းတက်ပြီးတော့ ၇ လပိုင်း ၂ ရက်နေ့မှာ ကျောင်းဆင်းပြီးတော့ ကျွန်တော် ဖားဆောင်း ဘောလခဲ ဆိုတဲ့ ၁၂၇ ဆိုတဲ့ တပ်ကို ကျွန်တော် ရောက်ပါတယ်။ ရောက်လည်း ရောက်ကော ကျွန်တော့်ကို ဗိုလ်တဲမှာထားပါတယ်။ ၁၀ ရက်လောက် ကျွန်တော့်ကို ထားပါတယ်။ ထားလည်းထားပြီးရော ၁၀ ရက်လည်း ပြည့်ကော မင်းတို့ ရဲစခန်း change ဖို့ပါတယ်။ အသင့်ပြင်ထားလို့ ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့ ရဲစခန်းသွားရမယ်။ ဒီမော့ဆို ရဲစခန်းကို သွားရမယ်လို့ပြောပါတယ်။

သွားပြီးတော့ ရဲစခန်းမှာနေရမယ် လို့ပြောပါတယ်။ ရဲစခန်းမှာ နေပါတယ်။ ကျွန်တော်က ထမင်းချက် တာဝန်နဲ့နေပါတယ်။ ဘယ်မှလည်း မလိုက်ရပါဘူး။ ခေါ်လည်း မခေါ်ပါဘူး။ ထမင်းချက်နဲ့ တာဝန်နဲ့ပဲ နေနေရပါတယ်။ တကယ်လို့ တိုက်ပွဲတွေ ဘာတွေ ဖြစ်ရင်တောင်မှ ဘန်ကာထဲမှာ ပုန်းနေရပါတယ်။ ကျွန်တော့်ကို ဘာမှလည်း မလုပ်ခိုင်းပါဘူး။ ပြီးတော့ ယူနီဖောင်းတွေလည်း ကျွန်တော့်ကို လျှော်ခိုင်းပါတယ်။

ကျွန်တော့်ကို ထုလည်း ထုပါတယ်။ ရိုက်လည်း ရိုက်ပါတယ်။ နှိပ်လည်း နှိပ်စက်ပါတယ် ကျွန်တော့်ကို အဲလို နှိပ်စက်လို့ ထွက်ပြေးလာပါတယ်။ ထွက်ပြေးလာပြီးတော့ လမ်းမှာ တစ်ည အိပ်ခဲ့ပါတယ်။ ပြီးလည်းပြီးရော အကိုတို့နဲ့ တွေ့ပါတယ်။ အကိုယ်တို့နဲ့ တွေ့ပြီးတော့ ဘယ်သွားမလို့လဲ ဘာညာမေးပြီးတော့ ကျွန်တော်လည်း သူတို့နဲ့ လိုက်ခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို ဖမ်းထားတာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ထိန်းထားတာပါ ကျွန်တော့်ကို ခေါ်လာတာပါ။ ခေါ်လည်း ခေါ်လာကော ကျွန်တော့်ကို ဒီစခန်းကို ပို့ပါတယ်။

ဒီစခန်းမှာ ကျွန်တော်တို့ ညီအကိုလိုပဲ နေကျပါတယ်။ ကောင်းကောင်းမွန်မွန်နဲ့ နေကျပါတယ်။ ထမင်းလည်းစားရပါတယ်။ ထမင်းလည်း ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ကျွန်တော်တို့ ထမင်းငတ်တဲ့နေ့ မရှိဘူး။ ထမင်းပုံမှန်ကျွေးပါတယ်။ ကောင်းကောင်းမွန်မွန်နဲ့ ညီအကိုလို ဆက်ဆံပါတယ်။ ကျွန်တော် ရဲစခန်းမှာနေရတဲ့ အတိုင်းအတာနဲ့ ဒီကဟာကို ယှဉ်ကြည့်ရင် ကွာပါတယ် အများကြီး ကျွန်တော် ရဲစခန်းမှာကျတော့ ထမင်းစားဖို့ အရေး အရိုက်ခံရတယ် အဆူခံရတယ်။ အထိုးခံရတယ်။

ဒီမှာကျတော့ ကျွန်တော့်ကို ညီလို အကိုလိုထားတာ ညီကို စိတ်ဓာတ်လိုပဲထားတယ်။ မရိုက်လည်း မရိုက်ပါဘူး။ ထိုးလည်း မထိုးပါဘူး။ ကောင်းကောင်း မွန်မွန်နဲ့ပဲ ကျွန်တော်တို့ကို ဆက်ဆံပါတယ်။ ညီကို မောင်နှမလိုပဲ သဘောထားပြီးတော့ စစ်တပ်မှာကျတော့ အချိန်မရွေး လက်နက်ကြီးတွေ ပစ်တယ်။ ပြီးရင် ကြက်တွေပစ်တယ်။ ပြီးရင် အဲက တွေ့တဲ့ ပစ္စည်းတွေ ယူလာတယ်။ ပြီးရင် ခွဲယူကျတယ် သူတို့တွေ ကျွန်တော့်ကိုကျတော့ သူတို့ မလိုချင်တဲ့ဟာမှ ကျွန်တော့်ကို ပေးတယ်။ သူတို့ လိုချင်တဲ့ဟာဆို ကျွန်တော့်ဆို မပေးဘူး။

အဲ့ပစ္စည်းတွေလည်း ကျွန်တော် တစ်ခုမှ မယူလာပါဘူး။ ရဲစခန်းမှာပဲ ထားခဲ့တာပါ အကုန်လုံး ဘာမှ မယူပါဘူး။ ၆၆ အဖွဲ့တို့ ကျွန်တော် သတင်းမှာကြားတာ မဟုတ်ဘူး။ ကျွန်တော် လက်တွေ့တွေ့တာပါ။ မီးရှို့တယ်။ အိမ်တွေကို မီးရှို့တယ် ကားထဲမှာ အလုံပိတ်ပြီး မီးရှို့သတ်တယ်ဆိုတာလည်း ကျွန်တော်ကြားပါတယ်။ ကျွန်တော်တို့ တပ်ထဲမှာလည်း မူးယစ် ဆေးဝါးတွေ သုံးစွဲပါတယ်။ သုံးတာလည်း တွေ့ပါတယ်။ အဲလိုမျိုးတွေ့ပါတယ်။ တွေ့ လည်းတွေ့ကော ကျွန်တော် ဒီကိုရောက်တဲ့အထိ ကောင်းကောင်းမွန်မွန် အကိုတွေက ကျွန်တော့်ကို ခေါ်ထားပါတယ်။

ဘာမှလည်း မခိုင်းပါဘူး။ ကျွန်တော့်ကို ဒီအတိုင်း အေးအေးဆေးဆေးပဲ နေခိုင်းပါတယ်။ ထမင်းလည်း ကျွေးထားပါတယ်။ ဒီမှာ ကျွန်တော့် အဖွဲ့ရဲ့ အားလုံးပေါင်း ၅ယောက်ရှိပါတယ်။ ကောင်းကောင်း မွန်မွန်ပဲ ညီကိုမောင်နှမလို ပြုစုစောင့်ရှောက်ထားပါတယ်။ ညီကို မောင်နှမလို့ပဲထားပါတယ်။ ဒီပစ္စည်းတွေ လမ်းမှာတွေ့လို့ဆိုပြီး အိမ်တွေကနေ ကျွန်တော် ယူခဲ့ပါတယ်။ တစ်ည အိပ်ခဲ့တဲ့ အိပ်ကကော ရဲစခန်းဘေးက အိမ်ကကော ကျွန်တော်ယူခဲ့ပါတယ် ဒီပစ္စည်းတွေ မှန်ပါတယ် ကျွန်တော်ယူခဲ့ပါတယ်။

ကျွန်တော်ယူခဲ့တာ ခိုးတာနဲ့ တူတူပါပဲ မှန်ပါတယ် ကျွန်တော် ခိုးခဲ့ပါတယ်။ ကျွန်တော် ဝန်ခံပါတယ်။ အဲပစ္စည်းတွေ အတွက်ကို အကုန်လုံးကိုကော ပြည်သူလာထုကိုကော ကျွန်တော့်ကို ထမင်းကျွေးထားတဲ့ ထမင်းရှင်ကော ကျွန်တော် ပြည်သူလူထုကိုကော အကုန်လုံးတောင်းပန်းပါတယ်လို့ ကျွန်တော့်ကို ခွင့်လွှတ်ပေးကျပါလို့ ကျွန်တော် လက်ဆယ်ဖြာ ထိပ်မှာမိုးပြီးတော့ အကုန်လုံးကို ရှစ်ခိုးတောင်းပန်ပါတယ်။ ကျွန်တော့်ကို တတ်နိုင်သလောက် ခွင့်လှစ်ပေးပါလို့ ကျွန်တော် တောင်းပန်ပါတယ်။