Local News

ကြိတ်ထားနော် သူရဲကောင်းတွေ


MFP ၊ မေ-၉



“ကားနှစ်စီးဖြင့် ထွက်လာသော အကြမ်းဖက် မုဒိန်းတပ်မှ စစ်ခွေးမိစ္ဆာများကို အဆင့်မြှင့်ထားသော ခွေးသေ မိုင်များဖြင့် ဧည့်ခံလိုက်ရာ အကြမ်းဖက် စစ်တပ်မှ စစ်ခွေး (၁၅)အထက် ငရဲပြည်သို့ ပို့ပေးနိုင်ခဲ့ပါသည်။




မုံရွာနှင့် ဘုတလင်ကြားမှာ စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၊ စစ်အုပ်စု အသေအပျောက်များဟုဆို၊

MFP ၊ မေ-၉

မုံရွာမြို့ နမခ (အနောက်မြောက် တိုင်းစစ်ဌာနချုပ်) ဝင်းထဲကနေ ဘုတလင်ဘက် ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကားနှစ်စီးကို မနေ့က နေ့လယ်ပိုင်းအချိန် မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စကစ (၁၅)ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ ချိုမိုင်မိုင် ယင်းမာပင် – ကနီ တပ်ပေါင်းစုက သတင်း ထုတ်ပြန်ပါတယ်။

မနေ့က မေ(၈)ရက် နေ့လယ်(၂)နာရီခွဲလောက်က အကြမ်းဖက် စစ်အုပ်စု အင်အား (၇၀)လောက်ပါတဲ့ စစ်ကားနှစ်စီးကို မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြား ဇီးတောရွာ တန်ပိုဂိတ် တောင်ဘက်အနီးမှာ ချိုမိုင်မိုင် ယင်းမာပင် – ကနီ တပ်ပေါင်းစု၊ DGF (Lower Chindwin) ဘုတလင်တပ်ဖွဲ့၊ PDF(Anonymous Heroes) နှင့် Dynamite Heroes (BDL-PDF) တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားနှစ်စီးဖြင့် ထွက်လာသော အကြမ်းဖက် မုဒိန်းတပ်မှ စစ်ခွေးမိစ္ဆာများကို အဆင့်မြှင့်ထားသော ခွေးသေ မိုင်များဖြင့် ဧည့်ခံလိုက်ရာ အကြမ်းဖက် စစ်တပ်မှ စစ်ခွေး (၁၅)အထက် ငရဲပြည်သိူ့ ပို့ပေးနိုင်ခဲ့ပါသည်။

အကျိုးအကန်း စာအုပ်စည်များလည်း အတိအကျ သိရပြီး ပြည်သူ့ရဲဘော်များသည် ပြည်သူ့မေတ္တာဖြင့် အထိအခိုက် တစုံတရာမရှိဘဲ လုံခြုံစိတ်ချရသော နေရာသို့ ရောက်ရှိခဲ့ပါသည်” လို့ ချိုမိုင်မိုင် ယင်းမာပင် – ကနီ မဟာမိတ် တပ်ပေါင်းစုက ဖော်ပြပါတယ်။

အကြမ်းဖက် စစ်အုပ်စု အသေအပျောက် အခြေအနေနှင့်ပတ်သက်ပြီး MFP အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အကြမ်းဖက် စစ်အုပ်စုဟာ ဘုတလင်နယ်ထဲက ရွာတွေကို အကြမ်းဖက် စီးနင်းပြီး လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။