Local News

သူရဲေကာင္းေတြ ၾကိတ္ခ်က္ လန္ထြက္ေနတာပဲ

မင္းတပ္-မတူပီလမ္း မိုင္တိုင္ ၂၅ တြင္ စစ္ေကာင္စီယာဥ္တန္းကို CDF မင္းတပ္ ပစ္ခတ္တိုက္ခိုက္ရာ စစ္သား ၁၀ ဦးခန႔္ေသဆုံး၊ မိုင္းကြင္းအတြင္း ဝင္လာေသာ စစ္သား အေယာက္ ၅၀ ကို ထိထိမိမိ ေဖာက္ခြဲ၍ စစ္သား ၃၀ ခန႔္ ေသႏိုင္ဟုဆို

ရန္ကုန္၊ ေမ ၉

ခ်င္းျပည္နယ္၊ မင္းတပ္- မတူပီလမ္း မိုင္တိုင္ ၂၅ တြင္ အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းကို CDF မင္းတပ္က ယေန႔ ေမလ ၉ ရက္ နံနက္ ၁၁ နာရီတြင္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး စစ္သား ၁၀ ဦးခန႔္ေသဆုံးေၾကာင္း၊ CDF မ်ားေထာင္ထားေသာ မိုင္းကြင္းထဲသို႔ စစ္ေကာင္စီတပ္သား ၅၀ ခန႔္ ဝင္ေရာက္လာစဥ္ ေအာင္ျမင္စြာခြဲႏိုင္၍ စစ္သား ထိခိုက္ေသဆုံးမႈမ်ားေၾကာင္း CDF မင္းတပ္က သတင္းထုတ္ျပန္သည္။

“ဒီေန႔ ၂၅ မိုင္မွာ က်ေနာ္တို႔က အနီးကပ္ ေမာင္းျပန္ေတြ၊ RPG ေတြနဲ႔ ပစ္တာ ၁၀ ေယာက္ေလာက္ ေသႏိုင္တယ္။ အဲဒီမွာပဲ မိုင္းကြင္းထဲကို စစ္သား အေယာက္ ၂၀ ေလာက္ ေရာက္ေနခ်ိန္ခြဲလိုက္တာ ေရွ႕တန္းက ရဲေဘာ္ေတြ ေျပာတာေတာ့ ၂၀ လုံး ေသႏိုင္တယ္လို႔ ေျပာတယ္။ ေနာက္ အေယာက္ ၃၀ ေလာက္ရွိတဲ့ ေရွ႕ေျပးအဖြဲ႕က ၂၄ မိုင္မွာ မိုင္းကြင္းထဲကို ဝင္လာတဲ့အခ်ိန္ ေဖာက္ခြဲလိုက္တာ အႀကီးအက်ယ္ေပါက္ကြဲသြားတယ္၊ ေသဆုံးထိခိုက္မႈမ်ားႏိုင္တယ္ေပါ့” ဟု CDF မင္းတပ္ ေျပာခြင့္ရ ဆလိုင္းဟာအြမ္က ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

CDF မင္းတပ္အဖြဲ႕က မိုင္းအလုံးေပါင္းမ်ားစြာကို ပတ္ပတ္လည္ ေထာင္ထားခဲ့ၿပီး အဆိုပါ မိုင္းကြင္းအတြင္းသို႔ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ကို မွ်ားေခၚကာ ေဖာက္ခြဲတိုက္ခိုက္ျခင္းျဖစ္သည္ဟု ဆလိုင္းဟာအြမ္က ဆက္ေျပာသည္။

“မိုင္းေတြက အမ်ားႀကီးေထာင္ထားတာ၊ မိုင္းကြင္းထဲကို ဝင္လာတာ ၂ ႀကိမ္မွာ အေယာက္ ၅၀ ေလာက္ရွိတယ္။ မိုင္းကလည္း အႀကီးႀကီး ကြဲတာဆိုေတာ့ သဲသဲကြဲကြဲ မျမင္ရဘူးေလ။ အဲဒါေၾကာင့္ ထိခိုက္ေသဆုံးမႈ မ်ားႏိုင္တယ္လို႔ပဲ ထုတ္ျပန္ထားတာပါ။ က်ေနာ့္ တေယာက္တည္း အျမင္အရကေတာ့ အေယာက္ ၅၀ မွာ ၃၀ ေလာက္ ေသႏိုင္တယ္လို႔ ခန႔္မွန္းတယ္” ဟု ဆလိုင္းဟာအြမ္က ရွင္းျပသည္။

ေမလ ၇ ရက္ႏွင့္ ၈ ရက္ေန႔မ်ားတြင္လည္း မိုင္တိုင္ ၃၂ မွ ၂၇ အတြင္း၌ စစ္ေကာင္စီယာဥ္တန္းကို CDF က တိုက္ခိုက္ခဲ့ၿပီး စစ္သား ၇ ဦးထက္မနည္းေသဆုံးေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါ စစ္ယာဥ္တန္းသည္ သံခ်ပ္ကာ ၂ စီးအပါအဝင္ စစ္ကား အစီး ၇၀ ေက်ာ္ျဖင့္ မတူပီမွ ဧၿပီလ ၂၇ က္ေန႔တြင္ စတင္ထြက္ခြာလာခဲ့ျခင္းျဖစ္ၿပီး ခ်င္းတပ္ဖြဲ႕မ်ား၏ တိုက္ခိုက္ျခင္းခံခဲ့ရသည္။

ဓါတ္ပုံ – မင္းတပ္ဘက္သို႔ ထြက္ခြာလာေနေသာ စစ္ယာဥ္တန္း

Photo Credit – CDF Mindat

မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၅ တွင် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးခန့်သေဆုံး၊ မိုင်းကွင်းအတွင်း ဝင်လာသော စစ်သား အယောက် ၅၀ ကို ထိထိမိမိ ဖောက်ခွဲ၍ စစ်သား ၃၀ ခန့် သေနိုင်ဟုဆို

ရန်ကုန်၊ မေ ၉

ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်း မိုင်တိုင် ၂၅ တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယနေ့ မေလ ၉ ရက် နံနက် ၁၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကြောင်း၊ CDF များထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီတပ်သား ၅၀ ခန့် ဝင်ရောက်လာစဉ် အောင်မြင်စွာခွဲနိုင်၍ စစ်သား ထိခိုက်သေဆုံးမှုများကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။

“ဒီနေ့ ၂၅ မိုင်မှာ ကျနော်တို့က အနီးကပ် မောင်းပြန်တွေ၊ RPG တွေနဲ့ ပစ်တာ ၁၀ ယောက်လောက် သေနိုင်တယ်။ အဲဒီမှာပဲ မိုင်းကွင်းထဲကို စစ်သား အယောက် ၂၀ လောက် ရောက်နေချိန်ခွဲလိုက်တာ ရှေ့တန်းက ရဲဘော်တွေ ပြောတာတော့ ၂၀ လုံး သေနိုင်တယ်လို့ ပြောတယ်။ နောက် အယောက် ၃၀ လောက်ရှိတဲ့ ရှေ့ပြေးအဖွဲ့က ၂၄ မိုင်မှာ မိုင်းကွင်းထဲကို ဝင်လာတဲ့အချိန် ဖောက်ခွဲလိုက်တာ အကြီးအကျယ်ပေါက်ကွဲသွားတယ်၊ သေဆုံးထိခိုက်မှုများနိုင်တယ်ပေါ့” ဟု CDF မင်းတပ် ပြောခွင့်ရ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

CDF မင်းတပ်အဖွဲ့က မိုင်းအလုံးပေါင်းများစွာကို ပတ်ပတ်လည် ထောင်ထားခဲ့ပြီး အဆိုပါ မိုင်းကွင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မျှားခေါ်ကာ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းဟာအွမ်က ဆက်ပြောသည်။

“မိုင်းတွေက အများကြီးထောင်ထားတာ၊ မိုင်းကွင်းထဲကို ဝင်လာတာ ၂ ကြိမ်မှာ အယောက် ၅၀ လောက်ရှိတယ်။ မိုင်းကလည်း အကြီးကြီး ကွဲတာဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူးလေ။ အဲဒါကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ပဲ ထုတ်ပြန်ထားတာပါ။ ကျနော့် တယောက်တည်း အမြင်အရကတော့ အယောက် ၅၀ မှာ ၃၀ လောက် သေနိုင်တယ်လို့ ခန့်မှန်းတယ်” ဟု ဆလိုင်းဟာအွမ်က ရှင်းပြသည်။

မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင်လည်း မိုင်တိုင် ၃၂ မှ ၂၇ အတွင်း၌ စစ်ကောင်စီယာဉ်တန်းကို CDF က တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် သံချပ်ကာ ၂ စီးအပါအဝင် စစ်ကား အစီး ၇၀ ကျော်ဖြင့် မတူပီမှ ဧပြီလ ၂၇ က်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ဓါတ်ပုံ – မင်းတပ်ဘက်သို့ ထွက်ခွာလာနေသော စစ်ယာဉ်တန်း

Photo Credit – CDF Mindat