တမူး၊ ချောင်းနက်ကြီးရဲကင်းမှ လှည့်ကင်းဆိုင်ကယ်ကို BSO ကျောင်းသားတပ်ခွဲက တိုက်ခိုက်၊
အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိ (ရုပ်/သံ)
စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ ချောင်းနက်ကြီးရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသော လှည့်ကင်းဆိုင်ကယ်ကို
Burmese Student Organization (BSO) ပြည်သူကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) ၏ တပ်ရင်း ၁၊
တပ်ခွဲ ၃ ကျောင်း သားတပ်ခွဲက အလစ်ငိုက်ခြုံခိုတိုက်ခိုက်ရာမှ
အပြန်အလန်ပစ်ခတ်မှု ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုမှ သေနတ် ၂ လက်၊ ကျည်ဆန်အချို့ သိမ်းဆည်းရမိကာ
BSO တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်
Zawgyi
တမူး၊ ေျခာင်းနက်ကြီးရဲကင်းမွ လွည်႕ကင်းဆိုင်ကယ်ကို BSO ေၾကာင်းသားတပ်ခွဲက တိုက်ခိုက်၊