Local News

စပါးပျိုးထောင်သူများအတွက် အကြိုက်မိုး၊ အပူတွေငြိမ်းသွားစေမည့် မိုး🌧🌧











10/05/2022 ရက်နေ့ လှည်းကူး တိုက်ကြီး ဥက္ကံ သုံးဆယ် မိုးကြီးနိုင်ပါတယ် ခန့်မှန်းချိန် 10/05/2022 at 10:52AM

မုန်တိုင်းသတိ 🌧🌧 ၂၀၂၂ မေလ ၁၈ရက်နေ့ ၁၉ရက်နေ့တို့တွင် ရခိုင်ကမ်းရိုးတန်း ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မာန်အောင်ကျွန်းဝန်းကျင်ကို မုန်တိုင်းတစ်လုံးချဉ်းကပ်ရောက်ရှိလာနိုင်ပါတယ်

ပျိုးထောင်မိုး 🌧🌧🌧🌧 ၂၀၂၂ မေလ၁ဝရက်နေ့မှ ၁၂ရက်နေ့အထိ ရန်ကုန်တိုင်းမိုးဆက်တိုက်ရွာသွန်းနိုင်သဖြင့် စပါးပျိုးထောင်သူများအတွက် အကြိုက်မိုးဖြစ်နိုင်သလို အပူတွေငြိမ်းသွားစေမည့်မိုးလည်းဖြစ်နိုင်ပါတယ်

ပုလဲ ဆားလင်းကြီး မုံရွာ လေမိုးလျှပ်စီးမိုးကြိုး မိုး၊ လှိုင်းဘွဲ့ ဘားအံ မြိုင်ကလေး သထုံ လေမိုးလျှပ်စီးမိုးကြိုး မိုး

မိုးတွေရွာမယ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၀၂၂ မေလ ၁၂ရက်နေ့အထိ မိုးတွေရွာနိုင်ပါတယ်

10/05/2022 at 7:38AM အချိန်မှ နောက်၂၄နာရီအတွင်း ကချင်ပြည်နယ်တွင်မိုးများစွာရွာသွန်းနိုင်ပြီး ဗန်းမော်ခရိုင် မိုးညှင်းခရိုင် မြစ်ကြီးနားခရိုင် ဒေသတွေမှာမိုးကြီးနိုင်ပါတယ်

၂၀၂၂ မေလ ၁၈ရက်နေ့၁၉ရက်နေ့တို့တွင် သံတွဲမြို့ရဲ့တောင်ဖက် ရခိုင်ကမ်းရိုးတန်းအနီးတွင် မုန်တိုင်းငယ်တစ်လုံးဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခတ်နိုင်သဖြင့်

မေလ ၁၈ရက်နေ့မှ ၂၅ရက်နေ့အထိကာလကို မင်းဂွတ်သီးလေးမှ မုန်တိုင်းအန္တရာယ် အရေးကြီးကာလဟု သတ်မှတ်လိုက်ပါတယ် မင်းဂွတ်သီးလေးရဲ့ တိကျသေချာတဲ့မိုးလေဝသခန့်မှန်းချက်များကို အများပြည်သူတွေအတွက် အချိန်နှင့်တပြေးညီတင်ပေးသွားပါမယ်

၂၀၂၂ မေလ ၁ဝရက်နေ့မှ ၁၅ရက်နေ့အတွင်း အာစနီမုန်တိုင်းရဲ့ Upper air circulation UAC များက ရခိုင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်းကချင်ပြည်နယ် တွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး မေလ ၁၄ရက်နေ့ ၁၅ရက်နေ့တွေမှာ ကချင်ပြည်နယ်ကြီးတွင် မိုးကြီးရေလျှံနိုင်ပါတယ်

မေလ ၁၈ရက်နေ့ ၁၉ရက်နေ့ ရခိုင်ကမ်းရိုးတန်း ကိုမုန်တိုင်းတစ်လုံးရောက်ရှိနိုင်သဖြင့် အထူးအရေးကြီးကာလဖြစ်ပါတယ် မင်းဂွတ်သီးလေးစုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်တွေကို အချိန်နှင့်တပြေးညီတင်ပေးသွားမှာဖြစ်လို့ အများသိရှိကြစေရန် share ပေးကြပါ