Local News

ZERO တပ္ဖြဲ႕ရဲ႕ မွတ္တမ္းဝင္”ဝါးႏွစ္႐ိုက္တိုက္ပြဲ” ႐ုပ္သံ

ျမင္းမူမွာ စစ္အုပ္စုကို အနီးကပ္ ပစ္ခတ္တိုက္ခိုက္ခဲ့တဲ့ “ဝါးႏွစ္႐ိုက္တိုက္ပြဲ” ႐ုပ္သံ ထုတ္ျပန္၊

အၾကမ္းဖက္ စစ္အုပ္စုကို ဆက္လက္တိုက္ခိုက္ႏိုင္ေရး လက္နက္ခဲယမ္း ေထာက္ပံ့ေပးၾကဖို႔ ZERO တပ္ဖြဲ႕ အလႉခံ၊

MFP ၊ ေမ- ၁၀

စစ္ကိုင္းတိုင္း ျမင္းမူၿမိဳ႕နယ္၊ ကန္ေတာ္႐ြာအနီး၊ ထီးေဆာင္း – အရာေတာ္ ကားလမ္းမွာ အၾကမ္းဖက္ စစ္အုပ္စုရဲ႕ ယာဥ္တန္းကို ZERO ေျပာက္က်ား တပ္မဟာတပ္ရင္း၊ တပ္ရင္း(၇)၊ျမင္းၿခံခ႐ိုင္ ဦးေဆာင္တဲ့ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက အနီးကပ္ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီ(၂၉)ရက္က ျမင္းမူနယ္ထဲက ေက်း႐ြာေတြကို ဝင္ေမႊေသာင္းက်န္းေနတဲ့ အၾကမ္းဖက္ စစ္အုပ္စုကို ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြက အနီးကပ္ ပစ္ခတ္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး အဲ့ဒီတိုက္ပြဲမွာ အၾကမ္းဖက္ စစ္အုပ္စုႏွင့္ ေဒသကာကြယ္ေရး တပ္ဖြဲပေတြၾကား ၀ါးႏွစ္႐ိုက္အကြာအေဝးေလာက္သာ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

“ထီးေဆာင္း-အရာေတာ္ လမ္းပိုင္းတြင္ စစ္ေၾကာင္းထိုးလာေသာ စခ(၁၂)ဘီးကားအား တိုက္ပြဲတေလွ်ာက္ အနီးကပ္ဆုံး တိုက္ခတ္မူ တိုက္ပြဲျဖစ္ၿပီး ဝါးႏွစ္႐ိုက္ခန႔္သာ ကြာေဝးၿပီး ေမာ္ေတာ္ယာဥ္မွာ စုတ္ျပတ္သြားၿပီး၊

ဗ်ဴဟာမႉး ေသဆုံး၊ ဗိုလ္ႀကီးတစ္ဦး ဒါဏ္ရာ အျပင္းထန္ရၿပီး၊ စခ(၅၀)ဝန္းက်င္ ေသဆုံးေစခဲ့ေသာ မွတ္တမ္းဝင္ တိုက္ပြဲတစ္ခု ျဖစ္ခဲ့ပါသည္” လို႔ ZERO ေျပာက္က်ား တပ္မဟာတပ္ရင္း၊ တပ္ရင္း(၇)၊ျမင္းၿခံခ႐ိုင္ က ေဖာ္ျပပါတယ္။

အဲ့ဒီတိုက္ပြဲမွာ အၾကမ္းဖက္ စစ္အုပ္စုဘက္က အထိနာ အေသမ်ားသလို ZERO တပ္ရင္းရဲ႕ ဒုေခါင္းေဆာင္တစ္ဦလည္း တိုက္ပြဲအတြင္း က်ဆုံးခဲ့ရပါတယ္။
“ေက်း႐ြာမ်ား မီးရွိူ႔ျခင္း၊ ျပည္သူမ်ားအား အေၾကာင္းမဲ့ သတ္ျဖတ္ေနသည့္ စခမ်ားအား အဆက္မျပတ္ တိုက္ခိုက္ႏိုင္ရန္ ႏုတ္ခမ္းနီႏွင့္ ငွက္ေပ်ာဖူး ဝယ္ယူရန္ လႉဒါန္းၾကပါ” လို႔ ZERO ေျပာက္က်ား တပ္မဟာ တပ္ရင္း၊ တပ္ရင္း(၇)၊ျမင္းၿခံခ႐ိုင္ က အလႉခံပါတယ္။

အဲ့ဒီ ထီးေဆာင္း – အရာေတာ္ကားလမ္း တိုက္ပြဲမွာ အထိနာ အေသမ်ားတဲ့ အၾကမ္းဖက္ စစ္အုပ္စုဟာ အနီးအနားက အိမ္ေျခ (၇၀၀)ေက်ာ္ ရွိတဲ့ ကန္ေတာ္ေက်း႐ြာထဲ ဝင္ေမႊလုယက္ၿပီး ႐ြာလုံးကြၽတ္ မီးရႈိ႕ဖ်က္ဆီး ခဲ့သလို ေဒသခံ အရပ္သားျပည္သူ ေလးဦးကိုလည္း ဖမ္းဆီးသတ္ျဖတ္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ ျမင္းမူၿမိဳ႕နယ္ ကန္ေတာ္႐ြာႏွင့္ ငါးအင္း႐ြာအနီးက ေဒသကာကြယ္ေရးတပ္ဖြဲ႕ စခန္းႏွစ္ခုကို စီးနင္းခဲ့ကာ ၾကားျဖတ္တိုက္ခိုက္ခံရၿပီး အထိနာ အေသမ်ားၿပီးေနာက္ ကန္ေတာ္ေက်း႐ြာကို စီးနင္းလုယက္ မီးရႈိ႕ဖ်က္ဆီးသြားတာ ျဖစ္ပါတယ္။

မြင်းမူမှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ “ဝါးနှစ်ရိုက်တိုက်ပွဲ” ရုပ်သံ ထုတ်ပြန်၊

အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်တိုက်ခိုက်နိုင်ရေး လက်နက်ခဲယမ်း ထောက်ပံ့ပေးကြဖို့ ZERO တပ်ဖွဲ့ အလှူခံ၊

MFP ၊ မေ- ၁၀

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ကန်တော်ရွာအနီး၊ ထီးဆောင်း – အရာတော် ကားလမ်းမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ ယာဉ်တန်းကို ZERO ပြောက်ကျား တပ်မဟာတပ်ရင်း၊ တပ်ရင်း(၇)၊မြင်းခြံခရိုင် ဦးဆောင်တဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ(၂၉)ရက်က မြင်းမူနယ်ထဲက ကျေးရွာတွေကို ဝင်မွှေသောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲပတွေကြား ဝါးနှစ်ရိုက်အကွာအဝေးလောက်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထီးဆောင်း-အရာတော် လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသော စခ(၁၂)ဘီးကားအား တိုက်ပွဲတလျှောက် အနီးကပ်ဆုံး တိုက်ခတ်မူ တိုက်ပွဲဖြစ်ပြီး ဝါးနှစ်ရိုက်ခန့်သာ ကွာဝေးပြီး မော်တော်ယာဉ်မှာ စုတ်ပြတ်သွားပြီး၊

ဗျူဟာမှူး သေဆုံး၊ ဗိုလ်ကြီးတစ်ဦး ဒါဏ်ရာ အပြင်းထန်ရပြီး၊ စခ(၅၀)ဝန်းကျင် သေဆုံးစေခဲ့သော မှတ်တမ်းဝင် တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပါသည်” လို့ ZERO ပြောက်ကျား တပ်မဟာတပ်ရင်း၊ တပ်ရင်း(၇)၊မြင်းခြံခရိုင် က ဖော်ပြပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်အုပ်စုဘက်က အထိနာ အသေများသလို ZERO တပ်ရင်းရဲ့ ဒုခေါင်းဆောင်တစ်ဦလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ရပါတယ်။
“ကျေးရွာများ မီးရှိူ့ခြင်း၊ ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်နေသည့် စခများအား အဆက်မပြတ် တိုက်ခိုက်နိုင်ရန် နုတ်ခမ်းနီနှင့် ငှက်ပျောဖူး ဝယ်ယူရန် လှူဒါန်းကြပါ” လို့ ZERO ပြောက်ကျား တပ်မဟာ တပ်ရင်း၊ တပ်ရင်း(၇)၊မြင်းခြံခရိုင် က အလှူခံပါတယ်။

အဲ့ဒီ ထီးဆောင်း – အရာတော်ကားလမ်း တိုက်ပွဲမှာ အထိနာ အသေများတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ အနီးအနားက အိမ်ခြေ (၇၀၀)ကျော် ရှိတဲ့ ကန်တော်ကျေးရွာထဲ ဝင်မွှေလုယက်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး ခဲ့သလို ဒေသခံ အရပ်သားပြည်သူ လေးဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ မြင်းမူမြို့နယ် ကန်တော်ရွာနှင့် ငါးအင်းရွာအနီးက ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်းနှစ်ခုကို စီးနင်းခဲ့ကာ ကြားဖြတ်တိုက်ခိုက်ခံရပြီး အထိနာ အသေများပြီးနောက် ကန်တော်ကျေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးသွားတာ ဖြစ်ပါတယ်။