Local News

ရေးထားတဲ့သူ တော်ချက်

ရေးထားတဲ့သူ တော်ချက်











မင်းတို့ နိုင်တာဆိုလို့အသိဥာဏ် နည်းတဲ့ နောက်လိုက်တွေနဲ့သခင်အားရ ကျွန်ပါးဝ သူခိုး ဓားရိုးကမ်းချင်တဲ့လူ အနည်းစုပဲ ရှိမယ် ။

မူရင်း..Credit

ရေးထားတဲ့သူ တော်ချက်

မင်းတို့မှာ ချမ်းသာကြွယ်ဝတဲ့ ပါတီကြီးတွေ ရှိတာတောင်ရွေးကောက်ပွဲ မနိုင်လို့ အာဏာတက်သိမ်းတယ် ။

မင်းတို့မှာ အမာခံ လော်ဘီတွေ ရှိတာတောင်လိုင်းပေါ်က အမှန်တရားတွေကို မနိုင်လို့အင်တာနက်ပိတ်တယ် ။

မင်းတို့မှာ ခိုင်မာတဲ့ တရားစီရင်ရေးတွေ ရှိတာတောင်တရားမျှတမှု မပြနိုင်လို့အမှုပေါင်းစုံ ဆင်တယ် ။

မင်တို့မှာ အသံလွှင့်စက်ရုံတွေ ရုပ်မြင်သံကြား ဌာနကြီးတွေ ရှိတာတောင်မီဒီယာကို မနိုင်လို့ပိတ်ပင်တားဆီး ဖမ်းဝရမ်းထုတ်တယ် ။

မင်းတို့မှာ ခိုင်မာတောင့်တင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ ရှိတာတောင်ပြည်တွင်း အလှုရှင်တွေ ကို မနိုင်လို့ပရဟိတွေကို တက်သိမ်းတယ် ။

မင်းတို့မှာ ခေတ်မီလက်နက်မျိုးစုံရှိတာတောင်လက်နက်ကိုင် အချင်းချင်း မပြောနဲ့ပြည်တွင်းဖြစ် လေးခွ ကို မနိုင်လို့သရေကြိုး မရောင်းဖို့ ပိတ်တယ် ။

မင်းတို့မှာ လူငယ်တွေ ရှိတာတောင်ဘယ်ကပေါ်လာမှန်းမသိတဲ့ လူငယ်တွေကို မနိုင်လို့ညဖက် စစ်ဆေး သောင်းကျန်းတယ် ။

မင်တို့မှာ အင်အားကြီး နှစ်နိုင်ငံ ရှိတာတောင်ဘယ်ဆီဘယ်မှာ နေမှန်း မသိတဲ့ လေလှိုင်းပေါ်က အစိုးရကို မနိုင်လို့အနောက်အုပ်စုဆိုတာကြီးကို ကြောက်နေရတယ် ။

တကယ်တမ်း ကြောက်ခေတ်မှာ နေနေရတာ မင်းတို့ အုပ်စုလေးပဲ ။

မင်းတို့ရဲ့ နေဝင်ချိန်နီးသထက် နီးလာနေပြီ ။

မင်းတို့ နိုင်တာဆိုလို့အသိဉာဏ် နည်းတဲ့ နောက်လိုက်တွေနဲ့သခင်အားရ ကျွန်ပါးဝ သူခိုး ဓားရိုးကမ်းချင်တဲ့လူ အနည်းစုပဲ ရှိမယ် ။

မူရင်း..Credit