Local News



ရန်ကုန်၊ မေ ၁၁








မင်းအောင်လှိုင် အင်းလျားလမ်း နေအိမ် အစုရှယ်ယာကို နိုင်ငံခြားသားများပါ ဝယ်နေ၊ ၅ ရက်အတွင်း ဒေါ်လာ ၃ သန်းရရှိ

ရန်ကုန်၊ မေ ၁၁

အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသည့် အင်းလျားလမ်း ခြံအမှတ် ၁၄၏ အစုရှယ်ယာများကို NUG က ရောင်းချလျက်ရှိရာ ၅ ရက်တာ ကာလအတွင်း ဒေါ်လာ ၃ သန်းရရှိသွားပြီဖြစ်ပြီး

နိုင်ငံခြားသားများပါ ရှယ်ယာများ ဝယ်ယူနေကြောင်း NUG စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က တရားဝင်သတင်းထုတ်ပြန်သည်။

အစုရှယ်ယာ ရောင်းချမှုသည် လက်ရှိချိန်တွင် ၃ ပုံ ၁ ပုံ ခန့် အောင်မြင်နေပြီး ရှယ်ယာ ဝယ်ယူမှု အကြိမ်ရေ ငါးထောင် ကျော်ရှိကာ ၁ဝ ရာခိုင်နှုန်းကျော်ကို နိုင်ငံခြားသားများဝယ်ယူကြကြောင်း၊

အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသား အဖြစ်ကို စွန့်လွှတ်ပြီး နိုင်ငံခြားသား ခံယူလိုက်ရသူ မြန်မာပြည်ဖွားနိုင်ငံခြားသားများသာမက ပြည်ပနိုင်ငံခြားသားများလည်း ရှယ်ယူသူများတွင် ပါဝင်ကြောင်း သိရသည်။

ရန်ကုန် အင်းလျားလမ်းရှိ ခြံအမှတ် ၁၄သည် မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံ တော်ပိုင် နေအိမ်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမေရိကန်ဒေါ်လာ ၁၀ သန်း ဈေးနှုန်းသတ်မှတ်လိုက်ပြီး

ဒေါ်လာ ၁၀ သန်းကို အစုရှယ်ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချနေကြောင်း၊ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ကို ရောင်းချနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် မိသားစု။