Local News

ရန္ကုန္ၿမိဳ႕ ညငွက္မေလး ယဥ္မြန္

ရန္ကုန္ၿမိဳ႕ ညငွက္မေလး ယဥ္မြန္

“အေဆာင္မႉးေရလာၿပီ။ ခဏေနာ္”ဆိုၿပီး ဆင္းလာသူက ရင္ဖုံးေလးႏွင့္ယဥ္မြန္။ယဥ္မြန္က နာမည္ေလးႏွင့္လိုက္ေအာင္ ယဥ္ေက်းသည္။ သို႔ေသာ္ အတန္းပညာမတတ္။ ႐ုပ္ရည္ကလည္း သိပ္ၿပီးထူးျခားသည့္ထဲတြင္ မပါဝင္။ ယဥ္မြန္၏ ရည္႐ြယ္ခ်က္က ႐ြာတြင္ ေရွ႕က ေနာင္ေတာ္၊ အေမေတာ္မ်ား၏ ေဖာက္ခဲ့သည့္လမ္းအတိုင္း အ႐ြယ္ေရာက္လွ်င္ ၿမိဳ႕တက္ၿပီး အဆင္ေျပရာတစ္ခုခုကို လုပ္ရင္း ဘဝကို ရပ္တည္ႏိုင္ရန္ျဖစ္သည္။

႐ြာတြင္ လုပ္စရာ အလုပ္အကိုင္မ်ားရွိေသာ္လည္း ျပန္ရသည့္ေငြေၾကးႏွင့္ ေပးဆပ္လိုက္ရသည့္ ပင္ပန္းမႈက မတန္။ ထို႔ေၾကာင့္ ယဥ္မြန္ အၾကားႏွင့္ပင္ သြားခ်င္ေနခဲ့သည့္ ရန္ကုန္ေ႐ႊၿမိဳ႕ေတာ္ႀကီးကို ေရာက္လာသည္မွာ မဆန္းလွ။

ရန္ကုန္ကို စေရာက္ေရာက္ခ်င္း သူအၾကားႏွင့္ ၾကားသိရသည့္ ရန္ကုန္သည္ ထင္သေလာက္ရပ္တည္ရန္ မလြယ္လွ။ ႏွစ္လသုံးလခန႔္ အလုပ္မရွိဘဲ ႐ုန္းကန္လိုက္ရသည္။ ႐ြာမွ ရန္ကုန္ကို အေစာဆုံး ေရာက္ရွိေနၾကသည့္ မိတ္ေဆြမ်ားႏွင့္ ေမာင္ႏွမမ်ား၏ အကူအညီျဖင့္ ထိုအခ်ိန္ကာလကို က်ပ္က်ပ္တည္းတည္း ျဖတ္သန္းလိုက္ရသည္။

သုံးလေက်ာ္ေလာက္မွ လႈိင္သာယာစက္မႈဇုန္တြင္ အထည္ခ်ဳပ္လုပ္ရန္ အခြင့္အေရးရခဲ့သည္။ ခက္ခဲက်ပ္တည္းေနသည့္အခ်ိန္တြင္ ယဥ္မြန္အေနႏွင့္ ရရွိလာသည့္အလုပ္ကို မျငင္းႏိုင္ခဲ့။ ထိုအလုပ္မွ ရေငြသည္ ယဥ္မြန္တစ္ကိုယ္စာအတြက္ေတာ့ လုံေလာက္သည္။ယဥ္မြန္၏စိတ္ကူးတြင္ အလုပ္လုပ္ရင္း ရရွိလာသည့္ေငြမ်ားကို ၿခိဳးၿခံစုရင္း ႐ြာတြင္က်န္ရစ္ခဲ့သည့္ မိဘမ်ားကို ျပန္လည္ ေက်းဇူးဆပ္ရန္ျဖစ္သည္။ ယဥ္မြန္၏ စိတ္ကူးမ်ား အေကာင္အထည္ ေဖာ္ရန္ အေကာင္းဆုံး အခ်ိန္လည္း ျဖစ္ခဲ့သည္။

“ယဥ္မြန္က အသုံးၾကမ္းတဲ့ထဲမပါေတာ့။ အထည္ခ်ဳပ္လုပ္ရင္း ရတဲ့ပိုက္ဆံက ေတာ္ေတာ္အဆင္ေျပတယ္။ ႀကိဳးစားမႈလည္းပါတာေပါ့။ ယဥ္မြန္ကို အားလုံးက ခ်စ္ၾကတယ္။ အဲ့ဒီတုန္းကေတာ့ ေအးေအးေဆးပဲ”ဟု အေဝးတစ္ေနရာကို ေငးၾကည့္ရင္း အဆင္ေျပခဲ့သည့္ ကာလမ်ားကို တမ္းတ ေျပာရွာသည္။

ျမန္မာႏိုင္ငံကို ကိုဗစ္ကပ္ေရာဂါစတင္က်ေရာက္ခ်ိန္ ယဥ္မြန္တို႔ ေကာင္းေကာင္းမသိေသး။ ကိုဗစ္ဟု ေျပာေနၾကေသာ္လည္း ယဥ္မြန္တစ္ေယာက္ အလုပ္အဆင္ေျပေရးႏွင့္ သူ႔ရည္မွန္းခ်က္ေအာင္ျမင္ေရးအတြက္သာ အားႀကိဳးမာန္တက္ ႀကိဳးစားေနရွာသည္။ေနာက္ပိုင္း ဗိုင္းရပ္စ္က ဆိုးဆိုး႐ြား႐ြားျဖစ္လာ၍ စက္႐ုံအလုပ္႐ုံမ်ား အဓိက ထိခိုက္လာၾကေတာ့သည္။ အလုပ္သမားမ်ားလည္း က်ပ္တည္းမႈ စတင္ႀကဳံေတြ႕လာရေတာ့သည္။

“ကိုဗစ္အရမ္းျဖစ္လာေတာ့ လူေတြေသတဲ့သတင္းေတြၾကားရလာတယ္။ စက္႐ုံလည္း အစကေတာ့ ရပ္တည္လို႔ရေအာင္ႀကိဳးပမ္းပါေသးတယ္။ ဒါေပမဲ့ ေနာက္ဆုံး လူေလွ်ာ့တာေတြလည္း စတင္ျဖစ္လာေတာ့တယ္”ဟု ယဥ္မြန္က ဆက္ေျပာသည္။လူေလွ်ာ့သည့္အခ်ိန္တြင္ ယဥ္မြန္တစ္ေယာက္မပါဝင္ခဲ့ေသး။ သို႔ေသာ္ အလုပ္လုပ္ရင္းရသည့္ေငြသည္ ယခင္ကထက္ က်ဆင္းလာေတာ့သည္။

ယဥ္မြန္တစ္ေယာက္ ကိုဗစ္စိန္ေခၚမႈမ်ားၾကားက ဘဝရပ္တည္ႏိုင္ရန္ႀကိဳးပမ္းခဲ့သည္။ သို႔ေသာ္ အလုပ္ႀကိဳးစားတိုင္းလည္း ေအာင္ျမင္မႈမရႏိုင္ဆိုသည့္အခ်က္သည္ ယဥ္မြန္ကိုပါ ထိခိုက္လာသည္။ ကိုဗစ္အက်ပ္အတည္းမ်ား ရင္ဆိုင္ျဖတ္သန္းရင္းမွ ျမန္မာႏိုင္ငံကို ကိုဗစ္ထက္ ဆိုး႐ြားလြန္းသည့္ ကံဆိုးမိုးေမွာင္မႈႀကီး က်ေရာက္လာခဲ့သည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔တြင္ ျမန္မာစစ္တပ္က တိုင္းျပည္ကို အာဏာသိမ္းလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာလိုက္သည္။ ယဥ္မြန္တစ္ေယာက္ ႏိုင္ငံေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ားကို ေကာင္းေကာင္း နားမလည္ႏိုင္ရွာ။ အာဏာသိမ္းမႈသတင္းကို ေနာက္တစ္ရက္မွ သိသည္။အာဏာသိမ္းမႈေၾကာင့္ ဘာေတြဆက္ျဖစ္လာမလဲ ယဥ္မြန္မသိ။ စက္႐ုံအလုပ္႐ုံတြင္ အလုပ္ႀကိဳးစားရင္း လူေလွ်ာ့စာရင္းတြင္ မပါဝင္ရန္သာ ယဥ္မြန္အတြက္ အဓိက ဦးစားေပးျဖစ္သည္။ ထို႔ေနာက္ ျမန္မာတစ္ႏိုင္ငံလုံး စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္ရန္ လူထုအုံႂကြမႈ ျဖစ္ေပၚလာခဲ့သည္။

ျပည္သူမ်ားသည္ စစ္တပ္၏ အာဏာသိမ္းမႈကို ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ထုတ္ရင္း ရပ္တည္ခ်က္မ်ားကို ထုတ္ေဖာ္ျပသခဲ့သည္။ ေမွ်ာ္မွန္းထားသလို ေအးေဆးစြာ မၿပီးဆုံးခဲ့ဘဲ အာဏာသိမ္းစစ္တပ္ဟာ ၎တို႔၏ မူလဇာတ္႐ုပ္ကို အပီအျပင္ လုပ္ေဆာင္လာခဲ့ၾကသည္။ျပည္သူမ်ားအေပၚ အၾကမ္းဖက္သထက္ဖက္လာၿပီး ေနာက္ဆုံး ဆႏၵျပသူမ်ားကို ေသနတ္မ်ားျဖင့္ ပစ္သတ္မႈမ်ားပါ လုပ္ေဆာင္လာခဲ့သည္။

“အေစာပိုင္း ဆႏၵျပၾကေတာ့ ယဥ္မြန္တို႔ ပါဝင္ခဲ့ေသးတယ္။ ေသခ်ာတာတစ္ခုကေတာ့ ႏိုင္ငံေရးကို ယဥ္မြန္မသိဘူး။ ဒါေပမဲ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းဆႏၵျပၾကတဲ့ ျပည္သူေတြကို သတ္ျဖတ္တာေတြကိုေတာ့ မုန္းတယ္”ဟု ေျပာရွာသည္။စစ္တပ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံသည္ အေျခခံလူတန္းစားမ်ားအတြက္ ေနခ်င္စရာႏိုင္ငံတစ္ခုမဟုတ္သည္မွာ ေသခ်ာသြားခဲ့သည္။ ယဥ္မြန္တို႔၏ အလုပ္႐ုံလည္း ပိတ္သြားခဲ့သည္။ လႈိင္သာယာတြင္ ျဖစ္ခဲ့သည့္ အျဖစ္အပ်က္မ်ားသည္ အလြန္ဆိုး႐ြားခဲ့သည္။

အၾကမ္းဖက္စစ္တပ္ႏွင့္ ျပည္သူမ်ား၏ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားသည္ လုံးဝမမွ်တခဲ့။ လႈိင္သာယာတြင္ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူမ်ားကို စစ္တပ္က ရက္ရက္စက္စက္ ပစ္သတ္မႈမ်ားျပဳလုပ္ခဲ့သည္။ အၾကမ္းဖက္ စစ္တပ္ေၾကာင့္ လူေပါင္းရာခ်ီေသဆုံးခဲ့ၾကသလို၊ စက္႐ုံအလုပ္႐ုံမ်ားႏွင့္ လူေနအိမ္မ်ားပါ လုံၿခဳံမႈမရွိေတာ့ဘဲ အၾကမ္းဖက္ စစ္တပ္၏ မီးရႈိ႕ဖ်က္ဆီးမႈမ်ား ႀကဳံေတြ႕ခဲ့ရသည္။

“ယဥ္မြန္တို႔စက္႐ုံလည္း ပိတ္လိုက္တယ္။ အလုပ္လက္မဲ့ျဖစ္သြားတာေပါ့။ လုံးဝစိတ္ဓာတ္က်သြားတယ္”ဟု သူကဆက္ေျပာသည္။ယဥ္မြန္တစ္ေယာက္ စုေဆာင္းထားသည့္ ပိုက္ဆံမ်ားကို မိဘမ်ားကိုလည္း ျပန္မေထာက္ပံ့ႏိုင္။ ၿခိဳးၿခံေခြၽတာရင္း အလုပ္လက္မဲ့ျဖင့္ ၅ လေလာက္ ျဖတ္သန္းခဲ့ရသည္။ ယဥ္မြန္ကံေကာင္းသည္။ အၾကမ္းဖက္စစ္ေကာင္စီ အာဏာသိမ္းကာလအတြင္း အလုပ္တစ္ခု ရရွိလိုက္သည္။

“အလုပ္ရေတာ့ဝမ္းသာတာေပါ့။ အရင္လိုေတာ့မဟုတ္ဘူး ပါကင္ပိတ္တဲ့အလုပ္ပါ။ ဒီလိုအေျခအေနမ်ိဳးမွာ အလုပ္ရတာပဲကံေကာင္းတယ္ေလ”ဟု စိတ္ဓာတ္က်ေနသည့္ ပုံစံျဖင့္ ေျပာသည္။ သို႔ေသာ္ယဥ္မြန္ ကံမေကာင္းႏိုင္ခဲ့။ အလုပ္သစ္ရၿပီး ႏွစ္လအၾကာမွာ ပါကင္ပိတ္လုပ္ငန္းအတြက္ အဓိက အေရးအပါဆုံးျဖစ္သည့္ လွ်ပ္စစ္မီးရရွိမႈ ခက္ခဲမႈမ်ားျဖစ္လာသည္။

ယဥ္မြန႔္အတြက္ ကိုဗစ္၊ စစ္အာဏာသိမ္းျခင္း၊ EPC စသည့္ စကားလုံးမ်ားသည္ စိတ္ပ်က္ျခင္းအတိျဖစ္ေစသည့္ စကားလုံးျဖစ္ရေတာ့သည္။ အလုပ္သစ္ကလည္း အဆင္မေျပျဖစ္လာၿပီး ယဥ္မြန္တစ္ေယာက္ ဘဝရပ္တည္ရန္ ခက္ခဲလာ၍ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္ရေတာ့သည္။“ဒီဆုံးျဖတ္ခ်က္ကို ခ်ဖို႔ ေတာ္ေတာ္ခက္ခဲတယ္။ မိဘေတြကိုလည္း မေျပာရဲဘူး။ အခုထိလည္း တိတ္တိတ္ေလးပဲေနတယ္။ မသိမသာဘဲေနတယ္။ အခုကာလမွာ ဘဝရပ္တည္ဖို႔က ယဥ္မြန္တို႔လို အေျခခံလူေတြအတြက္ မျဖစ္ႏိုင္ေတာ့ဘူး”ဟု သူက ဆက္ေျပာသည္။

ယဥ္မြန္တစ္ေယာက္ ညငွက္မေလး လုံးလုံးျဖစ္ခဲ့ရသည္။ ႐ိုးသားႀကိဳးစားၿပီး စီးပြားရွာခဲ့ေသာ္လည္း ကံက မ်က္ႏွာသာမေပးတာေၾကာင့္ ယခုလို ပိုက္ဆံရွာနည္းႏွင့္ ျဖတ္သန္းဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းျဖစ္သည္။“ကိုဗစ္၊ အာဏာသိမ္းသူေတြနဲ႔ EPC တို႔ေၾကာင့္လို႔ပဲ ေျပာရင္ရမလားဘဲ။ ယဥ္မြန္အတြက္ေတာ့ အခုလိုဘဝမ်ိဳးျဖစ္လာရၿပီ။ တျခားအလုပ္ေတြလည္း ယဥ္မြန္တို႔လို လူေတြအတြက္ အဆင္မေျပပါဘူး။ ပညာလည္းမတတ္၊ ဘာလည္းမတတ္ဆိုေတာ့၊ ယဥ္မြန္တို႔ထက္ ပညာတတ္တဲ့ လုပ္တတ္ကိုင္တတ္တဲ့သူေတြေတာင္ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရတယ္မွတ္လား”ဟု စို႔နင့္စြာ ေျပာသည္။

“ေျပာရရင္ ဖိနပ္စီးတဲ့ ၾကက္ေပါ့ေနာ္။ ဒဂုံဆိပ္ကမ္းဖက္ျခမ္းဆိုရင္ တစ္ခါလိုက္ရင္ ၈၀၀၀ ေလာက္ရတယ္။ စစခ်င္းမွာပဲ ၿခဳံထဲေခၚသြားခံရဖူးတယ္။ ေနာက္ေတာ့ အဲ့လိုမ်ိဳးဆို မလိုက္ရဲေတာ့ဘူး”ဟု အလုပ္ေနရာသစ္တြင္ ႀကဳံေတြ႕ရသည့္ အခက္အခဲကို ေျပာရွာသည္။ယဥ္မြန္တို႔လို အထည္ခ်ဳပ္ေလာကမွ ညငွက္မေလးမ်ားဘဝသို႔ ေရာက္ရွိလာသည့္သူေပါင္း ရာခ်ီရွိေၾကာင္းလည္း သိရွိရသည္။ ႏိုင္ငံ၏ စီးပြားေရးက်ဆင္းမႈ၊ စာမတတ္ျဖစ္ေနမႈႏွင့္ လုံၿခဳံမႈမရွိေတာ့သည့္ အေျခအေနမ်ားသည္ အဆိုး႐ြားဆုံးျဖစ္ေနခဲ့သည္။

“တခ်ိဳ႕က မိဘမရွိၾကေတာ့ဘူး။ ဒီအလုပ္လုပ္တာ ေအးေအးေဆးေဆးလိုေတာင္ ျဖစ္ေနၿပီ။ ယဥ္မြန္တို႔လို မိဘရွိေသးတဲ့သူေတြေတာ့ ရွိပါတယ္။ ယဥ္မြန႔္လိုပဲ ဘယ္သူမွမေျပာဘဲ တိတ္တိတ္ေလး အခုအလုပ္လုပ္ရင္း ျဖတ္သန္းေနရတာပါ”ဟု လုပ္ေဖာ္ကိုင္ဖက္မ်ားအတြက္ပါ စိတ္မေကာင္းျဖစ္ေၾကာင္းေျပာၿပီး အက်ပ္အတည္းမ်ားကို ေျဖရွင္းရန္အတြက္ ညငွက္အလုပ္သည္ ထြက္ေပါက္အလုပ္တစ္ခုလိုပင္ျဖစ္ေနၿပီဟု ေျပာရွာသည္။

လက္ရွိတြင္ ယဥ္မြန္တစ္ေယာက္ တစ္ညသုံးေသာင္းအထိ ရရွိေနၿပီျဖစ္ၿပီး ခႏၶာကိုယ္ကို ဆက္လက္အရင္းျပဳေနရဆဲျဖစ္ေနသည္။ “တစ္ညသုံးေသာင္းနဲ႔ ကာမအလိုရွိသည့္သူေတြကို ျဖည့္ဆည္းေနရတယ္”ဟု ယဥ္မြန္ကေျပာသည္။ညငွက္အလုပ္ကို လုပ္ရင္း ပင္ပန္းမႈမ်ားၾကားမွ ရယ္စရာမ်ားႏွင့္ အံ့အားသင့္စရာအေျခအေနမ်ားလည္း ႀကဳံေတြ႕ခဲ့ရေၾကာင္းလည္း ယဥ္မြန္က ေဖာက္သည္ခ်ျပန္သည္။ “တခ်ိဳ႕ဆို ဘာမေျပာညာမေျပာနဲ႔ ေအာက္ခံေဘာင္းဘီယူသြားတယ္။ မနည္းျပန္ေတာင္းတာေတာင္ အမွတ္တရဆိုၿပီး သိမ္းသြားေသးတာ”ဟု ရယ္ရယ္ေမာေမာႏွင့္ ေျပာျပသည္။

လက္ရွိတြင္ လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းမ်ားသည္လည္း ေတာင္ဒဂုံ၊ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ ဒဂုံဆိပ္ကမ္း၊ ၾကည့္ျမင္တိုင္တဖက္ကမ္းရွိ အလတ္ေခ်ာင္း႐ြာ၊ ဆိပ္ႀကီး႐ြာႏွင့္ ေဗဒါရပ္ကြက္တို႔တြင္ တလုံးက်င္း(လိင္တခါျပဳ) ၈၀၀၀ က်ပ္၊ တစ္ညကို သုံးေသာင္းက်ပ္ႏွင့္ အဆင္ေျပမည့္ သူမ်ိဳးေတြ႕လွ်င္ လိုက္အိပ္ေလ့ရွိေၾကာင္းေျပာသည္။

“လိင္အက်ိဴးေဆာင္ေတြနဲ႔ေနရင္ေတာ့ အိမ္လခနဲ႔ စားစရိတ္ကပူစရာမလိုဘူး။ သူတို႔က သူတို႔အိပ္ဆိုတဲ့သူနဲ႔အိပ္ရတယ္။ မအိပ္ရင္႐ိုက္တယ္။ ရဲေတြနဲ႔လည္းပိုင္ေတာ့ သူတို႔ကိုေရွာင္တယ္။ ယဥ္မြန္တို႔ကေတာ့အဲ့လိုေနဖို႔ ေၾကာက္တယ္” ဟု အေဆာင္ငွားေနထိုင္ေနသည့္ ယဥ္မြန္က ေျပာသည္။“ေခါင္း”ေအာက္မွာ ျပည့္တန္ဆာလုပ္ကိုင္ေနၾကသည့္ အမ်ိဳးသမီးေတြကို မဂၤလာဒုံ(ခေရပင္လမ္းခြဲအနီး)၊ အေဝးေျပးကားဝင္း၊ လႈိင္ ၆မိုင္ခြဲ၊ ၾကည့္ျမင္တိုင္ငါးေဈးအနီး၊ တာေမြၿမိဳ႕နယ္က ဖိုးစိန္လမ္းႏွင့္ အင္းလ်ားကန္ေဘာင္၊ ရန္ကင္းကန္ေဘာင္၊ သမိုင္းလမ္းဆုံႏွင့္ တာေမြၿမိဳ႕နယ္ က်ားကြက္သစ္လမ္းမ်ားတြင္ လူထင္ျပၿပီး လိင္ဝန္ေဆာင္မႈေပးတာမ်ိဳး ျပဳလုပ္ၾကသည္ဟု သူမက ဆိုသည္။

ျပည္တန္ဆာေလာကထဲတြင္ တခ်ိဳ႕အထက္လႊာဟု ဆိုၾကသည့္သူမ်ားသည္ သိန္းႀကီးပိုင္းရၾကၿပီး အစားစားရွိေၾကာင္း ေျပာျပန္သည္။ “႐ုပ္ရည္ပိုင္း၊ ေဘာ္ဒီပိုင္းအရေတာ့ ကြာသြားတာေပါ့။ သူ႔အလြာနဲ႔သူ ေဈးကေတာ့ ရွိေနၾကပါတယ္။ ယဥ္မြန္တို႔က်ေတာ့ မရဘူး”ဟုဆိုသည္။ သို႔ေသာ္ မိမိလုပ္ေနသည့္ အလုပ္ကို အလုပ္ႏွင့္တူေအာင္လုပ္ၿပီး ေဖာက္သည္မ်ား ယုံၾကည္ေအာင္ ေနထိုင္သည္ဟု ဆက္ေျပာသည္။ရန္ကုန္ၿမိဳ႕တြင္ လူရည္လည္သူမ်ားက ညငွက္မေလးမ်ားကို မူးယစ္ေဆးဝါး ျဖန႔္ေဝခိုင္းသည့္ Hi မယ္မ်ားအျဖစ္ထိ ခိုင္းစားၾကသလို အၾကမ္းဖက္စစ္ေကာင္စီကို ဆပ္ေၾကးေပးေထာက္ပံ့မႈ (အခြန္)မ်ား ေပးကာ ျဖတ္သန္းေနသူမ်ားလည္း ရွိေၾကာင္း စုံစမ္းသိရွိရသည္။

တခ်ိဳ႕ ပိုက္ဆံတတ္ႏိုင္သူမ်ားအတြက္ ေနရာမ်ား သီးသန႔္မ်ားရွိၿပီး ယင္းေနရာမ်ားတြင္ အစုံရသည္ဟု ယဥ္မြန္က သူ႔သူငယ္ခ်င္းမ်ား၏ အေတြ႕အႀကဳံမ်ားထဲမွ တစ္ခုကို ေျပာျပသည္။“အထဲမွာက Freedomပဲ။ အကုန္လုပ္လို႔ရတယ္။ ေတာသူမေတြလဲ ျပင္ဆင္ေပးလိုက္ေတာ့ လန္ထြက္ေနေရာ။ ေဈးကေတာ့ ေျမာက္တယ္။ ONS (တစ္ညအိပ္)ကို တစ္သိန္းခြဲကေန ေလးသိန္းအထိရွိတယ္။ စကစကို ေခါင္းထဲထည့္စရာကိုမလိုဘူး”ဟု ေျပာသည္။သို႔ေသာ္ ႏိုင္ငံေရးအေျခအေနအရ အၾကမ္းဖက္စစ္အာဏာရွင္ကို ျဖတ္ခ်ရန္ နည္းအမ်ိဳးမ်ိဳးႏွင့္ ႀကိဳးပမ္းေနၾကေသာ္လည္း အခ်ိဳ႕မွာ ေပ်ာ္ပါးမႈမ်ားႏွင့္ အခ်ိန္ကုန္ေနၾကသည္ကိုလည္း ယဥ္မြန္က ေျပာသည္။

“ႏိုင္ငံေရးဆိုတာ ဘာမွန္းမသိေပမယ့္ အခုလက္ရွိအေျခအေနဟာ မဟုတ္မွန္ဘူးဆိုတာေတာ့သိတယ္။ PDF ေလးေတြကိုလည္း ေဘးကင္းေစခ်င္တယ္။ အၿမဲဘုရားမွာ ဆုေတာင္းျဖစ္တယ္။ ဒီအေျခအေနႀကီးအျမန္ဆုံးလြတ္ေျမာက္ပါေစလို႔”ဟု စိတ္ပ်က္လက္ပ်က္ႏွင့္ ေျပာသည္။ယဥ္မြန္က လက္ရွိအလုပ္ကို ဘဝရပ္တည္ေရးအတြက္ လုပ္ေဆာင္ေနရေသာ္လည္း အျမန္ဆုံး လြတ္ေျမာက္ခ်င္ၿပီဟု ေျပာသည္။ ျမန္မာႏိုင္ငံျပည္သူအေပါင္း ယခင္ကလို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ ျဖတ္သန္းေနၾကသည္ကို ျပန္လည္ျမင္လိုေၾကာင္းလည္းေျပာရွာသည္။ ယခုတြင္ အိမ္ကို မေျပာရဲေသးဘဲ ဘဝရပ္တည္ေရးကို တိတ္တဆိတ္ေျဖရွင္းရန္ ဆုံးျဖတ္ထားေၾကာင္း ေျပာသည္။

“ အေမမ်ားေန႔မွာ အေမ့ကို ဖုန္းမဆက္ရဲဘူး။ ကိုယ့္ဘဝကိုယ္မလုံသလိုျဖစ္ေနတာ။ အေမ့ကို အရင္လို ႐ိုး႐ိုးသားသား ႀကိဳးႀကိဳးစားစား ရွာေဖြတဲ့ေငြနဲ႔ အျမန္ဆုံးေထာက္ပံ့ခ်င္ေနၿပီ”ဟု ေျပာရင္း ယဥ္မြန္မ်က္ဝန္းမွ မ်က္ရည္မ်ား ရီေလးခိုလာသည္။မည္သို႔ပင္ဆိုဆို ယခုေတာ္လွန္ေရးသည္ မည္၍ မည္မွ် ၾကာေလဦးမည္မသိ၊ ယဥ္မြန္လို ခက္ခဲၿပီး ညငွက္ေလးမ်ားအျဖစ္ ျဖတ္သန္းေနသည့္ အမ်ိဳးသမီးငယ္မ်ားအတြက္ေတာ့ ဆက္လက္႐ုန္းကန္ၾကရဦးမည္ဆိုသည္မွာ အတိအက်ပင္ျဖစ္သည္ဟုသာ ဆိုလိုက္ခ်င္ေတာ့သည္။

သီဟေရးသည္။

ပုံစာ- ေဈးညႇိေနသည့္ ျပည့္တန္ဆာတစ္ဦး။

န်ကုန်မြို့ ညငှက်မလေး ယဉ်မွန်

“အဆောင်မှူးရေလာပြီ။ ခဏနော်”ဆိုပြီး ဆင်းလာသူက ရင်ဖုံးလေးနှင့်ယဉ်မွန်။ယဉ်မွန်က နာမည်လေးနှင့်လိုက်အောင် ယဉ်ကျေးသည်။ သို့သော် အတန်းပညာမတတ်။ ရုပ်ရည်ကလည်း သိပ်ပြီးထူးခြားသည့်ထဲတွင် မပါဝင်။ ယဉ်မွန်၏ ရည်ရွယ်ချက်က ရွာတွင် ရှေ့က နောင်တော်၊ အမေတော်များ၏ ဖောက်ခဲ့သည့်လမ်းအတိုင်း အရွယ်ရောက်လျှင် မြို့တက်ပြီး အဆင်ပြေရာတစ်ခုခုကို လုပ်ရင်း ဘဝကို ရပ်တည်နိုင်ရန်ဖြစ်သည်။

ရွာတွင် လုပ်စရာ အလုပ်အကိုင်များရှိသော်လည်း ပြန်ရသည့်ငွေကြေးနှင့် ပေးဆပ်လိုက်ရသည့် ပင်ပန်းမှုက မတန်။ ထို့ကြောင့် ယဉ်မွန် အကြားနှင့်ပင် သွားချင်နေခဲ့သည့် ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်လာသည်မှာ မဆန်းလှ။

ရန်ကုန်ကို စရောက်ရောက်ချင်း သူအကြားနှင့် ကြားသိရသည့် ရန်ကုန်သည် ထင်သလောက်ရပ်တည်ရန် မလွယ်လှ။ နှစ်လသုံးလခန့် အလုပ်မရှိဘဲ ရုန်းကန်လိုက်ရသည်။ ရွာမှ ရန်ကုန်ကို အစောဆုံး ရောက်ရှိနေကြသည့် မိတ်ဆွေများနှင့် မောင်နှမများ၏ အကူအညီဖြင့် ထိုအချိန်ကာလကို ကျပ်ကျပ်တည်းတည်း ဖြတ်သန်းလိုက်ရသည်။

သုံးလကျော်လောက်မှ လှိုင်သာယာစက်မှုဇုန်တွင် အထည်ချုပ်လုပ်ရန် အခွင့်အရေးရခဲ့သည်။ ခက်ခဲကျပ်တည်းနေသည့်အချိန်တွင် ယဉ်မွန်အနေနှင့် ရရှိလာသည့်အလုပ်ကို မငြင်းနိုင်ခဲ့။ ထိုအလုပ်မှ ရငွေသည် ယဉ်မွန်တစ်ကိုယ်စာအတွက်တော့ လုံလောက်သည်။ယဉ်မွန်၏စိတ်ကူးတွင် အလုပ်လုပ်ရင်း ရရှိလာသည့်ငွေများကို ခြိုးခြံစုရင်း ရွာတွင်ကျန်ရစ်ခဲ့သည့် မိဘများကို ပြန်လည် ကျေးဇူးဆပ်ရန်ဖြစ်သည်။ ယဉ်မွန်၏ စိတ်ကူးများ အကောင်အထည် ဖော်ရန် အကောင်းဆုံး အချိန်လည်း ဖြစ်ခဲ့သည်။

“ယဉ်မွန်က အသုံးကြမ်းတဲ့ထဲမပါတော့။ အထည်ချုပ်လုပ်ရင်း ရတဲ့ပိုက်ဆံက တော်တော်အဆင်ပြေတယ်။ ကြိုးစားမှုလည်းပါတာပေါ့။ ယဉ်မွန်ကို အားလုံးက ချစ်ကြတယ်။ အဲ့ဒီတုန်းကတော့ အေးအေးဆေးပဲ”ဟု အဝေးတစ်နေရာကို ငေးကြည့်ရင်း အဆင်ပြေခဲ့သည့် ကာလများကို တမ်းတ ပြောရှာသည်။

မြန်မာနိုင်ငံကို ကိုဗစ်ကပ်ရောဂါစတင်ကျရောက်ချိန် ယဉ်မွန်တို့ ကောင်းကောင်းမသိသေး။ ကိုဗစ်ဟု ပြောနေကြသော်လည်း ယဉ်မွန်တစ်ယောက် အလုပ်အဆင်ပြေရေးနှင့် သူ့ရည်မှန်းချက်အောင်မြင်ရေးအတွက်သာ အားကြိုးမာန်တက် ကြိုးစားနေရှာသည်။နောက်ပိုင်း ဗိုင်းရပ်စ်က ဆိုးဆိုးရွားရွားဖြစ်လာ၍ စက်ရုံအလုပ်ရုံများ အဓိက ထိခိုက်လာကြတော့သည်။ အလုပ်သမားများလည်း ကျပ်တည်းမှု စတင်ကြုံတွေ့လာရတော့သည်။

“ကိုဗစ်အရမ်းဖြစ်လာတော့ လူတွေသေတဲ့သတင်းတွေကြားရလာတယ်။ စက်ရုံလည်း အစကတော့ ရပ်တည်လို့ရအောင်ကြိုးပမ်းပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံး လူလျှော့တာတွေလည်း စတင်ဖြစ်လာတော့တယ်”ဟု ယဉ်မွန်က ဆက်ပြောသည်။လူလျှော့သည့်အချိန်တွင် ယဉ်မွန်တစ်ယောက်မပါဝင်ခဲ့သေး။ သို့သော် အလုပ်လုပ်ရင်းရသည့်ငွေသည် ယခင်ကထက် ကျဆင်းလာတော့သည်။

ယဉ်မွန်တစ်ယောက် ကိုဗစ်စိန်ခေါ်မှုများကြားက ဘဝရပ်တည်နိုင်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် အလုပ်ကြိုးစားတိုင်းလည်း အောင်မြင်မှုမရနိုင်ဆိုသည့်အချက်သည် ယဉ်မွန်ကိုပါ ထိခိုက်လာသည်။ ကိုဗစ်အကျပ်အတည်းများ ရင်ဆိုင်ဖြတ်သန်းရင်းမှ မြန်မာနိုင်ငံကို ကိုဗစ်ထက် ဆိုးရွားလွန်းသည့် ကံဆိုးမိုးမှောင်မှုကြီး ကျရောက်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ ယဉ်မွန်တစ်ယောက် နိုင်ငံရေးနှင့် ပတ်သက်သည့် ကိစ္စများကို ကောင်းကောင်း နားမလည်နိုင်ရှာ။ အာဏာသိမ်းမှုသတင်းကို နောက်တစ်ရက်မှ သိသည်။အာဏာသိမ်းမှုကြောင့် ဘာတွေဆက်ဖြစ်လာမလဲ ယဉ်မွန်မသိ။ စက်ရုံအလုပ်ရုံတွင် အလုပ်ကြိုးစားရင်း လူလျှော့စာရင်းတွင် မပါဝင်ရန်သာ ယဉ်မွန်အတွက် အဓိက ဦးစားပေးဖြစ်သည်။ ထို့နောက် မြန်မာတစ်နိုင်ငံလုံး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် လူထုအုံကြွမှု ဖြစ်ပေါ်လာခဲ့သည်။

ပြည်သူများသည် စစ်တပ်၏ အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ရပ်တည်ချက်များကို ထုတ်ဖော်ပြသခဲ့သည်။ မျှော်မှန်းထားသလို အေးဆေးစွာ မပြီးဆုံးခဲ့ဘဲ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့၏ မူလဇာတ်ရုပ်ကို အပီအပြင် လုပ်ဆောင်လာခဲ့ကြသည်။ပြည်သူများအပေါ် အကြမ်းဖက်သထက်ဖက်လာပြီး နောက်ဆုံး ဆန္ဒပြသူများကို သေနတ်များဖြင့် ပစ်သတ်မှုများပါ လုပ်ဆောင်လာခဲ့သည်။

“အစောပိုင်း ဆန္ဒပြကြတော့ ယဉ်မွန်တို့ ပါဝင်ခဲ့သေးတယ်။ သေချာတာတစ်ခုကတော့ နိုင်ငံရေးကို ယဉ်မွန်မသိဘူး။ ဒါပေမဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတဲ့ ပြည်သူတွေကို သတ်ဖြတ်တာတွေကိုတော့ မုန်းတယ်”ဟု ပြောရှာသည်။စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အခြေခံလူတန်းစားများအတွက် နေချင်စရာနိုင်ငံတစ်ခုမဟုတ်သည်မှာ သေချာသွားခဲ့သည်။ ယဉ်မွန်တို့၏ အလုပ်ရုံလည်း ပိတ်သွားခဲ့သည်။ လှိုင်သာယာတွင် ဖြစ်ခဲ့သည့် အဖြစ်အပျက်များသည် အလွန်ဆိုးရွားခဲ့သည်။

အကြမ်းဖက်စစ်တပ်နှင့် ပြည်သူများ၏ ထိပ်တိုက်တွေ့ဆုံမှုများသည် လုံးဝမမျှတခဲ့။ လှိုင်သာယာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်မှုများပြုလုပ်ခဲ့သည်။ အကြမ်းဖက် စစ်တပ်ကြောင့် လူပေါင်းရာချီသေဆုံးခဲ့ကြသလို၊ စက်ရုံအလုပ်ရုံများနှင့် လူနေအိမ်များပါ လုံခြုံမှုမရှိတော့ဘဲ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုများ ကြုံတွေ့ခဲ့ရသည်။

“ယဉ်မွန်တို့စက်ရုံလည်း ပိတ်လိုက်တယ်။ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့။ လုံးဝစိတ်ဓာတ်ကျသွားတယ်”ဟု သူကဆက်ပြောသည်။ယဉ်မွန်တစ်ယောက် စုဆောင်းထားသည့် ပိုက်ဆံများကို မိဘများကိုလည်း ပြန်မထောက်ပံ့နိုင်။ ခြိုးခြံချွေတာရင်း အလုပ်လက်မဲ့ဖြင့် ၅ လလောက် ဖြတ်သန်းခဲ့ရသည်။ ယဉ်မွန်ကံကောင်းသည်။ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း အလုပ်တစ်ခု ရရှိလိုက်သည်။

“အလုပ်ရတော့ဝမ်းသာတာပေါ့။ အရင်လိုတော့မဟုတ်ဘူး ပါကင်ပိတ်တဲ့အလုပ်ပါ။ ဒီလိုအခြေအနေမျိုးမှာ အလုပ်ရတာပဲကံကောင်းတယ်လေ”ဟု စိတ်ဓာတ်ကျနေသည့် ပုံစံဖြင့် ပြောသည်။ သို့သော်ယဉ်မွန် ကံမကောင်းနိုင်ခဲ့။ အလုပ်သစ်ရပြီး နှစ်လအကြာမှာ ပါကင်ပိတ်လုပ်ငန်းအတွက် အဓိက အရေးအပါဆုံးဖြစ်သည့် လျှပ်စစ်မီးရရှိမှု ခက်ခဲမှုများဖြစ်လာသည်။

ယဉ်မွန့်အတွက် ကိုဗစ်၊ စစ်အာဏာသိမ်းခြင်း၊ EPC စသည့် စကားလုံးများသည် စိတ်ပျက်ခြင်းအတိဖြစ်စေသည့် စကားလုံးဖြစ်ရတော့သည်။ အလုပ်သစ်ကလည်း အဆင်မပြေဖြစ်လာပြီး ယဉ်မွန်တစ်ယောက် ဘဝရပ်တည်ရန် ခက်ခဲလာ၍ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရတော့သည်။“ဒီဆုံးဖြတ်ချက်ကို ချဖို့ တော်တော်ခက်ခဲတယ်။ မိဘတွေကိုလည်း မပြောရဲဘူး။ အခုထိလည်း တိတ်တိတ်လေးပဲနေတယ်။ မသိမသာဘဲနေတယ်။ အခုကာလမှာ ဘဝရပ်တည်ဖို့က ယဉ်မွန်တို့လို အခြေခံလူတွေအတွက် မဖြစ်နိုင်တော့ဘူး”ဟု သူက ဆက်ပြောသည်။

ယဉ်မွန်တစ်ယောက် ညငှက်မလေး လုံးလုံးဖြစ်ခဲ့ရသည်။ ရိုးသားကြိုးစားပြီး စီးပွားရှာခဲ့သော်လည်း ကံက မျက်နှာသာမပေးတာကြောင့် ယခုလို ပိုက်ဆံရှာနည်းနှင့် ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။“ကိုဗစ်၊ အာဏာသိမ်းသူတွေနဲ့ EPC တို့ကြောင့်လို့ပဲ ပြောရင်ရမလားဘဲ။ ယဉ်မွန်အတွက်တော့ အခုလိုဘဝမျိုးဖြစ်လာရပြီ။ တခြားအလုပ်တွေလည်း ယဉ်မွန်တို့လို လူတွေအတွက် အဆင်မပြေပါဘူး။ ပညာလည်းမတတ်၊ ဘာလည်းမတတ်ဆိုတော့၊ ယဉ်မွန်တို့ထက် ပညာတတ်တဲ့ လုပ်တတ်ကိုင်တတ်တဲ့သူတွေတောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်မှတ်လား”ဟု စို့နင့်စွာ ပြောသည်။

“ပြောရရင် ဖိနပ်စီးတဲ့ ကြက်ပေါ့နော်။ ဒဂုံဆိပ်ကမ်းဖက်ခြမ်းဆိုရင် တစ်ခါလိုက်ရင် ၈၀၀၀ လောက်ရတယ်။ စစချင်းမှာပဲ ခြုံထဲခေါ်သွားခံရဖူးတယ်။ နောက်တော့ အဲ့လိုမျိုးဆို မလိုက်ရဲတော့ဘူး”ဟု အလုပ်နေရာသစ်တွင် ကြုံတွေ့ရသည့် အခက်အခဲကို ပြောရှာသည်။ယဉ်မွန်တို့လို အထည်ချုပ်လောကမှ ညငှက်မလေးများဘဝသို့ ရောက်ရှိလာသည့်သူပေါင်း ရာချီရှိကြောင်းလည်း သိရှိရသည်။ နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ စာမတတ်ဖြစ်နေမှုနှင့် လုံခြုံမှုမရှိတော့သည့် အခြေအနေများသည် အဆိုးရွားဆုံးဖြစ်နေခဲ့သည်။

“တချို့က မိဘမရှိကြတော့ဘူး။ ဒီအလုပ်လုပ်တာ အေးအေးဆေးဆေးလိုတောင် ဖြစ်နေပြီ။ ယဉ်မွန်တို့လို မိဘရှိသေးတဲ့သူတွေတော့ ရှိပါတယ်။ ယဉ်မွန့်လိုပဲ ဘယ်သူမှမပြောဘဲ တိတ်တိတ်လေး အခုအလုပ်လုပ်ရင်း ဖြတ်သန်းနေရတာပါ”ဟု လုပ်ဖော်ကိုင်ဖက်များအတွက်ပါ စိတ်မကောင်းဖြစ်ကြောင်းပြောပြီး အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ညငှက်အလုပ်သည် ထွက်ပေါက်အလုပ်တစ်ခုလိုပင်ဖြစ်နေပြီဟု ပြောရှာသည်။

လက်ရှိတွင် ယဉ်မွန်တစ်ယောက် တစ်ညသုံးသောင်းအထိ ရရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ်ကို ဆက်လက်အရင်းပြုနေရဆဲဖြစ်နေသည်။ “တစ်ညသုံးသောင်းနဲ့ ကာမအလိုရှိသည့်သူတွေကို ဖြည့်ဆည်းနေရတယ်”ဟု ယဉ်မွန်ကပြောသည်။ညငှက်အလုပ်ကို လုပ်ရင်း ပင်ပန်းမှုများကြားမှ ရယ်စရာများနှင့် အံ့အားသင့်စရာအခြေအနေများလည်း ကြုံတွေ့ခဲ့ရကြောင်းလည်း ယဉ်မွန်က ဖောက်သည်ချပြန်သည်။ “တချို့ဆို ဘာမပြောညာမပြောနဲ့ အောက်ခံဘောင်းဘီယူသွားတယ်။ မနည်းပြန်တောင်းတာတောင် အမှတ်တရဆိုပြီး သိမ်းသွားသေးတာ”ဟု ရယ်ရယ်မောမောနှင့် ပြောပြသည်။

လက်ရှိတွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများသည်လည်း တောင်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ကြည့်မြင်တိုင်တဖက်ကမ်းရှိ အလတ်ချောင်းရွာ၊ ဆိပ်ကြီးရွာနှင့် ဗေဒါရပ်ကွက်တို့တွင် တလုံးကျင်း(လိင်တခါပြု) ၈၀၀၀ ကျပ်၊ တစ်ညကို သုံးသောင်းကျပ်နှင့် အဆင်ပြေမည့် သူမျိုးတွေ့လျှင် လိုက်အိပ်လေ့ရှိကြောင်းပြောသည်။

“လိင်အကျိူးဆောင်တွေနဲ့နေရင်တော့ အိမ်လခနဲ့ စားစရိတ်ကပူစရာမလိုဘူး။ သူတို့က သူတို့အိပ်ဆိုတဲ့သူနဲ့အိပ်ရတယ်။ မအိပ်ရင်ရိုက်တယ်။ ရဲတွေနဲ့လည်းပိုင်တော့ သူတို့ကိုရှောင်တယ်။ ယဉ်မွန်တို့ကတော့အဲ့လိုနေဖို့ ကြောက်တယ်” ဟု အဆောင်ငှားနေထိုင်နေသည့် ယဉ်မွန်က ပြောသည်။“ခေါင်း”အောက်မှာ ပြည့်တန်ဆာလုပ်ကိုင်နေကြသည့် အမျိုးသမီးတွေကို မင်္ဂလာဒုံ(ခရေပင်လမ်းခွဲအနီး)၊ အဝေးပြေးကားဝင်း၊ လှိုင် ၆မိုင်ခွဲ၊ ကြည့်မြင်တိုင်ငါးဈေးအနီး၊ တာမွေမြို့နယ်က ဖိုးစိန်လမ်းနှင့် အင်းလျားကန်ဘောင်၊ ရန်ကင်းကန်ဘောင်၊ သမိုင်းလမ်းဆုံနှင့် တာမွေမြို့နယ် ကျားကွက်သစ်လမ်းများတွင် လူထင်ပြပြီး လိင်ဝန်ဆောင်မှုပေးတာမျိုး ပြုလုပ်ကြသည်ဟု သူမက ဆိုသည်။

ပြည်တန်ဆာလောကထဲတွင် တချို့အထက်လွှာဟု ဆိုကြသည့်သူများသည် သိန်းကြီးပိုင်းရကြပြီး အစားစားရှိကြောင်း ပြောပြန်သည်။ “ရုပ်ရည်ပိုင်း၊ ဘော်ဒီပိုင်းအရတော့ ကွာသွားတာပေါ့။ သူ့အလွာနဲ့သူ ဈေးကတော့ ရှိနေကြပါတယ်။ ယဉ်မွန်တို့ကျတော့ မရဘူး”ဟုဆိုသည်။ သို့သော် မိမိလုပ်နေသည့် အလုပ်ကို အလုပ်နှင့်တူအောင်လုပ်ပြီး ဖောက်သည်များ ယုံကြည်အောင် နေထိုင်သည်ဟု ဆက်ပြောသည်။ရန်ကုန်မြို့တွင် လူရည်လည်သူများက ညငှက်မလေးများကို မူးယစ်ဆေးဝါး ဖြန့်ဝေခိုင်းသည့် Hi မယ်များအဖြစ်ထိ ခိုင်းစားကြသလို အကြမ်းဖက်စစ်ကောင်စီကို ဆပ်ကြေးပေးထောက်ပံ့မှု (အခွန်)များ ပေးကာ ဖြတ်သန်းနေသူများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

တချို့ ပိုက်ဆံတတ်နိုင်သူများအတွက် နေရာများ သီးသန့်များရှိပြီး ယင်းနေရာများတွင် အစုံရသည်ဟု ယဉ်မွန်က သူ့သူငယ်ချင်းများ၏ အတွေ့အကြုံများထဲမှ တစ်ခုကို ပြောပြသည်။“အထဲမှာက Freedomပဲ။ အကုန်လုပ်လို့ရတယ်။ တောသူမတွေလဲ ပြင်ဆင်ပေးလိုက်တော့ လန်ထွက်နေရော။ ဈေးကတော့ မြောက်တယ်။ ONS (တစ်ညအိပ်)ကို တစ်သိန်းခွဲကနေ လေးသိန်းအထိရှိတယ်။ စကစကို ခေါင်းထဲထည့်စရာကိုမလိုဘူး”ဟု ပြောသည်။သို့သော် နိုင်ငံရေးအခြေအနေအရ အကြမ်းဖက်စစ်အာဏာရှင်ကို ဖြတ်ချရန် နည်းအမျိုးမျိုးနှင့် ကြိုးပမ်းနေကြသော်လည်း အချို့မှာ ပျော်ပါးမှုများနှင့် အချိန်ကုန်နေကြသည်ကိုလည်း ယဉ်မွန်က ပြောသည်။

“နိုင်ငံရေးဆိုတာ ဘာမှန်းမသိပေမယ့် အခုလက်ရှိအခြေအနေဟာ မဟုတ်မှန်ဘူးဆိုတာတော့သိတယ်။ PDF လေးတွေကိုလည်း ဘေးကင်းစေချင်တယ်။ အမြဲဘုရားမှာ ဆုတောင်းဖြစ်တယ်။ ဒီအခြေအနေကြီးအမြန်ဆုံးလွတ်မြောက်ပါစေလို့”ဟု စိတ်ပျက်လက်ပျက်နှင့် ပြောသည်။ယဉ်မွန်က လက်ရှိအလုပ်ကို ဘဝရပ်တည်ရေးအတွက် လုပ်ဆောင်နေရသော်လည်း အမြန်ဆုံး လွတ်မြောက်ချင်ပြီဟု ပြောသည်။ မြန်မာနိုင်ငံပြည်သူအပေါင်း ယခင်ကလို ပျော်ပျော်ရွှင်ရွှင်နှင့် ဖြတ်သန်းနေကြသည်ကို ပြန်လည်မြင်လိုကြောင်းလည်းပြောရှာသည်။ ယခုတွင် အိမ်ကို မပြောရဲသေးဘဲ ဘဝရပ်တည်ရေးကို တိတ်တဆိတ်ဖြေရှင်းရန် ဆုံးဖြတ်ထားကြောင်း ပြောသည်။

“ အမေများနေ့မှာ အမေ့ကို ဖုန်းမဆက်ရဲဘူး။ ကိုယ့်ဘဝကိုယ်မလုံသလိုဖြစ်နေတာ။ အမေ့ကို အရင်လို ရိုးရိုးသားသား ကြိုးကြိုးစားစား ရှာဖွေတဲ့ငွေနဲ့ အမြန်ဆုံးထောက်ပံ့ချင်နေပြီ”ဟု ပြောရင်း ယဉ်မွန်မျက်ဝန်းမှ မျက်ရည်များ ရီလေးခိုလာသည်။မည်သို့ပင်ဆိုဆို ယခုတော်လှန်ရေးသည် မည်၍ မည်မျှ ကြာလေဦးမည်မသိ၊ ယဉ်မွန်လို ခက်ခဲပြီး ညငှက်လေးများအဖြစ် ဖြတ်သန်းနေသည့် အမျိုးသမီးငယ်များအတွက်တော့ ဆက်လက်ရုန်းကန်ကြရဦးမည်ဆိုသည်မှာ အတိအကျပင်ဖြစ်သည်ဟုသာ ဆိုလိုက်ချင်တော့သည်။

သီဟရေးသည်။

ပုံစာ- ဈေးညှိနေသည့် ပြည့်တန်ဆာတစ်ဦး။