Dark Shadow တစ္ဖြဲ႕လုံး ေသလည္းမေသ၊ အဖမ္းလည္းမခံရဘဲ စစ္ေကာင္စီလက္မွ လြတ္ေျမာက္ၿပီး Cobra စစ္ေၾကာင္းတြင္ တပ္ဖြဲ႕ဝင္မ်ားအျဖစ္ ပါဝင္ေနၿပီ
ရန္ကုန္၊ ေမ ၁၁
ရန္ကုန္ၿမိဳ႕တြင္ ဖမ္းဆီးခဲ့ရသည္ဟု သတင္းထြက္ေပၚေသာ Dark Shadow တစ္ဖြဲ႕လုံးကို စစ္ေကာင္စီတပ္က ဖမ္းဆီးရန္ ႀကိဳးစားခဲ့ရာတြင္ တစ္ဖြဲ႕လုံး ေသလည္းမေသ
အဖမ္းလည္းမခံရဘဲ စစ္ေကာင္စီလက္မွ လြတ္ေျမာက္ၿပီး Cobra စစ္ေၾကာင္းတြင္ တပ္ဖြဲ႕ဝင္မ်ားအျဖစ္ ပါဝင္ေနၿပီျဖစ္ေၾကာင္း Dark Shadow ေခါင္းေဆာင္ ကိုခ်မ္းၿငိမ္းသူက ေျပာ ဆိုသည္
ရန္ကုန္၊ ၾကည့္ျမင္တိုင္တစ္ဖက္ကမ္း၊ အလတ္ေခ်ာင္းရပ္ကြက္တြင္ လူငယ္ ၁၄ ဦးကို ဧၿပီလ ၂၇ ရက္ေန႔ နံနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္တြင္ စစ္တပ္က ဝင္ဖမ္းၿပီး ၁ ဦးကို ပစ္သက္လိုက္ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္ဌာနသို႔ ေျပာဆိုသည္။
က်ေနာ္တို႔ စစ္သားေတြ ဝင္လာတာေတြ႕တယ္ အဲဒီမွာ က်ေနာ္တို႔က မသကၤာလို႔ ပစၥည္းေတြကို ေရႊ႕ေနတုန္း သူတို႔ဝင္လာတာေတြ႕ေတာ့ ပစၥည္းေတြ အကုန္ခ်ၿပီး ထြက္ေျပးတယ္
သူတို႔က အားလုံးကို လိုက္ပစ္တယ္ ေျမာင္းေတြထဲဆင္းေျပး၊ အိမ္သာက်င္းေတြထဲအထိ ဝင္ပုန္းရတယ္ ကိုယ့္နားက က်ည္ေတြ ထြက္သြားတာ ဝီကနဲ ဝီကနဲပဲ
အဲဒါ က်ေနာ္တို႔ တစ္ဖြဲ႕လုံး လြတ္ပါတယ္ မဆိုင္တဲ့သူေတြတခ်ိဳ႕ အဖမ္းခံရတယ္ အခုက်ေနာ္တို႔ အားလုံး လြတ္ေျမာက္နယ္ေျမေရာက္ပါၿပီ Cobra စစ္ေၾကာင္းမွာပါဝင္ၿပီး
စစ္အာဏာရွင္စနစ္ကို ဆက္ၿပီး ေတာ္လွန္တိုက္ခိုက္သြားမွာပါ က်ေနာ္တို႔ ေတၿပီး အဖမ္းခံရၿပီဆိုၿပီး ဝမ္းနည္းေနတဲ့ ျပည္သူေတြကို အသိေပးခ်င္တာပါ ဟု ကိုခ်မ္းၿငိမ္းသူက ေျပာဆိုသည္
ဧၿပီလ ၂၇ ရက္ေန႔ နံနက္ ၁၀ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ေသြးအလိမ္းလိမ္းျဖင့္ မ်က္ႏွာဖူးေရာင္ေနေသာ လူငယ္တစ္ဦးကို စစ္တပ္ ေခၚေဆာင္လာၿပီး အလတ္ေခ်ာင္းရပ္ကြက္အတြင္း ဝင္ေရာက္ ဖမ္းဆီးျခင္းျဖစ္ေၾကာင္း
လူငယ္ ၁ ဦးမွာ ထြက္ေျပးသျဖင့္ စစ္သားမ်ားက လိုက္လံဖမ္းဆီးၿပီး လဲက်သြားခ်ိန္တြင္ ပစ္သက္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာဆိုၾကသည္
ဖမ္းတာေတာ့ မဆိုင္တဲ့သူကို ဖမ္းတာ ေတတာလည္း မရွိဘူး သူတို႔ လိုက္ပစ္တဲ့အခ်ိန္မွာ က်ေနာ္တို႔ ေျပးၾကတာပဲ ေသလည္း မေသပါဘူး ဟု ကိုခ်မ္းၿငိမ္းသူက ဆိုသည္ Crd- Khit Thit
Dark Shadow တစ်ဖွဲ့လုံး သေလည်းမသေ၊ အဖမ်းလည်းမခံရဘဲ စစ်ကောင်စီလက်မှ လွတ်မြောက်ပြီး Cobra စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်နေပြီ
ရန်ကုန်၊ မေ ၁၁
ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ရသည်ဟု သတင်းထွက်ပေါ်သော Dark Shadow တစ်ဖွဲ့လုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးရန် ကြိုးစားခဲ့ရာတွင် တစ်ဖွဲ့လုံး သေလည်းမသေ
အဖမ်းလည်းမခံရဘဲ စစ်ကောင်စီလက်မှ လွတ်မြောက်ပြီး Cobra စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်များအဖြစ် ပါဝင်နေပြီဖြစ်ကြောင်း Dark Shadow ခေါင်းဆောင် ကိုချမ်းငြိမ်းသူက ပြော ဆိုသည်
ရန်ကုန်၊ ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ်ကွက်တွင် လူငယ် ၁၄ ဦးကို ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တပ်က ဝင်ဖမ်းပြီး ၁ ဦးကို ပစ်သက်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်ဌာနသို့ ပြောဆိုသည်။
ကျနော်တို့ စစ်သားတွေ ဝင်လာတာတွေ့တယ် အဲဒီမှာ ကျနော်တို့က မသင်္ကာလို့ ပစ္စည်းတွေကို ရွှေ့နေတုန်း သူတို့ဝင်လာတာတွေ့တော့ ပစ္စည်းတွေ အကုန်ချပြီး ထွက်ပြေးတယ်
သူတို့က အားလုံးကို လိုက်ပစ်တယ် မြောင်းတွေထဲဆင်းပြေး၊ အိမ်သာကျင်းတွေထဲအထိ ဝင်ပုန်းရတယ် ကိုယ့်နားက ကျည်တွေ ထွက်သွားတာ ဝီကနဲ ဝီကနဲပဲ
အဲဒါ ကျနော်တို့ တစ်ဖွဲ့လုံး လွတ်ပါတယ် မဆိုင်တဲ့သူတွေတချို့ အဖမ်းခံရတယ် အခုကျနော်တို့ အားလုံး လွတ်မြောက်နယ်မြေရောက်ပါပြီ Cobra စစ်ကြောင်းမှာပါဝင်ပြီး
စစ်အာဏာရှင်စနစ်ကို ဆက်ပြီး တော်လှန်တိုက်ခိုက်သွားမှာပါ ကျနော်တို့ တေပြီး အဖမ်းခံရပြီဆိုပြီး ဝမ်းနည်းနေတဲ့ ပြည်သူတွေကို အသိပေးချင်တာပါ ဟု ကိုချမ်းငြိမ်းသူက ပြောဆိုသည်
ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် သွေးအလိမ်းလိမ်းဖြင့် မျက်နှာဖူးရောင်နေသော လူငယ်တစ်ဦးကို စစ်တပ် ခေါ်ဆောင်လာပြီး အလတ်ချောင်းရပ်ကွက်အတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း
လူငယ် ၁ ဦးမှာ ထွက်ပြေးသဖြင့် စစ်သားများက လိုက်လံဖမ်းဆီးပြီး လဲကျသွားချိန်တွင် ပစ်သက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်
ဖမ်းတာတော့ မဆိုင်တဲ့သူကို ဖမ်းတာ တေတာလည်း မရှိဘူး သူတို့ လိုက်ပစ်တဲ့အချိန်မှာ ကျနော်တို့ ပြေးကြတာပဲ သေလည်း မသေပါဘူး ဟု ကိုချမ်းငြိမ်းသူက ဆိုသည် Crd- Khit Thit