Local News

KNU တပ်မဟာ ၅ နယ်မြေတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗိုလ် မျိုးမင်းအောင် ‌ေ.သဆုံး

KNU တပ်မဟာ ၅ နယ်မြေတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဗိုလ် မျိုးမင်းအောင် သေဆုံး

ဟိန်းစံ/ဧရာဝတီတိုင်းမ်

မေလ ၁၁ ရက်

ပဲခူတိုင်း၊တောင်ငူမြို့အခြေပြုစစ်ကောင်စီတပ်၏ ခလရ ၃၉ တပ်က ဗိုလ် မျိုးမင်းအောင်သည် KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှ တိုက်ပွဲတခုအတွင်း သေဆုံးသွားကြောင်း အဆိုပါတပ်ရင်းနှင့်နီးစပ်သည့်တောင်ငူဒေသခံတဦးထံက သိရသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)လက်အောက်ခံ အ ဆိုပါတပ်ရင်းသည် KNU တပ်မဟာနယ်မြေ ဖာပွန်ခရိုင် အတွင်းထိုးစစ်ဝင်ရောက်နေခြင်းဖြစ်ပြီး မေလ ၈ ရက်ဝန်းကျင်ကဖြစ်ပွားသည့်တိုက်ပွဲတခုတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” တပခ တိုင်းတပ်တွေက KNU တပ်မဟာ ၅ ဂွင်ကို ထိုးနေတာ။ ၈ ရက်နေ့လောက်ကကျသွားတာလို့သိရတယ်။ လက်နက်ကြီးလား စနိုက်ဘာလားတော့မသိဘူး” ဟု သေ ဆုံးသွားတဲ့စစ်ကောင်စီတပ်အရာရှိ၏တပ်ရင်းနှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေဆုံးသူ ဗိုလ် မျိုးမင်းအောင်သည် ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့အခြေစိုက် တပ်မတော် (ကြည်း) ဗိုလ် သင် တန်းကျောင်း( OTS)အမှတ်စဥ် ၁၂၂ ဆင်း အရာရှိတဦးဖြစ်သည်ကြောင်းသိရသည်။

ဗိုလ် မျိုးမင်းအောင် သေဆုံးသည့်တိုက်ပွဲအတွင်း ၄င်းနှင့်အတူ စစ်ကောင်စီတပ်သားဦးရေ မည်မျှသေဆုံးသည်ကိုတော့သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီတပ်အရာရှိမဖြစ်မီ ရှမ်းပြည်နယ်၊ဟိုပုံးမြို့အခြေစိုက် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ (MCTI)သင်တန်းအမှတ်စဥ် ၉ ကိုတက်ရောက်ခဲ့သူဖြစ်ပြီး ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းအစပ် အင်းတိုင် အခြေစိုက် အမှတ် ၁ ပင်မအလုပ်ရုံ(လျှပ်၊စက်) (ပလစ ၁) တပ်ရင်းတွင် တပ်ကြပ်ကြီးအဆင့်ဖြင့် တာဝန်ကျခဲ့ရာမှ စစ်ကောင်စီတပ်၏ OTSအမှတ်စဥ် ၁၂၂ ကိုဖြေဆိုတက်ရောက်ခဲ့သူဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သည့်အသိုင်း အ ဝိုင်းက ဆိုသည်။

OTS အပတ်စဥ် ၁၂၂ သည် ယခုနှစ်အတွင်း ဗိုလ်အဆင့်မှ ဗိုလ်ကြီးအဆင့်သို့တိုးမြှင့်ခြင်းခံရမည့် အရာရှိအပတ်စဥ်ဖြစ်သည်ဟုလည်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းက ဆိုသည်။

KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင် စီတပ်ဘက်မှ ထိခိုက်ကျဆုံးများလျက်ရှိကာ ကရင့်ပူး ပေါင်းတပ်ဖွဲ့များဘက်ကလည်း ထိခိုက်မှုများ ရှိကြောင်း သိရသည်။

KNU တပ္မဟာ ၅ နယ္ေျမတိုက္ပြဲအတြင္း စစ္ေကာင္စီတပ္ ဗိုလ္ မ်ိဳးမင္းေအာင္ ေသဆုံး

ဟိန္းစံ/ဧရာဝတီတိုင္းမ္

ေမလ ၁၁ ရက္

ပဲခူတိုင္း၊ေတာင္ငူၿမိဳ႕အေျချပဳစစ္ေကာင္စီတပ္၏ ခလရ ၃၉ တပ္က ဗိုလ္ မ်ိဳးမင္းေအာင္သည္ KNU တပ္မဟာ ၅ ထိန္းခ်ဳပ္နယ္ေျမမွ တိုက္ပြဲတခုအတြင္း ေသဆုံးသြားေၾကာင္း အဆိုပါတပ္ရင္းႏွင့္နီးစပ္သည့္ေတာင္ငူေဒသခံတဦးထံက သိရသည္။

ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(တပခ)လက္ေအာက္ခံ အ ဆိုပါတပ္ရင္းသည္ KNU တပ္မဟာနယ္ေၿမ ဖာပြန္ခရိုင္ အတြင္းထိုးစစ္ဝင္ေရာက္ေနျခင္းျဖစ္ၿပီး ေမလ ၈ ရက္ဝန္းက်င္ကျဖစ္ပြားသည့္တိုက္ပြဲတခုတြင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

” တပခ တိုင္းတပ္ေတြက KNU တပ္မဟာ ၅ ဂြင္ကို ထိုးေနတာ။ ၈ ရက္ေန႔ေလာက္ကက်သြားတာလို႔သိရတယ္။ လက္နက္ႀကီးလား စနိုက္ဘာလားေတာ့မသိဘူး” ဟု ေသ ဆုံးသြားတဲ့စစ္ေကာင္စီတပ္အရာရွိ၏တပ္ရင္းႏွင့္နီးစပ္သူတဦးက ဧရာဝတီတိုင္းမ္ကိုေျပာသည္။

ေသဆုံးသူ ဗိုလ္ မ်ိဳးမင္းေအာင္သည္ ရွမ္းျပည္နယ္၊ ဗထူးတပ္ၿမိဳ႕အေျခစိုက္ တပ္မေတာ္ (ၾကည္း) ဗိုလ္ သင္ တန္းေက်ာင္း( OTS)အမွတ္စဥ္ ၁၂၂ ဆင္း အရာရွိတဦးျဖစ္သည္ေၾကာင္းသိရသည္။

ဗိုလ္ မ်ိဳးမင္းေအာင္ ေသဆုံးသည့္တိုက္ပြဲအတြင္း ၄င္းႏွင့္အတူ စစ္ေကာင္စီတပ္သားဦးေရ မည္မၽွေသဆုံးသည္ကိုေတာ့သီးျခားအတည္ျပဳနိုင္ျခင္းမရွိပါ။

စစ္ေကာင္စီတပ္အရာရွိမျဖစ္မီ ရွမ္းျပည္နယ္၊ဟိုပုံးၿမိဳ႕အေျခစိုက္ တပ္မေတာ္ကြန္ပ်ဴတာႏွင့္နည္းပညာသိပၸံ (MCTI)သင္တန္းအမွတ္စဥ္ ၉ ကိုတက္ေရာက္ခဲ့သူျဖစ္ၿပီး ရန္ကုန္တိုင္းႏွင့္ပဲခူးတိုင္းအစပ္ အင္းတိုင္ အေျခစိုက္ အမွတ္ ၁ ပင္မအလုပ္႐ုံ(လၽွပ္၊စက္) (ပလစ ၁) တပ္ရင္းတြင္ တပ္ၾကပ္ႀကီးအဆင့္ျဖင့္ တာဝန္က်ခဲ့ရာမွ စစ္ေကာင္စီတပ္၏ OTSအမွတ္စဥ္ ၁၂၂ ကိုေျဖဆိုတက္ေရာက္ခဲ့သူျဖစ္ေၾကာင္း ၄င္းႏွင့္နီးစပ္သည့္အသိုင္း အ ဝိုင္းက ဆိုသည္။

OTS အပတ္စဥ္ ၁၂၂ သည္ ယခုႏွစ္အတြင္း ဗိုလ္အဆင့္မွ ဗိုလ္ႀကီးအဆင့္သို႔တိုးျမႇင့္ျခင္းခံရမည့္ အရာရွိအပတ္စဥ္ျဖစ္သည္ဟုလည္း စစ္ေကာင္စီတပ္အသိုင္းအဝိုင္းက ဆိုသည္။

KNU တပ္မဟာ ၅ နယ္ေျမအတြင္း စစ္ေကာင္စီတပ္ႏွင့္ ကရင့္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္-KNLA တို႔အၾကား တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားေနၿပီး စစ္ေကာင္ စီတပ္ဘက္မွ ထိခိုက္က်ဆုံးမ်ားလ်က္ရွိကာ ကရင့္ပူး ေပါင္းတပ္ဖြဲ႕မ်ားဘက္ကလည္း ထိခိုက္မႈမ်ား ရွိေၾကာင္း သိရသည္။