Local News

ထီရိေက်း႐ြာရွိ စစ္တပ္စခန္းကို

ထီရိေက်း႐ြာရွိ စစ္တပ္စခန္းကို ကရင္နီပူးေပါင္းတပ္ဖြဲ႕ဝင္တိုက္စဥ္ ဗိုလ္မႉးအပါ အဝင္ ၅ ဦး အရွင္ဖမ္းမိၿပီး လက္နက္ခဲယမ္းအေျမာက္အျမား သိမ္းဆည္းရမိ

ရန္ကုန္၊ ေမ ၁၂

ရွမ္း-ကရင္နီအစပ္၊ မိုးၿဗဲအင္း အေရွ႕ဘက္ကမ္းရွိ ထီရိေက်း႐ြာတြင္ တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီ ဂိတ္စခန္းကို ယေန႔ ေမလ ၁၂ ရက္ နံနက္ အေစာပိုင္းတြင္ ကရင္နီပူးေပါင္းတပ္ဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ၿပီး စစ္ေကာင္ စီ၏ ဗိုလ္မႉးအဆင့္ ၁ ဦးအပါအဝင္ ၅ ဦး ကို အရွင္ဖမ္းမိေၾကာင္း၊ လက္နက္ခဲယမ္းမ်ားရရွိေၾကာင္း KnICႏွင့္ ေဒသခံမ်ားထံမွ သိရွိရသည္။

“မနက္ ၄ နာရီေလာက္ကေန ေသနတ္သံ စၾကားရတယ္၊ မနက္ ၆ နာရီဝန္း က်င္က်ေတာ့ ဖယ္ခုံကေန လက္နက္ႀကီးနဲ႔ စပစ္တယ္။ ၇ နာရီခြဲ ၈ နာရီေလာက္မွာ ေလယာဥ္ပစ္ကူလာတယ္။ တိုက္ပြဲအေသးစိတ္ေတာ့ မသိဘူး၊ ၅ ေယာက္ကို အရွင္ဖမ္းမိတယ္လို႔ၾကားတယ္။ စခန္းမွာ ဘယ္ႏွစ္ေယာက္ရွိလဲေတာ့ အတိအက်မသိဘူး၊ ဗိုလ္မႉးအဆင့္ထိုင္တယ္လို႔ ၾကားတယ္။ ေညာင္ေ႐ႊဘက္ကလည္း စစ္ကား ၅ စီး ဆင္းလာၿပီလို႔ သိရတယ္။ ႐ြာသားေတြက ေျမာက္ ဘက္ နမ့္ပြန္ဘက္လည္းေျပးတယ္၊ ေတာင္ဘက္ လြယ္ေပါဘက္လည္း ေျပးၾကတယ္။ ႐ြာသားေတြ ထိခိုက္မႈ ရွိ၊ မရွိေတာ့ မသိရေသးဘူး” ဟု ေဒသခံ ၁ ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အဆိုပါ စစ္ေကာင္စီဂိတ္စခန္းကို KNDF တပ္ရင္း ၃ (ဖယ္ခုံ) ႏွင့္ ပူးေပါင္းတပ္ဖြဲ႕က တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရၿပီး တိုက္ပြဲျဖစ္စဥ္အေသးစိတ္ကို ကနဦး မသိရွိရေသးေပ။ေညာင္ေ႐ႊၿမိဳ႕နယ္၊ ထီရိေက်း႐ြာသည္ ရွမ္း-ကရင္နီအစပ္ မိုးၿဗဲအင္း အေရွ႕ဘက္ကမ္းတြင္တည္ရွိၿပီး ေညာင္ေ႐ႊ-နမ့္ပြန္-ထီရိ-လြယ္ေပါ လမ္းေၾကာင္းတြင္ရွိၿပီး လင္ဖုံေလးလမ္းခြဲမွတဆင့္ မိုးၿဗဲသို႔လည္းေကာင္း လြိဳင္ေကာ္သို႔လည္းေကာင္း ဆက္သြယ္ထားသည္။

အဆိုပါ ထီရိေက်း႐ြာ ရွိ စစ္ေကာင္စီဂိတ္စခန္းကို ကရင္နီပူေပါင္းအဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ ထီရိေက်း႐ြာေျမာက္ဘက္ ၂ မိုင္ခန႔္အကြာရွိ နမ့္ပြန္ေက်း႐ြာဂိတ္စခန္းတြင္ ပအိုဝ္းျပည္သူ႔စစ္ PNO တပ္ဖြဲ႕မ်ား အင္အားျဖည့္တင္းလိုက္ေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

အဆိုပါ ထီရိေက်း႐ြာရွိ စစ္ေကာင္စီဂိတ္သည္ ျဖတ္သန္းသြားလာေသာ ခရီးသြားကားမ်ား၊ ကုန္တင္ကားမ်ားထံမွ ပိုက္ဆံေတာင္းခံမႈႏွင့္ အစစ္အေဆး ၾကမ္းေသာ ဂိတ္ ၁ ခုျဖစ္ေၾကာင္းႏွင့္ ကားအမ်ားစုမွာ ေရွာင္ကြင္းသြားေလ့ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

တိုက္ပြဲျဖစ္စဥ္အေသးစိတ္ႏွင့္ ပတ္သက္ၿပီး ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ဖြဲ႕ KNDF တပ္ရင္း ၃ ဖယ္ခုံဇုံက မၾကာမီ သတင္းထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ဓာတ္ပုံ- ဖမ္းဆီးရမိေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅ ဦးႏွင့္လက္နက္မ်ား။

Photo- KnIC

ထီရိကျေးရွာရှိ စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်စဉ် ဗိုလ်မှူးအပါ အဝင် ၅ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၁၂

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်းရှိ ထီရိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ယနေ့ မေလ ၁၂ ရက် နံနက် အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင် စီ၏ ဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် ၅ ဦး ကို အရှင်ဖမ်းမိကြောင်း၊ လက်နက်ခဲယမ်းများရရှိကြောင်း KnICနှင့် ဒေသခံများထံမှ သိရှိရသည်။

“မနက် ၄ နာရီလောက်ကနေ သေနတ်သံ စကြားရတယ်၊ မနက် ၆ နာရီဝန်း ကျင်ကျတော့ ဖယ်ခုံကနေ လက်နက်ကြီးနဲ့ စပစ်တယ်။ ၇ နာရီခွဲ ၈ နာရီလောက်မှာ လေယာဉ်ပစ်ကူလာတယ်။ တိုက်ပွဲအသေးစိတ်တော့ မသိဘူး၊ ၅ ယောက်ကို အရှင်ဖမ်းမိတယ်လို့ကြားတယ်။ စခန်းမှာ ဘယ်နှစ်ယောက်ရှိလဲတော့ အတိအကျမသိဘူး၊ ဗိုလ်မှူးအဆင့်ထိုင်တယ်လို့ ကြားတယ်။ ညောင်ရွှေဘက်ကလည်း စစ်ကား ၅ စီး ဆင်းလာပြီလို့ သိရတယ်။ ရွာသားတွေက မြောက် ဘက် နမ့်ပွန်ဘက်လည်းပြေးတယ်၊ တောင်ဘက် လွယ်ပေါဘက်လည်း ပြေးကြတယ်။ ရွာသားတွေ ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီဂိတ်စခန်းကို KNDF တပ်ရင်း ၃ (ဖယ်ခုံ) နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရပြီး တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ကနဦး မသိရှိရသေးပေ။ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာသည် ရှမ်း-ကရင်နီအစပ် မိုးဗြဲအင်း အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ညောင်ရွှေ-နမ့်ပွန်-ထီရိ-လွယ်ပေါ လမ်းကြောင်းတွင်ရှိပြီး လင်ဖုံလေးလမ်းခွဲမှတဆင့် မိုးဗြဲသို့လည်းကောင်း လွိုင်ကော်သို့လည်းကောင်း ဆက်သွယ်ထားသည်။

အဆိုပါ ထီရိကျေးရွာ ရှိ စစ်ကောင်စီဂိတ်စခန်းကို ကရင်နီပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထီရိကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နမ့်ပွန်ကျေးရွာဂိတ်စခန်းတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များ အင်အားဖြည့်တင်းလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ထီရိကျေးရွာရှိ စစ်ကောင်စီဂိတ်သည် ဖြတ်သန်းသွားလာသော ခရီးသွားကားများ၊ ကုန်တင်ကားများထံမှ ပိုက်ဆံတောင်းခံမှုနှင့် အစစ်အဆေး ကြမ်းသော ဂိတ် ၁ ခုဖြစ်ကြောင်းနှင့် ကားအများစုမှာ ရှောင်ကွင်းသွားလေ့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၃ ဖယ်ခုံဇုံက မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနှင့်လက်နက်များ။

Photo- KnIC