ဗိုလ္နဂါးအဖြဲ႕ဝင္ေရာက္တိုက္ခိုက္စဥ္ ေျမျပင္၊ ေဝဟင္စစ္ကူခဲ့ရတဲ့ စကစနဲ႔ပ်ဴေစာထီးအေျခစိုက္စခန္းမွ စစ္ေကာင္စီတပ္သား ၂၀ခန္႔ေသ၊ ကာကြယ္ေရးအဖြဲ႕ဘက္က ၁ဦးက်ဆုံး
BVJ၊ ေမ ၁၂၊ ၂၀၂၂
တိုက္ပြဲျဖစ္ပြားေနစဥ္ ေျမျပင္၊ ေဝဟင္စစ္ေၾကာင္းကူေနရတဲ့ စကစနဲ႔ပ်ဴေစာထီးအေျခစိုက္စခန္းကို ဗိုလ္နဂါးအဖြဲ႕ ကဝင္ေရာက္တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၂၀ခန္႔ေသၿပီး ကာကြယ္ေရးအဖြဲ႕ဘက္က ၁ဦးက်ဆုံးခဲ့ရတယ္လို႔ ေမ၁၂ရက္မွာ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္က သတင္းထုတ္ျပန္ပါတယ္။
ေမ ၁၀ ရက္ နံနက္ ၁၁နာရီခန္႔က ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္(M.R.D.A)က ဦးေဆာင္ၿပီး KUG ကိုယ္စားျပဳ G.Y.Zအဖြဲ႕ရဲ႕ ပူးေပါင္းပါဝင္မႈနဲ႔ ပုလဲၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာအတြင္း တပ္စြဲထားတဲ့အၾကမ္းဖက္စကစနဲ႔ ပ်ဴေစာထီးပူးေပါင္းစခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့တာလည္းျဖစ္ပါတယ္။
ဒီလိုတိုက္ခိုက္ေနစဥ္ ေန႔လည္ ၂နာရီ ၄၅မိနစ္အခ်ိန္ခန္႔မွာ စကစဘက္က ေလေၾကာင္းပစ္ကူေရာက္ရွိလာၿပီး ၄၅မိနစ္ခန္႔ၾကာ ပစ္ခတ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အင္အားျဖည့္တင္းဖို႔လည္း စစ္ကူထြက္လာတဲ့ စစ္ေကာင္စီစစ္ယာဥ္တန္းကိုလည္း ဆားလင္းႀကီးအေျခစိုက္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ M.R.D.A (ဆားလင္းႀကီး)နဲ႔အတူ တစ္ေဇာက္ကန္းဘဂ်မ္းအဖြဲ႕တို႔ပူးေပါင္းအဖြဲ႕က မိုင္းနဲ႔တိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။
ဒီလိုတိုက္ခိုက္မႈေၾကာင့္ စကစ ယာဥ္တန္းမွ ကားတစ္စီး လုံးဝပ်က္စီးေလာင္ကြၽမ္းသြားၿပီး ၃စီး ထိခိုက္ခဲ့တယ္လို႔ သိရပါတယ္။ ဇီးျဖဴကုန္းပ်ဴစခန္းကို စကစဘက္မွ ရဟတ္ယာဥ္ လာေရာက္ကူညီခဲ့ေသာ္လည္း ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ (M.R.D.A)ရဲ႕ စစ္သည္ေတာ္မ်ားအေနနဲ႔ အဆိုပါစခန္းကို က်ေအာင္ဆက္လက္ တိုက္ခိုက္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။
အထိနာခဲ့တဲ့ စကစအဖြဲ႕ဟာယင္းေန႔ ညေန ၆နာရီမိနစ္၅၀ ခန္႔မွာ ဒုတိယအႀကိမ္ ေလယာဥ္ပစ္ကူေရာက္ရွိလာၿပီး ၂၅ မိနစ္ခန္႔ၾကာေအာင္ပစ္ခတ္ခဲ့ၿပီး ည ၇နာရီမိနစ္၃၀ ခန္႔မွာ ျပန္လည္ထြက္ခြာသြားတယ္လို႔ သိရပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းေနမႈေၾကာင့္ ပူးေပါင္းတပ္ဖြဲ႕ေတြဟာ ျပန္လည္ဆုတ္ခြာခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ဇီးျဖဴကုန္းေက်း႐ြာရွိ စကစနဲ႔ ပ်ဴစခန္းကို စီးနင္းတိုက္ခိုက္မႈမွာ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ရဲ႕ ပူးေပါင္းမဟာမိတ္ KUG ကိုယ္စားျပဳ G.Y.Z အဖြဲ႕မွ ျပည္သူ႔ရဲေဘာ္တစ္ဦး က်ဆုံးခဲ့ရတယ္လို႔ ထုတ္ျပန္ထားပါတယ္။
ဗိုလ်နဂါးအဖွဲ့ဝင်ရောက်တိုက်ခိုက်စဉ် မြေပြင်၊ ဝေဟင်စစ်ကူခဲ့ရတဲ့ စကစနဲ့ပျူစောထီးအခြေစိုက်စခန်းမှ စစ်ကောင်စီတပ်သား ၂၀ခန့်သေ၊ ကာကွယ်ရေးအဖွဲ့ဘက်က ၁ဦးကျဆုံး
BVJ၊ မေ ၁၂၊ ၂၀၂၂
တိုက်ပွဲဖြစ်ပွားနေစဉ် မြေပြင်၊ ဝေဟင်စစ်ကြောင်းကူနေရတဲ့ စကစနဲ့ပျူစောထီးအခြေစိုက်စခန်းကို ဗိုလ်နဂါးအဖွဲ့ ကဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ခန့်သေပြီး ကာကွယ်ရေးအဖွဲ့ဘက်က ၁ဦးကျဆုံးခဲ့ရတယ်လို့ မေ၁၂ရက်မှာ မြန်မာ့တော်ဝင်နဂါးတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
မေ ၁၀ ရက် နံနက် ၁၁နာရီခန့်က မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)က ဦးဆောင်ပြီး KUG ကိုယ်စားပြု G.Y.Zအဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်း တပ်စွဲထားတဲ့အကြမ်းဖက်စကစနဲ့ ပျူစောထီးပူးပေါင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီလိုတိုက်ခိုက်နေစဉ် နေ့လည် ၂နာရီ ၄၅မိနစ်အချိန်ခန့်မှာ စကစဘက်က လေကြောင်းပစ်ကူရောက်ရှိလာပြီး ၄၅မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အင်အားဖြည့်တင်းဖို့လည်း စစ်ကူထွက်လာတဲ့ စစ်ကောင်စီစစ်ယာဉ်တန်းကိုလည်း ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် M.R.D.A (ဆားလင်းကြီး)နဲ့အတူ တစ်ဇောက်ကန်းဘဂျမ်းအဖွဲ့တို့ပူးပေါင်းအဖွဲ့က မိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် စကစ ယာဉ်တန်းမှ ကားတစ်စီး လုံးဝပျက်စီးလောင်ကျွမ်းသွားပြီး ၃စီး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇီးဖြူကုန်းပျူစခန်းကို စကစဘက်မှ ရဟတ်ယာဉ် လာရောက်ကူညီခဲ့သော်လည်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)ရဲ့ စစ်သည်တော်များအနေနဲ့ အဆိုပါစခန်းကို ကျအောင်ဆက်လက် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အထိနာခဲ့တဲ့ စကစအဖွဲ့ဟာယင်းနေ့ ညနေ ၆နာရီမိနစ်၅၀ ခန့်မှာ ဒုတိယအကြိမ် လေယာဉ်ပစ်ကူရောက်ရှိလာပြီး ၂၅ မိနစ်ခန့်ကြာအောင်ပစ်ခတ်ခဲ့ပြီး ည ၇နာရီမိနစ်၃၀ ခန့်မှာ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
ဇီးဖြူကုန်းကျေးရွာရှိ စကစနဲ့ ပျူစခန်းကို စီးနင်းတိုက်ခိုက်မှုမှာ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ပူးပေါင်းမဟာမိတ် KUG ကိုယ်စားပြု G.Y.Z အဖွဲ့မှ ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။