Local News

KBZ BANK မွာအေစာင့္မ်ားခ်ထားတဲ့ၾကားက

မုံ႐ြာၿမိဳ႕ KBZ BANK မွာအေစာင့္မ်ားခ်ထားတဲ့ၾကားက ၅ ႀကိမ္ေျမာက္ဗုံးခြဲခံရ

မုံ႐ြာ၊ ေမ ၁၂၊ ၂၀၂၂။

မုံ႐ြာၿမိဳ႕ ၊ ေပ ၈၀ လမ္းထိပ္ရွိ KBZ BANK အား အရပ္ဝတ္မ်ားျဖင့္ စစ္အုပ္စုအေစာင့္ခ်ထားသည့္ၾကားက ယေန႔ ေမလ ၁၂ ရက္ေန႔မွာ ဗုံးနဲ႔ပစ္ခြဲခံရေၾကာင္း သိရသည္။

ေဖာက္ခြဲမႈကို နံနက္ ၁၀ နာရီအခ်ိန႔္က UFM က ဗုံး ၁ လုံးပစ္သြင္းကာျပဳလုပ္ခဲ့ေၾကာင္း Unity Force Monywa ဗိုလ္ေအာက္ဆြဲက ေျမလတ္အသံကိုေျပာသည္။

“အရပ္ဝတ္ေတြနဲ႔ ေစာင့္ေနတာေတြရွိေတာ့ အဒီၾကားထဲကေန ရေအာင္ေတာ့ခြဲခဲ့ရတယ္။

က်ေနာ့္လူေတြလည္း လိုက္ပစ္တာခံရတယ္။ ျပည္သူေတြအေနနဲ႔လည္း က်ေနာ္တို႔ လႈပ္ရွားမႈလုပ္ေနတဲ့အခ်ိန္မွာ စကစ ေတြနဲ႔ေဝးရာကိုေရွာင္ေပးဖို႔ေျပာခ်င္တယ္။ ဒီဘဏ္ကို အႀကိမ္ႀကိမ္သတိေပးတယ္ အဲၾကားထဲက လူသားျခင္းစာနာလို႔ လူေတြထိခိုက္ေအာင္မလုပ္ခဲ့ဘူး သူတို႔ကျပည္သူေတြအေကာင့္ေတြကို အႀကိမ္ႀကိမ္ပိတ္ေနလို႔ ျပည္သူေတြကပန္ၾကားလို႔လုပ္ရတာ” လို႔ ၎က ဆိုသည္။

အေကာင့္ပိတ္ခံရတဲအတြက္ တိုင္ၾကားမႈကို တဦးတေယာက္ထဲမဟုတ္ဘဲ အမ်ားအျပားက တိုင္ၾကားခဲ့ၿပီး ျပည္သူမ်ားအခက္ခဲၾကားက လႉဒါန္းထားတဲ့အေကာင့္မ်ားကိုပိတ္ခဲ့ေၾကာင္း ဆက္လက္ဆိုပါတယ္။

ေဖာက္ခြဲမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ၿပီး လိုက္လံပစ္ခတ္ခဲ့တာတေတြလည္း ရွိခဲ့ကာ ယင္းဘဏ္ကိုမတ္လ၊ ဧၿပီလႏွင့္ ယခုတႀကိမ္ေဖာက္ခြဲမႈအပါ ၅ ႀကိမ္ထိေဖာက္ခြဲခဲ့ေၾကာင္း သိရသည္။

#ေျမလတ္အသံ

မုံရွာမြို့ KBZ BANK မှာအစောင့်များချထားတဲ့ကြားက ၅ ကြိမ်မြောက်ဗုံးခွဲခံရ

မုံရွာ၊ မေ ၁၂၊ ၂၀၂၂။

မုံရွာမြို့ ၊ ပေ ၈၀ လမ်းထိပ်ရှိ KBZ BANK အား အရပ်ဝတ်များဖြင့် စစ်အုပ်စုအစောင့်ချထားသည့်ကြားက ယနေ့ မေလ ၁၂ ရက်နေ့မှာ ဗုံးနဲ့ပစ်ခွဲခံရကြောင်း သိရသည်။

ဖောက်ခွဲမှုကို နံနက် ၁၀ နာရီအချိန့်က UFM က ဗုံး ၁ လုံးပစ်သွင်းကာပြုလုပ်ခဲ့ကြောင်း Unity Force Monywa ဗိုလ်အောက်ဆွဲက မြေလတ်အသံကိုပြောသည်။

“အရပ်ဝတ်တွေနဲ့ စောင့်နေတာတွေရှိတော့ အဒီကြားထဲကနေ ရအောင်တော့ခွဲခဲ့ရတယ်။

ကျနော့်လူတွေလည်း လိုက်ပစ်တာခံရတယ်။ ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ လှုပ်ရှားမှုလုပ်နေတဲ့အချိန်မှာ စကစ တွေနဲ့ဝေးရာကိုရှောင်ပေးဖို့ပြောချင်တယ်။ ဒီဘဏ်ကို အကြိမ်ကြိမ်သတိပေးတယ် အဲကြားထဲက လူသားခြင်းစာနာလို့ လူတွေထိခိုက်အောင်မလုပ်ခဲ့ဘူး သူတို့ကပြည်သူတွေအကောင့်တွေကို အကြိမ်ကြိမ်ပိတ်နေလို့ ပြည်သူတွေကပန်ကြားလို့လုပ်ရတာ” လို့ ၎င်းက ဆိုသည်။

အကောင့်ပိတ်ခံရတဲအတွက် တိုင်ကြားမှုကို တဦးတယောက်ထဲမဟုတ်ဘဲ အများအပြားက တိုင်ကြားခဲ့ပြီး ပြည်သူများအခက်ခဲကြားက လှူဒါန်းထားတဲ့အကောင့်များကိုပိတ်ခဲ့ကြောင်း ဆက်လက်ဆိုပါတယ်။

ဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး လိုက်လံပစ်ခတ်ခဲ့တာတတွေလည်း ရှိခဲ့ကာ ယင်းဘဏ်ကိုမတ်လ၊ ဧပြီလနှင့် ယခုတကြိမ်ဖောက်ခွဲမှုအပါ ၅ ကြိမ်ထိဖောက်ခွဲခဲ့ကြောင်း သိရသည်။

#မြေလတ်အသံ