Local News

ဟြန္ဆင္ အေမရိကန္မွာ

မင္းေအာင္လႈိင္အတြက္ ဘက္လိုက္မႈ ရွိတယ္လို႔ စြပ္စြဲခံေနရတဲ့ အာဏာရွင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆင္ အေမရိကန္မွာ ဖိနပ္နဲ႔ အေပါက္ခံရ

ရန္ကုန္၊ ေမ ၁၃

ကေမာၻဒီးယားႏိုင္ငံတြင္းမွာ လြတ္လပ္တဲ့‌ ေ႐ြးေကာက္ပြဲေတြ က်င္းပျခင္းမရွိဘဲ အတိုက္အခံႏိုင္ငံေရးသမားေတြ၊ သတင္းသမားေတြ အႀကီးအက်ယ္ ဖိႏွိပ္ ေထာင္ခ်ေနတဲ့သူ၊ ျမန္မာ့အေရးမွာ စစ္အာဏာရွင္ မင္းေအာင္လႈိင္ဘက္က ဘက္လိုက္ေနတယ္လို႔ စြပ္စြဲခံေနရတဲ့ အာဏာရွင္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ အာဏာရွင္ ဟြန္ဆင္ဟာ အေမရိကန္ျပည္ေထာင္စု ၊ ဝါရွင္တန္ဒီစီမွာ သူ႔ရဲ႕ ေထာက္ခံသူေတြကို ႏႈတ္ဆက္ေနတုန္း ဖိနပ္နဲ႔ အေပါက္ခံခဲ့ရပါတယ္။

ေမလ ၁၁ ရက္ေန႔မွာ အဲဒီျဖစ္စဥ္ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဖိနပ္က လြဲေခ်ာ္သြားတဲ့အတြက္ ဟြန္ဆင္ကို ထိသြားတာမ်ိဳးေတာ့မရွိပါဘူး။

ကေမာၻဒီးယားမွာဆိုရင္ ဟြန္ဆင္ရဲ႕ ပိုစတာကို ဖိနပ္နဲ႔ေပါက္တာနဲ႔တင္ ေထာင္ ဒဏ္ ၄ ႏွစ္ခ်ခံခဲ့ရတဲ့ ျဖစ္စဥ္တစ္ခု ၂၀၁၈ ခုႏွစ္မွာျဖစ္ပြားခဲ့ပါတယ္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆင္ဟာ ဆယ္စုေပါင္းမ်ားစြာ အာဏာကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ခ်ဳပ္ကိုင္ၿပီး အတိုက္အခံႏိုင္ငံေရးသမားေတြကို နည္းလမ္းမ်ိဳးစုံနဲ႔ ဖိႏွိပ္ေနတဲ့ အာဏာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

သူ႔မိသားစုဟာ ႏိုင္ငံစီးပြားေရးလုပ္ငန္းေတြအားလုံးကို ထိန္းခ်ဳပ္ ႂကြယ္၀ ခ်မ္းသာၿပီး စစ္တပ္ကိုလည္း သူ႔အမ်ိဳးေတြနဲ႔ မိသားစုဝင္ေတြကို ရာထူးေပး ခ်ဳပ္ကိုင္ေနတာလည္းျဖစ္ပါတယ္။

အာဆီယံဥကၠ႒ အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ကေမာၻဒီးယား ဝန္ႀကီးခ်ဳပ္ဟြန္ဆင္ဟာ ျမန္မာ့အေရးနဲ႔ပတ္သက္ရင္ မင္းေအာင္လႈိင္ကို တစ္ဖက္တစ္လမ္း ထိေတြ႕ဆက္ဆံၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူေတြကို အႏုတ္လကၡဏာေဆာင္တဲ့ စကားေတြပဲ ေျပာဆို ေဝဖန္ေနသူလို႔ ေဝဖန္ခံေနရသူလည္းျဖစ္ပါတယ္။

ဟြန္ဆင္ဟာ လက္ရွိမွာ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝး တက္ေရာက္ဖို႔ အေမရိကန္၊ ဝါရွင္တန္ဒီစီမွာ ေရာက္ရွိေနတာလည္းျဖစ္ပါတယ္။

ဓာတ္ပုံ- အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ဒီစီမွာ ေထာက္ခံသူေတြနဲ႔ ႏႈတ္ဆက္ေနရင္း ဖိနပ္နဲ႔ အေပါက္ခံရလို႔ သူေရွ႕မွာ ဖိနပ္ပ်ံက က်သြားတဲ့ ျမင္ကြင္း။

မင်းအောင်လှိုင်အတွက် ဘက်လိုက်မှု ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် အမေရိကန်မှာ ဖိနပ်နဲ့ အပေါက်ခံရ

ရန်ကုန်၊ မေ ၁၃

ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ လွတ်လပ်တဲ့‌ ရွေးကောက်ပွဲတွေ ကျင်းပခြင်းမရှိဘဲ အတိုက်အခံနိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ အကြီးအကျယ် ဖိနှိပ် ထောင်ချနေတဲ့သူ၊ မြန်မာ့အရေးမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ဘက်က ဘက်လိုက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် အာဏာရှင် ဟွန်ဆင်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမှာ သူ့ရဲ့ ထောက်ခံသူတွေကို နှုတ်ဆက်နေတုန်း ဖိနပ်နဲ့ အပေါက်ခံခဲ့ရပါတယ်။

မေလ ၁၁ ရက်နေ့မှာ အဲဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖိနပ်က လွဲချော်သွားတဲ့အတွက် ဟွန်ဆင်ကို ထိသွားတာမျိုးတော့မရှိပါဘူး။

ကမ္ဘောဒီးယားမှာဆိုရင် ဟွန်ဆင်ရဲ့ ပိုစတာကို ဖိနပ်နဲ့ပေါက်တာနဲ့တင် ထောင် ဒဏ် ၄ နှစ်ချခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ၂၀၁၈ ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်ဟာ ဆယ်စုပေါင်းများစွာ အာဏာကို ပုံစံအမျိုးမျိုးနဲ့ချုပ်ကိုင်ပြီး အတိုက်အခံနိုင်ငံရေးသမားတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ အာဏာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူ့မိသားစုဟာ နိုင်ငံစီးပွားရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ် ကြွယ်၀ ချမ်းသာပြီး စစ်တပ်ကိုလည်း သူ့အမျိုးတွေနဲ့ မိသားစုဝင်တွေကို ရာထူးပေး ချုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆင်ဟာ မြန်မာ့အရေးနဲ့ပတ်သက်ရင် မင်းအောင်လှိုင်ကို တစ်ဖက်တစ်လမ်း ထိတွေ့ဆက်ဆံပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို အနုတ်လက္ခဏာဆောင်တဲ့ စကားတွေပဲ ပြောဆို ဝေဖန်နေသူလို့ ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။

ဟွန်ဆင်ဟာ လက်ရှိမှာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အမေရိကန်၊ ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ထောက်ခံသူတွေနဲ့ နှုတ်ဆက်နေရင်း ဖိနပ်နဲ့ အပေါက်ခံရလို့ သူရှေ့မှာ ဖိနပ်ပျံက ကျသွားတဲ့ မြင်ကွင်း။