Local News

ကရင္နီရဲေဘာ္မ်ားကူညီ​ေပး​​ေသာ CDMစစ္သားတစ္ဦး၏ မဂၤလာပြဲ

ကရင္နီရဲေဘာ္မ်ားကူညီ​ေပး​​ေသာ CDMစစ္သားတစ္ဦး၏ မဂၤလာပြဲ

ၾကည္သာ/People’s Spring

ျပည္သူႏွင့္အတူပူးေပါင္းၿပီး CDMျပဳလုပ္ခဲ့သည့္ ေလ​ေၾကာင္းေဆးပညာဌာနမွ ဒုတပ္ၾကပ္ ျမင့္ျမတ္သူရ ေအာင္သည္ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္မ်ား၏ ကူညီမႈျဖင့္ ကရင္နီျပည္နယ္ရွိ ေရွ႕တန္းတစ္ေနရာတြင္ မဂၤလာပြဲ က်င္းပခဲ့သည္။

ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္(KNDF) အပါအဝင္ ကရင္နီျပည္သူ႔ရဲေဘာ္မ်ားဝိုင္းဝန္းအေကာင္ အထည္ေဖာ္ေပးခဲ့ၾကသည့္ CDMဒုတပ္ၾကပ္ ျမင့္ျမတ္သူရေအာင္ႏွင့္ သူ၏ ခ်စ္သူမိန္းကေလးတို႔ မဂ္လာပြဲကို ယမန္ေန႔(ေမ၁၂ရက္)က ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

“ကရင္နီျပည္သူ႔ ရင္ခြင္ခိုလူံေရးအစီအစဥ္မွ CDM ျပဳလုပ္လာေသာေလတပ္ ေဆးဌာန ဒုတပ္ၾကပ္ ျမင့္ျမတ္သူရေအာင္သည္ ေတာ္လွန္ေရးကာလတြင္KNDFတပ္ဖြဲ႕အခ်ိဳ႕၏ ေတာ္လွန္ေရးသမား အခ်င္းခ်င္း အေပၚေဖးမကူညီမႈေၾကာင့္ ႀကီးက်ယ္ခမ္းနားေသာပြဲ မဟုတ္ခဲ့ေပမဲ့ လွပတင့္တယ္ေသာ လက္ထပ္ပြဲေလးက်င္းပေပးခဲ့ပါသည္”ဟု CDM ျပဳလုပ္သူမ်ားကို လက္ခံကူညီေပးေနသည့္ ကရင္နီျပည္သူ႔ရင္ခြင္က ယေန႔(ေမ ၁၃ရက္) သတင္းထုတ္ျပန္သည္။

“ေရွ႕တန္းမွာဆိုေတာ့ ေငြေရးေၾကးေရးကအစအဆင္မေျပဘူးေလ။CDM လုပ္ၿပီး ေျပးရင္းေရွာင္ရင္းကေန ေကာင္မေလးပါ ေခၚလာခဲ့တာ။ ဒီမွာ တရားဝင္ျဖစ္ေအာင္၊ လူသိရွင္ၾကားျဖစ္ေအာင္ လက္ထပ္ပြဲေလး ျဖစ္ေျမာက္ဖို႔ ကရင္နီရဲေဘာ္ေတြက ေငြေၾကးကအစ ကူညီၾကတာ” ဟု CDM ျပဳလုပ္သူမ်ားကို လက္ခံေပးေနသည့္ ကရင္နီျပည္သူ႔ရင္ခြင္မွ တာဝန္ရွိသူတစ္ဦးက People’s Springသို႔ ေျပာသည္။

ဒုတပ္ၾကပ္ ျမင့္ျမတ္သူရေအာင္သည္ စစ္ေကာင္စီ၏ ေလ​ေၾကာင္းေဆးပညာဌာနတြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၂၁ ေအာက္တိုဘာ ၂၃ရက္တြင္ CDM ျပဳလုပ္ခဲ့သည္။ ထို႔ေနာက္ ကရင္နီျပည္သူ႔ရင္ခြင္ထံ ခ်ိတ္ဆက္ကာ ကရင္နီျပည္နယ္တြင္ ေနထိုင္ခဲ့သည္။

၎သည္ အသက္(၂၇)ႏွစ္အ႐ြယ္ျဖစ္ၿပီး ခ်စ္သူမိန္းကေလးမွာ အသက္((၂၃)ႏွစ္ရွိၿပီျဖစ္သည္။ ကရင္၊ဗမာတိုင္းရင္းသားျဖစ္ေသာ CDM စစ္သားတစ္ဦး၏ မဂ္လာပြဲျဖစ္ေျမာက္ေအာင္ ကရင္နီရဲေဘာ္မ်ားက ဝိုင္းဝန္းကူညီခဲ့ၾကျခင္းျဖစ္သည္။

“ကြၽန္ေတာ္ ဘယ္လိုမွ ေမ့မရေတာ့ဘူး။ အခက္အခဲၾကားမွာလုပ္ခဲ့ရတဲ့ ပြဲေလး။ တစ္သက္စာအမွတ္တရျဖစ္သြားၿပီ”ဟု ဒုတပ္ၾကပ္ျမင့္ျမတ္သူရေအာင္က ေျပာ သည္။

CDM ျပဳလုပ္ခဲ့ျခင္းသည္ အမွန္တရားဘက္ရပ္တည္ခဲ့ျခင္းျဖစ္၍ ျပည္သူ၏ခ်စ္ျခင္းေမတၱာရရွိသလို ကိုယ့္ကိုယ္ကို တစ္သက္လုံးလိပ္ျပာသန္႔ရသည့္ ခံစားမႈရရွိသည္ဟု ၎က ဆိုသည္။

CDM ျပဳလုပ္ၿပီး ျပည္သူႏွင့္အတူ ပူးေပါင္းလိုသူမ်ားကို ေႏြးေထြးစြာ အၿမဲႀကိဳဆိုေနမည္ျဖစ္ၿပီး ၀၉-၇၇၆၉၇၁၅၄၃ သို႔ဆက္သြယ္ဝင္ေရာက္ႏိုင္ေၾကာင္း ကရင္နီျပည္သူ႔ရင္ခြင္က သတင္းထုတ္ျပန္ထားသည္။

ကရင်နီရဲဘော်များကူညီပေးသော CDMစစ်သားတစ်ဦး၏ မင်္ဂလာပွဲ

ကြည်သာ/People’s Spring

ပြည်သူနှင့်အတူပူးပေါင်းပြီး CDMပြုလုပ်ခဲ့သည့် လေကြောင်းဆေးပညာဌာနမှ ဒုတပ်ကြပ် မြင့်မြတ်သူရ အောင်သည် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ ကူညီမှုဖြင့် ကရင်နီပြည်နယ်ရှိ ရှေ့တန်းတစ်နေရာတွင် မင်္ဂလာပွဲ ကျင်းပခဲ့သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် ကရင်နီပြည်သူ့ရဲဘော်များဝိုင်းဝန်းအကောင် အထည်ဖော်ပေးခဲ့ကြသည့် CDMဒုတပ်ကြပ် မြင့်မြတ်သူရအောင်နှင့် သူ၏ ချစ်သူမိန်းကလေးတို့ မဂ်လာပွဲကို ယမန်နေ့(မေ၁၂ရက်)က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကရင်နီပြည်သူ့ ရင်ခွင်ခိုလူံရေးအစီအစဉ်မှ CDM ပြုလုပ်လာသောလေတပ် ဆေးဌာန ဒုတပ်ကြပ် မြင့်မြတ်သူရအောင်သည် တော်လှန်ရေးကာလတွင်KNDFတပ်ဖွဲ့အချို့၏ တော်လှန်ရေးသမား အချင်းချင်း အပေါ်ဖေးမကူညီမှုကြောင့် ကြီးကျယ်ခမ်းနားသောပွဲ မဟုတ်ခဲ့ပေမဲ့ လှပတင့်တယ်သော လက်ထပ်ပွဲလေးကျင်းပပေးခဲ့ပါသည်”ဟု CDM ပြုလုပ်သူများကို လက်ခံကူညီပေးနေသည့် ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၁၃ရက်) သတင်းထုတ်ပြန်သည်။

“ရှေ့တန်းမှာဆိုတော့ ငွေရေးကြေးရေးကအစအဆင်မပြေဘူးလေ။CDM လုပ်ပြီး ပြေးရင်းရှောင်ရင်းကနေ ကောင်မလေးပါ ခေါ်လာခဲ့တာ။ ဒီမှာ တရားဝင်ဖြစ်အောင်၊ လူသိရှင်ကြားဖြစ်အောင် လက်ထပ်ပွဲလေး ဖြစ်မြောက်ဖို့ ကရင်နီရဲဘော်တွေက ငွေကြေးကအစ ကူညီကြတာ” ဟု CDM ပြုလုပ်သူများကို လက်ခံပေးနေသည့် ကရင်နီပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ဒုတပ်ကြပ် မြင့်မြတ်သူရအောင်သည် စစ်ကောင်စီ၏ လေကြောင်းဆေးပညာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ အောက်တိုဘာ ၂၃ရက်တွင် CDM ပြုလုပ်ခဲ့သည်။ ထို့နောက် ကရင်နီပြည်သူ့ရင်ခွင်ထံ ချိတ်ဆက်ကာ ကရင်နီပြည်နယ်တွင် နေထိုင်ခဲ့သည်။

၎င်းသည် အသက်(၂၇)နှစ်အရွယ်ဖြစ်ပြီး ချစ်သူမိန်းကလေးမှာ အသက်((၂၃)နှစ်ရှိပြီဖြစ်သည်။ ကရင်၊ဗမာတိုင်းရင်းသားဖြစ်သော CDM စစ်သားတစ်ဦး၏ မဂ်လာပွဲဖြစ်မြောက်အောင် ကရင်နီရဲဘော်များက ဝိုင်းဝန်းကူညီခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော် ဘယ်လိုမှ မေ့မရတော့ဘူး။ အခက်အခဲကြားမှာလုပ်ခဲ့ရတဲ့ ပွဲလေး။ တစ်သက်စာအမှတ်တရဖြစ်သွားပြီ”ဟု ဒုတပ်ကြပ်မြင့်မြတ်သူရအောင်က ပြော သည်။

CDM ပြုလုပ်ခဲ့ခြင်းသည် အမှန်တရားဘက်ရပ်တည်ခဲ့ခြင်းဖြစ်၍ ပြည်သူ၏ချစ်ခြင်းမေတ္တာရရှိသလို ကိုယ့်ကိုယ်ကို တစ်သက်လုံးလိပ်ပြာသန့်ရသည့် ခံစားမှုရရှိသည်ဟု ၎င်းက ဆိုသည်။

CDM ပြုလုပ်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလိုသူများကို နွေးထွေးစွာ အမြဲကြိုဆိုနေမည်ဖြစ်ပြီး ၀၉-၇၇၆၉၇၁၅၄၃ သို့ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က သတင်းထုတ်ပြန်ထားသည်။