တချို့တွေက ရန်ကုန်ထဲမှာနေတယ် အာဏာသိမ်းပြီးချိန်က လမ်းပေါ်ထွက်တာမပါပေမယ့်
Yebaw Che
ရန်ကုန်ထဲ နေပြီးတော့ စော်ကားနေကြတာအဘတို့အတွက် ခံပြင်းလို့ လိပ်စာနဲ့တကွအတိအကျကို ရှာပြီး တင်ပေးလိုက်ပြီနော့်အဘ
တခ့ျိုတွေက ရန်ကုန်ထဲမှာနေတယ် အာဏာသိမ်းပြီးချိန်က လမ်းပေါ်ထွက်တာမပါပေမယ့်
စစ်ကောင်စီနဲ့ပတ်သက်လာရင် တောက်လျှောက်ကန့်ကွက်ခဲ့သလို နွေဦးတော်လှန်ရေးစတော့တောက်လျှောက်ထောက်ခံခဲ့သူတွေ
အချိန်တိုင်းစာထုတ်ကန့်ကွက်ပြီး စစ်ကောင်စီကို တချိန်လုံးဖိအားပေးနေကြတဲ့သူတွေ ရန်ကုန်ထဲ ရှိနေတယ်
အရင်လို စာထုတ်ကန့်ကွက် စိုးရိမ်တာမဟုတ်ပဲအခုဆို တရားဝင်အစိုးရတခုလို ဆက်ဆံနေပြီဒေါ်လာ သန်းရာကျော် ပံ့ပိုးမယ် ပြောထားသလိုNUG ကိုလဲ တရားဝင်အစိုးရဖြစ်လာအောင် ပံ့ပိုးဖို့ဥပဒေထဲတောင်ထည့်ဆွဲထားတယ်
ဒါတွေအပြင်အခုဆို NUG အစိုးရဝန်ကြီးတွေကို အမေရိကန်အိမ်ဖြူတော်ထဲထိ ဖိတ်ခေါ်ပြီး အမေရိကန်- အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့ မျက်နှာခြင်းဆိုင်တွေ့ဆုံဆွေးနွေးလို့ရအောင်အတွက် စီစဉ်ပေးနေတယ်
တော်လှန်ရေးနဲ့ပတ်သက်လာရင် မိဘမတွေ့ရင်မိသားစုလိုက်ဖ-မ်း သက်ကြီးရွယ်အိုနဲ့ ကလေးပါဖမ်းလူငယ်တွေဖမ်းမမိရင် မိဘတွေ ပြန်ပေး-ဆွဲဖမ်းPDF LDF မတွေ့ရင် မဆိုင်တဲ့ရွာတွေကိုပါ မီး-ရှို့ဖျ-က်ဆီးရဲတဲ့ မလုပ်ရဲတာမရှိတဲ့ အဘတို့သတ္တိကို
ရန်ကုန်ထဲမှာ နေထိုင်ပြီး ဒါမျိုးစမ်းလာတာကိုတော့အဘတို့ဖက်ကနေ ဘယ်လိုမှ မခံစားနိုင်တော့လို့ ဒီလူတွေရဲ့ လိပ်စာကို ရှာပြီး တင်ပေးလိုက်ပါပြီနော့်
ရန်ကုန် အမေရိကန်သံရုံး
အမှတ် ၁၁၀၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်
ရန်ကုန် မလေးရှားသံရုံး
အမှတ် ၈၂ ပြည်ထောင်စုရိပ်သာလမ်း ဒဂုံမြို့နယ်
မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလဲ ပြည်ပကနေအဘတို့နဲ့ပတ်သက်လာရင် ပမာမခန့်ပြောနေပြီးNUG NUCC တို့ကို တရားဝင် ဆက်ဆံရမယ်
မြန်မာပြည်သူတွေကို ထောက်ခံပါမယ်ပြောနေတာတွေအဘတို့ကို စော်ကားနေတယ်လို့ ခံစားရပါတယ်ဗျာ့
ဒါကြောင့် ရန်ကုန်ထဲ နေထိုင်ပြီးတော့ အဘတို့ကိုဒီလိုမျိုး ကလန်ကဆန်လုပ်နေတာက ဘယ်လိုမှသည်းခံမနေသင့်ပါဘူး
အဘတို့ ဇ ကို ပြချိန်တန်ပြီမို့ဒီသံရုံးတွေကို ေ-မာင်းထုတ်ဖို့ ချိတ်ပိတ်ဖို့ လိုပြီလို့အဘတို့ကိုယ်စား ခံပြင်းလို့ တိုက်တွန်းလိုက်ပါတယ်
Yebaw Che