Local News

ဆရာဝန္မယားျဖစ္သူက ေဆး႐ုံ၌ သူနာျပဳအမ်ိဳးသမီးငယ္ေလးတစ္ဦးကို အုတ္နံရံျပင္မွာ…

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေစတီေတာင္တိုက္နယ္ ေဆး႐ုံ၌ တာဝန္ထမ္းေဆာင္ေနသည့္ သူနာျပဳ အမ်ိဳးသမီးတစ္ဦးကို ေမလ ၁၀ ရက္ေန႔ ည ၇ နာရီအခ်ိန္ခန႔္တြင္ ဆရာဝန္၏ ဇနီးျဖစ္သူက ရိုက္ႏွက္ခဲ့၍ သတိေမ့လု နီးပါးျဖစ္ခဲ့ရသည္ဟု ကာယကံရွင္က ေျပာသည္

ရိုက္ႏွက္ခံရသူမွာ သူနာျပဳ မေႏြးေႏြးႏွင္းသန႔္ ၂၃ ႏွစ္ ျဖစ္ၿပီး ၎မွာ ေရခ်ိဳးရန္ျပင္ဆင္ေနစဥ္ ေစတီေတာင္ တိုက္နယ္ေဆး႐ုံမွ ဆရာဝန္ႀကီးေဒါက္တာညီညီေမာင္၏ ဇနီးျဖစ္သူ ေဒၚႏြယ္ႏြယ္ဦးက လာေရာက္ကာ အုတ္နံရံ၌ဦးေခါင္းကို အခ်က္ေပါင္းမ်ားစြာ ရိုက္ႏွက္ခဲ့ျခင္းျဖစ္သည္ဟု မေႏြးေႏြးႏွင္းသန႔္က ေျပာသည္

ကၽြန္မက ေရခ်ိဳးဖို႔ လုပ္ေနတာ အဲဒီအခ်ိန္မွာ ေရခ်ိဳးခန္းတံခါး ေခါက္သံၾကားလိုက္တယ္ ကၽြန္မက အေဖာ္ဆရာမေတြထင္လို႔ တံခါးဖြင့္ၾကည့္လိုက္တယ္

တံခါးဖြင့္ေတာ့ ဆရာမယားျဖစ္ေနတယ္။ ကၽြန္မက ဘာကိစၥရွိပါလဲေမးေတာ့ သူမက နင္အားလား၊ နင့္ကိုေျပာစရာရွိတယ္ နင္ဟာ အားမနာ လုပ္တယ္ဖန္ခြက္ေတြကို ငါခြဲတယ္လို႔ေျပာတယ္ အဲလိုေျပာၿပီးေတာ့ သူမက ပါးကို ရိုက္တယ္ ဆံပင္ဆြဲလို႔ အႀကိမ္ေပါင္းမ်ားစြာ ရိုက္တယ္

သူမက ကၽြန္မထက္ အားလည္းႀကီး အရပ္လည္း ရွည္ေတာ့ ဘာမွ လုပ္ဖို႔ အခြင့္ေတာင္မရဘူး။ ကၽြန္မဦးေခါ-င္းကို ကိုင္ၿပီးေတာ့ အုတ္နံရံေတြမွာလည္းအခ်က္ေပါင္းမ်ားစြာထုတယ္။

ကၽြန္မ နာက်င္လို႔ေအာ္ေတာ့မွ အနီးမွာ ရွိတဲ့လူေတြလာမွ ကၽြန္မကိုလႊတ္ေပးလိုက္တယ္။ ကၽြန္မ သတိေမ့လုနီးပါး ျဖစ္သြားတယ္ဟု သူမက ေျပာသည္

ေစတီေတာင္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္သန္းကလည္း အဆိုပါျဖစ္စဥ္မွာ မွန္ကန္ေၾကာင္းႏွင့္ ၎ထံတြင္ သူနာျပဳမေႏြးေႏြးႏွင္းသန႔္က တိုင္ခ်က္ ဖြင့္ခဲ့သည္ဟု ေျပာသည္

သူနာျပဳေတြ ေျပာၾကားခ်က္အရ ဆရာဝန္မယားက သူ႔ကို လာၿပီး ေတာ့ရိုက္ႏွက္ခဲ့တယ္။ အဲဒါကို ကၽြန္ေတာ့္ဆီမွာေတာ့ တိုင္ခ်က္ဖြင့္တယ္။ ကၽြန္ေတာ္လက္ခံလိုက္တယ္။ ဒီေန႔နံနက္က ဆရာဝန္ကိုယ္တိုင္ သူ႔မယားကို စစ္ေတြကိုပို႔လိုက္တယ္ သေဘၤာနဲ႔။ သူကေတာ့ ေဆး႐ုံမွာက်န္ခဲ့တယ္ဟု ေျပာသည္

ယခုျပႆနာမွာ သူမအေပၚ မေက်နပ္ခ်က္မ်ားရွိရာမွ ယခုလိုရိုက္ႏွက္ျခင္းျဖစ္သည္ဟု သူမက ဆက္လက္ေျပာသည္။ေဆး႐ုံမွာက သူနာျပဳသုံးေယာက္ရွိတယ္။ အဲဒီထဲမွာ ကၽြန္မက အသက္ အငယ္ဆုံးပါ။ ဒီႏွစ္ ၁ လပိုင္း ၁၁ ရက္ေန႔က ဆရာဝန္က ကၽြန္မဖုန္းကို မက္ေဆ့ပို႔တယ္။ သူမက္ေဆ့ပို႔ထားတာကိုလည္း screenshot ရိုက္ထားတယ္။

သူကအရက္မူးၿပီးေတာ့ အတူတူအိပ္ဖို႔မလား၊ အိပ္ေနယာလားဆိုၿပီး မက္ေဆ့ ပို႔ပါတယ္။ အဲဒီစာကိုျမင္တာနဲ႔ ကၽြန္မ အရမ္းငိုပါတယ္။ မိုးလင္းေတာ့ ကၽြန္မဘူးသီးေတာင္ကို ျပန္ခဲ့ပါတယ္။ ကၽြန္မအိမ္မွာ ၄ ၊ ၅ ရက္ေနၿပီးတာေတာင္ သူက ေတာင္းပန္စာမပို႔ခဲ့ဘူး။ အဲဒီေတာ့ ကၽြန္မမိဘေတြနဲ႔သြားၿပီးေတာ့ ၿမိဳ႕နယ္ဆရာဝန္ႀကီးကိုသြားတိုင္ခဲ့တယ္

ေနာက္ၿပီးမွ ဆရာညီညီေမာင္က သူ႔မယားနဲ႔မွားလို႔ ပို႔မိတာလို႔ ေျပာပါတယ္။ ေတာင္းပန္တာ မဟုတ္ဘူး။ ေနာက္တစ္ခုက ၾသကၤန္တြင္းမွာ ဆရာမယားက ႐ုံးက ဖန္ခြက္ေတြကို ခြဲတာကို သြားေျပာလို႔ စကားအေခ်အတင္ျဖစ္ခဲ့တယ္။ အဲဒါေတြေၾကာင့္ ကၽြန္မကို လာၿပီးေသေအာင္ ရိုက္ႏွက္တာပါဟု ေျပာသည္

အဆိုပါကိစၥႏွင့္ပတ္သက္၍ ေစတီေတာင္တိုက္နယ္ေဆး႐ုံႀကီးမွ ဆရာဝန္ႀကီး ေဒါက္တာညီညီေမာင္ႏွင့္ ဇနီးျဖစ္သူတို႔အပါအဝင္ ဘူးသီးေတာင္ၿမိဳ႕နယ္ ဆရာဝန္ႀကီး ေဒါက္တာေစာမင္းသိန္းတို႔ကို Narinjara က ေမလ ၁၁ ရက္န႔ကေန ယေန႔ ေမ ၁၂ ရက္ နံနက္ ၈ နာရီအထိဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံေျဖဆိုျခင္း မရွိခဲ့ပါ

ယင္းအျပင္ ရခိုင္ျပည္နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာန လက္ေထာက္ ညႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္က ၎အေနျဖင့္ ေဒါက္တာ ညီညီေအာင္၏ကိစၥကို ၾကားသိရေသာ္လည္း ေျဖၾကားပိုင္ခြင့္မရွိေၾကာင္း ေျပာသည္

ကၽြန္ေတာ္တို႔မွာက ဌာနေတြအမ်ားႀကီး ရွိပါတယ္။ ဆရာတို႔က ကိုဗစ္ေဆးထိုးတဲ့ကိစၥေတြကိုပဲ ေျဖၾကားေပးတာ။ ဒီကိစၥေတြကို ေျဖဖို႔မတတ္ဘူး။ ေျဖပိုင္ခြင့္လည္း မရွိဘူး။ ဒီကိစၥကို ဆရာတို႔လည္း ၾကားေနရပါတယ္။ ဒါေပမဲ့ ေျဖလို႔ မရဘူးဟု ေျပာသည္

အဆိုပါကိစၥျဖစ္ၿပီးေနာက္ ေမလ ၁၁ ရက္ေန႔တြင္ ေဒါက္တာညီညီေမာင္အား စစ္ေတြၿမိဳ႕ ခုတင္ ၅၀၀ ဆံ့ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေျပာင္းေရႊ႕တာဝန္ခန႔္အပ္ လိုက္သည္ဟု ျပည္နယ္ကုသေရးဦးစီးဌာနမွ ထုတ္ျပန္ထားသည္

ေဒါက္တာညီညီေမာင္မွာ စစ္ေတြၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွ လက္ေထာက္ျဖစ္ၿပီး ၎ကို လုပ္ငန္းလိုအပ္ခ်က္အရ ဘူးသီးေတာင္ၿမိဳ႕နယ္ ေစတီေတာင္တိုက္နယ္ေဆး႐ုံတြင္ ယာယီတာဝန္ခ်ထားခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္အရ သိရသည္ Crd- နိရဥၥရာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်တိုက်နယ် ဆေးရုံ၌ တာဝန်ထမ်းဆောင်နေသည့် သူနာပြု အမျိုးသမီးတစ်ဦးကို မေလ ၁၀ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဆရာဝန်၏ ဇနီးဖြစ်သူက ရိုက်နှက်ခဲ့၍ သတိမေ့လု နီးပါးဖြစ်ခဲ့ရသည်ဟု ကာယကံရှင်က ပြောသည်

ရိုက်နှက်ခံရသူမှာ သူနာပြု မနွေးနွေးနှင်းသန့် ၂၃ နှစ် ဖြစ်ပြီး ၎င်းမှာ ရေချိုးရန်ပြင်ဆင်နေစဉ် စေတီတောင် တိုက်နယ်ဆေးရုံမှ ဆရာဝန်ကြီးဒေါက်တာညီညီမောင်၏ ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ဦးက လာရောက်ကာ အုတ်နံရံ၌ဦးခေါင်းကို အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု မနွေးနွေးနှင်းသန့်က ပြောသည်

ကျွန်မက ရေချိုးဖို့ လုပ်နေတာ အဲဒီအချိန်မှာ ရေချိုးခန်းတံခါး ခေါက်သံကြားလိုက်တယ် ကျွန်မက အဖော်ဆရာမတွေထင်လို့ တံခါးဖွင့်ကြည့်လိုက်တယ်

တံခါးဖွင့်တော့ ဆရာမယားဖြစ်နေတယ်။ ကျွန်မက ဘာကိစ္စရှိပါလဲမေးတော့ သူမက နင်အားလား၊ နင့်ကိုပြောစရာရှိတယ် နင်ဟာ အားမနာ လုပ်တယ်ဖန်ခွက်တွေကို ငါခွဲတယ်လို့ပြောတယ် အဲလိုပြောပြီးတော့ သူမက ပါးကို ရိုက်တယ် ဆံပင်ဆွဲလို့ အကြိမ်ပေါင်းများစွာ ရိုက်တယ်

သူမက ကျွန်မထက် အားလည်းကြီး အရပ်လည်း ရှည်တော့ ဘာမှ လုပ်ဖို့ အခွင့်တောင်မရဘူး။ ကျွန်မဦးခေါ-င်းကို ကိုင်ပြီးတော့ အုတ်နံရံတွေမှာလည်းအချက်ပေါင်းများစွာထုတယ်။

ကျွန်မ နာကျင်လို့အော်တော့မှ အနီးမှာ ရှိတဲ့လူတွေလာမှ ကျွန်မကိုလွှတ်ပေးလိုက်တယ်။ ကျွန်မ သတိမေ့လုနီးပါး ဖြစ်သွားတယ်ဟု သူမက ပြောသည်

စေတီတောင်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းကလည်း အဆိုပါဖြစ်စဉ်မှာ မှန်ကန်ကြောင်းနှင့် ၎င်းထံတွင် သူနာပြုမနွေးနွေးနှင်းသန့်က တိုင်ချက် ဖွင့်ခဲ့သည်ဟု ပြောသည်

သူနာပြုတွေ ပြောကြားချက်အရ ဆရာဝန်မယားက သူ့ကို လာပြီး တော့ရိုက်နှက်ခဲ့တယ်။ အဲဒါကို ကျွန်တော့်ဆီမှာတော့ တိုင်ချက်ဖွင့်တယ်။ ကျွန်တော်လက်ခံလိုက်တယ်။ ဒီနေ့နံနက်က ဆရာဝန်ကိုယ်တိုင် သူ့မယားကို စစ်တွေကိုပို့လိုက်တယ် သင်္ဘောနဲ့။ သူကတော့ ဆေးရုံမှာကျန်ခဲ့တယ်ဟု ပြောသည်

ယခုပြဿနာမှာ သူမအပေါ် မကျေနပ်ချက်များရှိရာမှ ယခုလိုရိုက်နှက်ခြင်းဖြစ်သည်ဟု သူမက ဆက်လက်ပြောသည်။ဆေးရုံမှာက သူနာပြုသုံးယောက်ရှိတယ်။ အဲဒီထဲမှာ ကျွန်မက အသက် အငယ်ဆုံးပါ။ ဒီနှစ် ၁ လပိုင်း ၁၁ ရက်နေ့က ဆရာဝန်က ကျွန်မဖုန်းကို မက်ဆေ့ပို့တယ်။ သူမက်ဆေ့ပို့ထားတာကိုလည်း screenshot ရိုက်ထားတယ်။

သူကအရက်မူးပြီးတော့ အတူတူအိပ်ဖို့မလား၊ အိပ်နေယာလားဆိုပြီး မက်ဆေ့ ပို့ပါတယ်။ အဲဒီစာကိုမြင်တာနဲ့ ကျွန်မ အရမ်းငိုပါတယ်။ မိုးလင်းတော့ ကျွန်မဘူးသီးတောင်ကို ပြန်ခဲ့ပါတယ်။ ကျွန်မအိမ်မှာ ၄ ၊ ၅ ရက်နေပြီးတာတောင် သူက တောင်းပန်စာမပို့ခဲ့ဘူး။ အဲဒီတော့ ကျွန်မမိဘတွေနဲ့သွားပြီးတော့ မြို့နယ်ဆရာဝန်ကြီးကိုသွားတိုင်ခဲ့တယ်

နောက်ပြီးမှ ဆရာညီညီမောင်က သူ့မယားနဲ့မှားလို့ ပို့မိတာလို့ ပြောပါတယ်။ တောင်းပန်တာ မဟုတ်ဘူး။ နောက်တစ်ခုက သြင်္ကန်တွင်းမှာ ဆရာမယားက ရုံးက ဖန်ခွက်တွေကို ခွဲတာကို သွားပြောလို့ စကားအချေအတင်ဖြစ်ခဲ့တယ်။ အဲဒါတွေကြောင့် ကျွန်မကို လာပြီးသေအောင် ရိုက်နှက်တာပါဟု ပြောသည်

အဆိုပါကိစ္စနှင့်ပတ်သက်၍ စေတီတောင်တိုက်နယ်ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာညီညီမောင်နှင့် ဇနီးဖြစ်သူတို့အပါအဝင် ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းတို့ကို Narinjara က မေလ ၁၁ ရက်န့ကနေ ယနေ့ မေ ၁၂ ရက် နံနက် ၈ နာရီအထိဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ

ယင်းအပြင် ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ၎င်းအနေဖြင့် ဒေါက်တာ ညီညီအောင်၏ကိစ္စကို ကြားသိရသော်လည်း ဖြေကြားပိုင်ခွင့်မရှိကြောင်း ပြောသည်

ကျွန်တော်တို့မှာက ဌာနတွေအများကြီး ရှိပါတယ်။ ဆရာတို့က ကိုဗစ်ဆေးထိုးတဲ့ကိစ္စတွေကိုပဲ ဖြေကြားပေးတာ။ ဒီကိစ္စတွေကို ဖြေဖို့မတတ်ဘူး။ ဖြေပိုင်ခွင့်လည်း မရှိဘူး။ ဒီကိစ္စကို ဆရာတို့လည်း ကြားနေရပါတယ်။ ဒါပေမဲ့ ဖြေလို့ မရဘူးဟု ပြောသည်

အဆိုပါကိစ္စဖြစ်ပြီးနောက် မေလ ၁၁ ရက်နေ့တွင် ဒေါက်တာညီညီမောင်အား စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့တာဝန်ခန့်အပ် လိုက်သည်ဟု ပြည်နယ်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်

ဒေါက်တာညီညီမောင်မှာ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဖြစ်ပြီး ၎င်းကို လုပ်ငန်းလိုအပ်ချက်အရ ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံတွင် ယာယီတာဝန်ချထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည် Crd- နိရဥ္စရာ