Local News

သီးကုန်းရွာမှာ တပ်စွဲထားတဲ့


ရက်စွဲ။ ။ ၁၂ရက် မေလ ၂၀၂၂ခုနှစ်





တိုက်ပွဲသတင်းထုတ်ပြန်ချက်

ရက်စွဲ။ ။ ၁၂ရက် မေလ ၂၀၂၂ခုနှစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သီးကုန်းကျေးရွာတွင် တပ်စွဲထားသော အင်အား (၁၀၀)ခန့်ရှိ မအလ၏လက်ပါးစေ စခရခများကို ဒီကနေ့နေ့လယ်ပိုင်း (၁၂)နာရီ အချိန်ခန့်က ကျွန်ုပ်တို့ နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF)

နှင့် KLG PDF ၊ Yoma Fighter (Yinmarbin PDF)၊ Spring Gurellia Platoon (နွေဦးပျောက်ကြားတပ်စု)၊ ဗိုလ်သူရိမ် (PDF)၊ ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုများစုပေါင်းပီး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခရခများ သီးကုန်းရွာမှ ခွေးပြေးဝက်ပြေးပြေးခဲ့ရပီး

သီးကုန်းရွာအနောက်ဘက် ကျွန်းတောရွာထဲသို့ ရောက်ရှိချိန် နောက်ထပ်တစ်ဖန် ညီနောင်မဟာမိတ်တပ်များ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ပီး စခရခများမှာ ကျွန်းတောရွာမှ ထပ်မံထွက်ပြေးခဲ့ရပါသည်။

သတင်းနှင့်ပြန်ကြားရေး