Local News

ႏိုင္ငံတကာက NUG နဲ႔ ဆက္ဆံေရးတိုးျမႇင့္လာ

ႏိုင္ငံတကာက NUG နဲ႔ ဆက္ဆံေရးတိုးျမႇင့္လာ

ဝါရွင္တန္ဒီစီၿမိဳ႕မွာျပဳလုပ္တဲ့ အေမရိကန္- အာဆီယံထိပ္သီးအစည္းအေဝးမွာ ျမန္မာႏိုင္ငံအတြက္ ထိုင္ခုံလြတ္ထားၿပီး စစ္ေကာင္စီ ေခါင္းေဆာင္ကို ဖယ္ထုတ္ခဲ့ပါတယ္။ စစ္ေကာင္စီဘက္ကလည္း အဆင့္ျမင့္ကိုယ္စားလွယ္ တက္ခြင့္မေပးတဲ့အတြက္ ကိုယ္စားလွယ္မလႊတ္ဘဲ ဒီအစည္းအေဝးကို သပိတ္ေမွာက္ခဲ့ပါတယ္။

အေမရိကန္က စစ္ေကာင္စီရဲ႕ အတိုက္အခံအင္အားစုျဖစ္တဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္ကို ဖိတ္ေခၚခဲ့ၿပီး အေမရိကန္အပါအဝင္ အာဆီယံေခါင္းေဆာင္တခ်ိဳ႕နဲ႔ အစည္းအေဝးျပင္ပမွာ ေတြ႕ဆုံႏိုင္ဖို႔ စီစဥ္ေပးခဲ့ပါတယ္။ ေဒၚဇင္မာေအာင္ကိုလည္း အစည္းအေဝးကို တက္ေရာက္လာတဲ့ တျခားႏိုင္ငံေခါင္းေဆာင္ေတြလို အေစာင့္အေရွာက္ေတြနဲ႔ စီစဥ္ေပးထားတာလည္း ေတြ႕ရပါတယ္။

ဒါဟာ အေမရိကန္ႏိုင္ငံအေနနဲ႔ ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္တယ္ဆိုတာကိုျပသဖို႔ျဖစ္သလို စစ္ေကာင္စီကို သံတမန္ေရးအရ ရႈတ္ခ်တဲ့အေနနဲ႔ အေမရိကန္အစိုးရဟာ NUG ကိုယ္စားလွယ္ကို အခုလို အေရးတယူ ထိေတြ႕ဆက္ဆံတာ လို႔ ေဒါက္တာ စိုင္းၾကည္ဇင္စိုးက သုံးသပ္ပါတယ္။

“က်ေနာ္တို႔ လူထုသေဘာထားဆႏၵကို လက္ခံရမယ္၊ ဒီမိုကေရစီလမ္းေၾကာင္းေပၚေရာက္ဖို႔အတြက္ လူထုကိုယ္စားျပဳတဲ့ ေခါင္းေဆာင္ေတြကို အသိအမွတ္ျပဳရမယ္ဆိုတဲ့ဟာကို အေကာင္အထည္ေဖာ္တယ္လို႔ ယူဆလို႔ရတယ္။ အဲဒီလမ္းေၾကာင္းကို သူ႔အေနနဲ႔ ရပ္ျပတယ္။ အေမရိကန္ကလည္း ဒီမိုကေရစီအေရးဆိုင္ရာကိစၥေတြမွာ သူ႔ကိုယ္သူ ေခါင္းေဆာင္အျဖစ္ ခံယူထားတဲ့ႏိုင္ငံတစ္ခု၊ အင္အားႀကီးႏိုင္ငံတစ္ခု ျဖစ္တာကိုး။

အဲဒီလိုပုံစံမ်ိဳးနဲ႔ သူ႔ရဲ႕ ရပ္တည္ခ်က္ကို ေျပာတယ္လို႔ ယူဆလို႔ရတယ္။ ေနာက္တစ္ဖက္မွာကလည္း စစ္ေကာင္စီနဲ႔ ပတ္သက္တဲ့ကိစၥ စစ္ေကာင္စီကို သူ႔အေနနဲ႔ ျပင္းျပင္းထန္ထန္ ရႈတ္ခ်တယ္ဆိုတဲ့သေဘာမ်ိဳး သက္ေရာက္ေစတဲ့ပုံစံလို႔ က်ေနာ္တို႔အေနနဲ႔ သုံးသပ္လို႔ရတယ္”

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီရဲ႕ သေဘာထားကိုသိရဖို႔ RFA က စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို ဖုန္းနဲ႔ဆက္သြယ္ခဲ့ေပမယ့္ လက္ခံေျဖၾကားတာ မရွိေသးပါဘူး။

စစ္တပ္အရာရွိေဟာင္းေတြနဲ႔ စုဖြဲ႕ထားတဲ့ ေသနဂၤမဟာဗ်ဴဟာေလ့လာေရးအဖြဲ႕ အမႈေဆာင္ ၫႊန္ၾကားေရးမႉး ဦးသိန္းထြန္းဦး ကေတာ့ ဒါဟာ အေမရိကန္ရဲ႕ က်င့္ဝတ္သိကၡာမဲ့တဲ့အျပဳအမူပဲလို႔ ေဝဖန္ပါတယ္။

“႐ိုး႐ိုးရွင္းရွင္းနဲ႔ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံက က်န္တဲ့ႏိုင္ငံကို မေလးစားဘဲနဲ႔ မထီမဲ့ျမင္လုပ္တဲ့ ေျပာရရင္ေတာ့ က်င့္ဝတ္သိကၡာ ေတာ္ေတာ္ေလးမဲ့တဲ့ လုပ္ရပ္လို႔ပဲ ေျပာရပါလိမ့္မယ္။ အခုလက္ရွိ ျမန္မာႏိုင္ငံမွာ အာဏာသုံးရပ္ကို ကိုယ္တြယ္ထားတာ နစကအေနနဲ႔ ကိုယ္တြယ္ထားတာ။

နစကသည္ သူ႔ရဲ႕ေနရာတစ္ခုကို သူ႔ဘာသာ ကိုင္ဆြဲထားၿပီးသားျဖစ္တယ္။ အခ်ိန္တန္ရင္ သူေပးထားတဲ့ ေပးထားခ်က္အတိုင္း ဆက္သြားမွာ ျဖစ္တဲ့အတြက္ေၾကာင့္ သူ႔ဘာသူ အျပင္က အေနာက္ႏိုင္ငံေတြ ဘယ္လိုပဲ ေျပာေျပာ၊ ဘယ္လိုပဲ ေအာ္ေအာ္၊ ဘယ္လိုပဲ လုပ္လုပ္ သူသြားမယ့္ Road Map လမ္းေၾကာင္းအတိုင္းပဲ ေရာက္သြားမွာပဲလို႔ ေျဖခ်င္ပါတယ္”

မေန႔ကေတာ့ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး ရွားမန္းနဲ႔ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ ေတြ႕ဆုံခဲ့ပါတယ္။စစ္ေကာင္စီက အၾကမ္းဖက္မႈေတြ တိုးျမႇင့္လုပ္ေဆာင္လာတာေၾကာင့္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အက်ပ္အတည္း ျဖစ္ေပၚလာတဲ့အေပၚ ရႈတ္ခ်ခဲ့ၿပီး ျမန္မာႏိုင္ငံအတြင္းက အကူအညီလိုအပ္ေနသူေတြဆီ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီေတြ အတားအဆီးမရွိ ေရာက္ရွိႏိုင္ေရး ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္သံ႐ုံးက ဒီကေန႔ ထုတ္ျပန္ပါတယ္။

အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးက ေဒၚဇင္မာေအာင္ကို ခ်ီးက်ဴးခဲ့ၿပီး ျမန္မာျပည္ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္ေရာက္လာေအာင္ အားေပးေထာက္ခံသြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီရဲ႕ ဒလၿမိဳ႕နယ္ ရန္ကုန္တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဘိုဘိုဦးကေတာ့ ႏိုင္ငံတကာအသိုင္းအဝိုင္းဟာ NUG နဲ႔ တိုးျမႇင့္ဆက္ဆံမႈေတြ ျပဳလုပ္လာလိမ့္မယ္လို႔ သုံးသပ္ပါတယ္။

“အာဆီယံ 5 Point Concusses ကို စကစက ပူးေပါင္းေဆာင္႐ြက္ျခင္း မရွိတဲ့ ကိစၥရပ္နဲ႔ ပတ္သက္ၿပီးေတာ့ ေနာက္ဆက္တြဲ ဒီတစ္ႏွစ္အတြင္းမွာ အၾကမ္းဖက္မႈေတြ ဆိုးဆိုးဝါးဝါး လုပ္ေနတဲ့ ကိစၥေတြနဲ႔ေရာေပါ့ေနာ္။ အားလုံးနဲ႔ ပတ္သက္ပါတယ္။ အဲဒါေၾကာင့္ ျပည္သူ႔အစိုးရတစ္ရပ္ရဲ႕ ကိုယ္စားလွယ္ကို အခုလိုမ်ိဳး ပြဲမ်ိဳးကို ဖိတ္ၾကားျခင္း ျဖစ္ပါတယ္။ တျဖည္းျဖည္းခ်င္းနဲ႔ NUG ကို တိုးျမႇင့္ဆက္ဆံမႈေတြ လုပ္လာၾကလိ့မ္မွာေပါ့ဗ်ာ”

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ဆိုင္ဖူဒင္ အဗၺဒူလာကလည္း NUG ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ရွိေနပါတယ္။ NUG နဲ႔ ထိေတြ႕ဆက္ဆံမႈေတြလုပ္ဖို႔ သူ႔အေနနဲ႔ အႀကံျပဳထားတာကို အာဆီယံအထူးကိုယ္စားလွယ္က ႀကိဳဆိုတယ္လို႔ လည္း မေလးရွားႏိုင္ငံ ျခားေရးဝန္ႀကီးက ေျပာဆိုထားပါတယ္။

လက္ရွိျဖစ္ေပၚတိုးတက္မႈေတြဟာ စစ္ေကာင္စီက အၾကမ္းဖက္မႈေတြ ဆက္လက္က်ဴးလြန္ေနတာနဲ႔ အာဆီယံ သေဘာတူညီခ်က္ေတြကို လိုက္နာဖို႔ ပ်က္ကြက္တာေတြအတြက္ အက်ိဳးဆက္ျဖစ္တယ္လို႔ ႏိုင္ငံေရးအကဲခတ္ေတြက သုံးသပ္ၾကပါတယ္။source-RFA

နိုင်ငံတကာက NUG နဲ့ ဆက်ဆံရေးတိုးမြှင့်လာ

ဝါရှင်တန်ဒီစီမြို့မှာပြုလုပ်တဲ့ အမေရိကန်- အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ထိုင်ခုံလွတ်ထားပြီး စစ်ကောင်စီ ခေါင်းဆောင်ကို ဖယ်ထုတ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း အဆင့်မြင့်ကိုယ်စားလှယ် တက်ခွင့်မပေးတဲ့အတွက် ကိုယ်စားလှယ်မလွှတ်ဘဲ ဒီအစည်းအဝေးကို သပိတ်မှောက်ခဲ့ပါတယ်။

အမေရိကန်က စစ်ကောင်စီရဲ့ အတိုက်အခံအင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ခေါ်ခဲ့ပြီး အမေရိကန်အပါအဝင် အာဆီယံခေါင်းဆောင်တချို့နဲ့ အစည်းအဝေးပြင်ပမှာ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒေါ်ဇင်မာအောင်ကိုလည်း အစည်းအဝေးကို တက်ရောက်လာတဲ့ တခြားနိုင်ငံခေါင်းဆောင်တွေလို အစောင့်အရှောက်တွေနဲ့ စီစဉ်ပေးထားတာလည်း တွေ့ရပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်ဆိုတာကိုပြသဖို့ဖြစ်သလို စစ်ကောင်စီကို သံတမန်ရေးအရ ရှုတ်ချတဲ့အနေနဲ့ အမေရိကန်အစိုးရဟာ NUG ကိုယ်စားလှယ်ကို အခုလို အရေးတယူ ထိတွေ့ဆက်ဆံတာ လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

“ကျနော်တို့ လူထုသဘောထားဆန္ဒကို လက်ခံရမယ်၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့အတွက် လူထုကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုရမယ်ဆိုတဲ့ဟာကို အကောင်အထည်ဖော်တယ်လို့ ယူဆလို့ရတယ်။ အဲဒီလမ်းကြောင်းကို သူ့အနေနဲ့ ရပ်ပြတယ်။ အမေရိကန်ကလည်း ဒီမိုကရေစီအရေးဆိုင်ရာကိစ္စတွေမှာ သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ် ခံယူထားတဲ့နိုင်ငံတစ်ခု၊ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တာကိုး။

အဲဒီလိုပုံစံမျိုးနဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ပြောတယ်လို့ ယူဆလို့ရတယ်။ နောက်တစ်ဖက်မှာကလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ကိစ္စ စစ်ကောင်စီကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဆိုတဲ့သဘောမျိုး သက်ရောက်စေတဲ့ပုံစံလို့ ကျနော်တို့အနေနဲ့ သုံးသပ်လို့ရတယ်”

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိရဖို့ RFA က စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ဒါဟာ အမေရိကန်ရဲ့ ကျင့်ဝတ်သိက္ခာမဲ့တဲ့အပြုအမူပဲလို့ ဝေဖန်ပါတယ်။

“ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အင်အားကြီးနိုင်ငံတစ်နိုင်ငံက ကျန်တဲ့နိုင်ငံကို မလေးစားဘဲနဲ့ မထီမဲ့မြင်လုပ်တဲ့ ပြောရရင်တော့ ကျင့်ဝတ်သိက္ခာ တော်တော်လေးမဲ့တဲ့ လုပ်ရပ်လို့ပဲ ပြောရပါလိမ့်မယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ အာဏာသုံးရပ်ကို ကိုယ်တွယ်ထားတာ နစကအနေနဲ့ ကိုယ်တွယ်ထားတာ။

နစကသည် သူ့ရဲ့နေရာတစ်ခုကို သူ့ဘာသာ ကိုင်ဆွဲထားပြီးသားဖြစ်တယ်။ အချိန်တန်ရင် သူပေးထားတဲ့ ပေးထားချက်အတိုင်း ဆက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် သူ့ဘာသူ အပြင်က အနောက်နိုင်ငံတွေ ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ အော်အော်၊ ဘယ်လိုပဲ လုပ်လုပ် သူသွားမယ့် Road Map လမ်းကြောင်းအတိုင်းပဲ ရောက်သွားမှာပဲလို့ ဖြေချင်ပါတယ်”

မနေ့ကတော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှားမန်းနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့ပါတယ်။စစ်ကောင်စီက အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာတဲ့အပေါ် ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံအတွင်းက အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိ ရောက်ရှိနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်ကို ချီးကျူးခဲ့ပြီး မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာအောင် အားပေးထောက်ခံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒလမြို့နယ် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ NUG နဲ့ တိုးမြှင့်ဆက်ဆံမှုတွေ ပြုလုပ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“အာဆီယံ 5 Point Concusses ကို စကစက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ဒီတစ်နှစ်အတွင်းမှာ အကြမ်းဖက်မှုတွေ ဆိုးဆိုးဝါးဝါး လုပ်နေတဲ့ ကိစ္စတွေနဲ့ရောပေါ့နော်။ အားလုံးနဲ့ ပတ်သက်ပါတယ်။ အဲဒါကြောင့် ပြည်သူ့အစိုးရတစ်ရပ်ရဲ့ ကိုယ်စားလှယ်ကို အခုလိုမျိုး ပွဲမျိုးကို ဖိတ်ကြားခြင်း ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ NUG ကို တိုးမြှင့်ဆက်ဆံမှုတွေ လုပ်လာကြလိ့မ်မှာပေါ့ဗျာ”

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကလည်း NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ သူ့အနေနဲ့ အကြံပြုထားတာကို အာဆီယံအထူးကိုယ်စားလှယ်က ကြိုဆိုတယ်လို့ လည်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေဟာ စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာနဲ့ အာဆီယံ သဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာတွေအတွက် အကျိုးဆက်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။source-RFA