Local News

ကေမာၻဇဘဏ္ေငြသိမ္းကား လုယက္ခံရ

ကေမာၻဇဘဏ္ေငြသိမ္းကား လုယက္ခံရ

ဟိန္းစံ/ဧရာဝတီတိုင္းမ္

ေမလ ၁၃ ရက္ (ရန္ကုန္)

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ (၃၂) ရပ္ ကြက္၊ ပင္လုံလမ္းေပၚရွိ ကေမာၻဇဘဏ္ခြဲ (၁) ေရွ႕တြင္ ကေမာၻဇဘဏ္ေငြသိမ္းကား ယေန႔ ေမလ ၁၃ ရက္ ေန႔လည္ ၃ နာရီဝန္းက်င္တြင္ လုယက္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံက သိရသည္။

အဆိုပါ ကေမာၻဇဘဏ္ေငြသိမ္းယာဥ္သည္ ရန္ကုန္ၿမိဳ႕နယ္အခ်ိဳ႕က ကေမာၻဇဘဏ္မ်ားမွ ကားျဖင့္ ေငြမ်ားလိုက္လံသိမ္းဆည္းသည့္ယာဥ္ဟုသိရၿပီး ​ေျမာက္ဒဂုံ ကေမာၻဇဘဏ္ေရွ႕တြင္ လုယက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။

”အဲ့ဒီဘဏ္ကားက ဘဏ္ေရွ႕ေရာက္တုန္းရွိေသးတယ္၊ ပ႐ိုေဘာက္စ္ကားနဲ႔ ေရာက္လာၿပီး ပိုက္ဆံအိတ္ေစာင့္တဲ့လုံၿခဳံေရးေတြကို ဓားေထာက္လုသြားတာ။ သိန္း ၁၀၀၀ ေက်ာ္ေလာက္ပါသြားတယ္လို႔ သိရတယ္”ဟု ေျမာက္ဒဂုံေဒသခံတဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

လုယက္ခံရသည့္ေငြပမာဏမွာ သတင္းရင္းျမစ္ေဒသခံ ၏ေျပာဆိုခ်က္အရ သိန္း ၁၀၀၀ ေက်ာ္ဟု သိရေသာ္ လည္း ဆုံးရႈံးသြားသည့္ေငြပမာဏအား ဧရာဝတီတိုင္းမ္အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းမရွိပါ။ အဆိုပါျဖစ္စဥ္အား စစ္ေကာင္စီႏွင့္ကေမာၻဇဘဏ္ဘက္မွလည္း သတင္းထုတ္ျပန္ျခင္းမရွိေသးေပ။

အဆိုပါ ကေမာၻဇဘဏ္ကား လုယက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ေျမာက္ဒဂုံၿမိဳ႕နယ္အတြင္း လမ္းဆုံလမ္းခြအားလုံးကိုပိတ္ဆို႔လိုက္ၿပီး စစ္ေဆးရွာေဖြမႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေဒသခံမ်ားထံက သိရသည္။

ဧၿပီလ ၆ ရက္ေန႔လည္ပိုင္းကလည္း ေတာင္ဥကၠလာပၿမိဳ႕နယ္၊ သံသုမာလမ္းေပၚရွိ ကေမာၻဇဘဏ္ခြဲ ဓားျပတိုက္ခံခဲ့ရၿပီး ေငြက်ပ္ သိန္း ၂၁၀၀ ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

ကမ္ဘောဇဘဏ်ငွေသိမ်းကား လုယက်ခံရ

ဟိန်းစံ/ဧရာဝတီတိုင်းမ်

မေလ ၁၃ ရက် (ရန်ကုန်)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂) ရပ် ကွက်၊ ပင်လုံလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) ရှေ့တွင် ကမ္ဘောဇဘဏ်ငွေသိမ်းကား ယနေ့ မေလ ၁၃ ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် လုယက်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ကမ္ဘောဇဘဏ်ငွေသိမ်းယာဉ်သည် ရန်ကုန်မြို့နယ်အချို့က ကမ္ဘောဇဘဏ်များမှ ကားဖြင့် ငွေများလိုက်လံသိမ်းဆည်းသည့်ယာဉ်ဟုသိရပြီး မြောက်ဒဂုံ ကမ္ဘောဇဘဏ်ရှေ့တွင် လုယက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

”အဲ့ဒီဘဏ်ကားက ဘဏ်ရှေ့ရောက်တုန်းရှိသေးတယ်၊ ပရိုဘောက်စ်ကားနဲ့ ရောက်လာပြီး ပိုက်ဆံအိတ်စောင့်တဲ့လုံခြုံရေးတွေကို ဓားထောက်လုသွားတာ။ သိန်း ၁၀၀၀ ကျော်လောက်ပါသွားတယ်လို့ သိရတယ်”ဟု မြောက်ဒဂုံဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လုယက်ခံရသည့်ငွေပမာဏမှာ သတင်းရင်းမြစ်ဒေသခံ ၏ပြောဆိုချက်အရ သိန်း ၁၀၀၀ ကျော်ဟု သိရသော် လည်း ဆုံးရှုံးသွားသည့်ငွေပမာဏအား ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ အဆိုပါဖြစ်စဉ်အား စစ်ကောင်စီနှင့်ကမ္ဘောဇဘဏ်ဘက်မှလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အဆိုပါ ကမ္ဘောဇဘဏ်ကား လုယက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြောက်ဒဂုံမြို့နယ်အတွင်း လမ်းဆုံလမ်းခွအားလုံးကိုပိတ်ဆို့လိုက်ပြီး စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

ဧပြီလ ၆ ရက်နေ့လည်ပိုင်းကလည်း တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံခဲ့ရပြီး ငွေကျပ် သိန်း ၂၁၀၀ ဆုံးရှုံးခဲ့ကြောင်း သိရသည်။