Local News

“နန္းထိုက္ေအာင္စစ္ဆင္ေရး”အျဖစ္ ျပည္လမ္းႏွင့္ အင္းယားလမ္းေထာင့္ရွိ

“နန္းထိုက္ေအာင္စစ္ဆင္ေရး”အျဖစ္ ျပည္လမ္းႏွင့္ အင္းယားလမ္းေထာင့္ရွိ ရဲကင္းအား ပစ္ခတ္ရွင္းလင္း

အၾကမ္းဖက္စစ္ေကာင္စီတပ္သား ႏွစ္ဦးေသ

ရဲေခါင္/People’s Spring

ရန္ကုန္ၿမိဳ႕ ျပည္လမ္းႏွင့္အင္းယားလမ္းေထာင့္ရွိ ရဲကင္းအား “နန္းထိုက္ေအာင္စစ္ဆင္ေရး “အျဖစ္ ပစ္ခတ္ရွင္းလင္းခဲ့ၿပီး အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ႏွစ္ဦးေသဆုံးေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕တာဝန္ရွိသူက People’s Springသို႔ ေျပာသည္။

အဆိုပါတိုက္ခိုက္မႈကို ယေန႔(ေမ ၁၃ ရက္) ညေနပိုင္းတြင္ Anonymous အဖြဲ႕က ပစ္ခတ္ရွင္းလင္းမႈျပဳလုပ္ခဲ့ျခင္းဟု ဆိုသည္။”ကြၽန္ေတာ္တို႔ လူငယ္ေလးေတြ ဒီႏွစ္ေဖေဖာ္ဝါရီ ၆ ရက္ေန႔က ကန္ေပါင္ေရွ႕က လူကူးခုံးေက်ာ္တံတားေပၚမွာတက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ စာတမ္းခ်ိတ္ဆြဲတာကို အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြင္းခဲ့တာ ေက်ာင္းသားလူငယ္ ဂ်န္ဇီေလးတစ္ေယာက္ ေသနတ္က်ည္ထိမွန္ခံခဲ့ရတာဟာ အဲ့ဒီကင္း႐ုံက ေကာင္ေတြလုပ္ခဲ့တာ။ ဒါေၾကာင့္ အတုံ႔အလွည့္ဆိုတာရွိေၾကာင္း စစ္ေရးအရ ျပန္လည္တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္”ဟု အထက္ပါတာဝန္ရွိသူက စစ္ဆင္ေရးႏွင့္ပတ္သက္၍ ရွင္းျပသည္။

“နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”စတင္ၿပီး တစ္လအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီေထာက္တိုင္ စုစုေပါင္း ၅၅ဦးကို သုတ္သင္ရွင္းလင္းထားၿပီး ၆၀ေက်ာ္ဒဏ္ရာရရွိခဲ့ေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕တာဝန္ရွိသူက People’s Springသို႔ ေမလ၈ရက္က ေျပာထားသည္။ယခုႏွစ္ ဧၿပီ၈ရက္က စတင္ခဲ့ေသာ “နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”သည္ ေမလ၈ ရက္က တစ္လျပည့္ေျမာက္​ျခင္း ျဖစ္သည္။

စစ္ဆင္ေရးကာလအတြင္း စစ္ေရးပစ္မွတ္ ၃၀၊ အုပ္ခ်ဳပ္ေရးပစ္မွတ္ ၂၃၊ စီးပြားေရးပစ္မွတ္ ၅ခုတို႔ကို ပစ္ခတ္ေဖာက္ခြဲတိုက္ခိုက္မႈေတြေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။

ထို႔အျပင္ မြန္ျပည္နယ္ရွိ ေမာ္လၿမိဳင္၊ က်ိဳက္ေရာ၊ သထုံ၊ သိမ္ဇရပ္အပါအဝင္၊ ရန္ကုန္တိုင္းအတြင္း ၿမိဳ႕ နယ္ ၂၁ ခု၌ ၿမိဳ႕ျပစစ္ဆင္ေရးမ်ားကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေျပာက္က်ားေတာ္လွန္ေရးအဖြဲ႕မ်ားက ေဆာင္႐ြက္ခဲ့သည္ဟု ၎က ဆိုသည္။

အလားတူ ပဲခူးတိုင္း PDF ႏွင့္ ရန္ကုန္တိုင္း ခရမ္း PDF တို႔ပူးေပါင္းတိုက္ခိုက္ခဲ့သည့္ ဇြဲတြန္စစ္ ေဆးေရးဂိတ္ပစ္ခတ္မႈျဖစ္စဥ္တြင္ ရန္သူအၾကမ္းဖက္အဖြဲ႕ဝင္ ၁၀ဦးအထိ ေသဆုံးခဲ့သည္ဟု အသိေပးသည္။

ထို႔အတူ ရန္ကုန္တိုင္း ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္း၊ ျမင္းစီးကြင္းအနီးရွိ အၾကမ္းဖက္စစ္တပ္စြဲထားရာ အားကစားကြင္းအား People’s Force ႏွင့္ Spring Brothers Force တို႔ ပူးေပါင္းၿပီး (၄၀) မမ ဗုံးသီး ငါးလုံး ျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့ရာ ရန္သူအၾကမ္းဖက္အဖြဲ႕ဝင္ ကိုဦး ေသဆုံးကာ အမ်ားအျပား ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္းလည္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ေျပာသည္။

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးအထူးတပ္ဖြဲ႕ေၾကာင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္၏ သုံးပြင့္အဆင့္ရွိ အရာရွိတစ္ဦးအပါ အဝင္ ႏွစ္ဦးေသဆုံးခဲ့သည့္ ေကာ့မႈးၿမိဳ႕နယ္ ငွက္ေအာ္စမ္းေက်း႐ြာအနီး မက်ီးကန္-က်ိဳက္ေထာ္လမ္းေပၚမွ စစ္ယာဥ္တန္းပစ္ခတ္တိုက္ခိုက္မႈသည္လည္း စစ္ေကာင္စီကို အထိနာေစခဲ့သည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အၾကမ္းဖက္စစ္တပ္သည္ ငွက္ေအာ္စမ္းေက်း႐ြာႏွင့္ အနီးပတ္ဝန္း က်င္ရွိ ေညာင္ေထာင္၊ ေရတာရွည္၊ သံႀကိဳးစတဲ့ ႐ြာေတြက အျပစ္မဲ့ ႐ြာသူ၊႐ြာသား ၅၀၀ ေက်ာ္ကို ဖမ္းဆီးစစ္ေဆးျခင္း၊ ႐ိုက္ႏွက္ႏွိပ္စက္ေမးျမန္းျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ယခင္ႏွစ္ စက္တင္ဘာ၇ ရက္က စတင္ခဲ့သည့္ ျပည္သူ႔ခုခံေတာ္လွန္စစ္ေၾကညာၿပီးေနာက္”ပ်ံလႊားေအာင္စစ္ဆင္ေရး”ကို စတင္ခဲ့ရာ ၇ လတာကာလအတြင္း ပစ္မွတ္ေပါင္း ၄၁၉ ခု အား ပစ္ခတ္တိုက္ခိုက္ေခ်မႈန္းႏိုင္ခဲ့ၿပီး ရန္သူအၾကမ္းဖက္တပ္ဖြဲ႕ဝင္ ၂၅၃ ေယာက္ေသဆုံးၿပီး ၃၀၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သည္။

ထို႔အျပင္ နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရးကို ယခုထက္အရွိန္ျမႇင့္တင္ေဆာင္႐ြက္သြားရန္ အစီအစဥ္မ်ား ခ်မွတ္ထားၿပီး အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ျပည္သူ႔ဘက္ေတာ္သား အတြင္းဖရဲသီးမ်ား၏ သတင္းေပးခ်က္မ်ား၊ သတိေပးခ်က္မ်ားႏွင့္ ပူးေပါင္းပါဝင္မႈမ်ားကိုလည္း အထူးပင္ေက်းဇူးတင္ရွိေၾကာင္း ရန္ကုန္တိုင္းစစ္ေဒသခြဲကြပ္ကဲေရးအဖြဲ႕က ဆိုသည္။

အထူးသျဖင့္ နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး၏ အဓိက ေမာင္းႏွင္အားမ်ားျဖစ္ေသာ PDF ရဲေဘာ္မ်ား၊ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ား၊ အထူးေကာ္မန္ဒိုတပ္ဖြဲ႕မ်ား၊ ၿမိဳ႕ျပေျပာက္က်ား ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ျပည္သူမ်ားအားလုံးကို ေလးစားဂုဏ္ျပဳေၾကာင္းလည္း အသိေပးသည္။

#လူထုေႏြဦး

“နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ ရဲကင်းအား ပစ်ခတ်ရှင်းလင်း

အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေ

ရဲခေါင်/People’s Spring

ရန်ကုန်မြို့ ပြည်လမ်းနှင့်အင်းယားလမ်းထောင့်ရှိ ရဲကင်းအား “နန်းထိုက်အောင်စစ်ဆင်ရေး “အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ယနေ့(မေ ၁၃ ရက်) ညနေပိုင်းတွင် Anonymous အဖွဲ့က ပစ်ခတ်ရှင်းလင်းမှုပြုလုပ်ခဲ့ခြင်းဟု ဆိုသည်။”ကျွန်တော်တို့ လူငယ်လေးတွေ ဒီနှစ်ဖေဖော်ဝါရီ ၆ ရက်နေ့က ကန်ပေါင်ရှေ့က လူကူးခုံးကျော်တံတားပေါ်မှာတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် စာတမ်းချိတ်ဆွဲတာကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာ ကျောင်းသားလူငယ် ဂျန်ဇီလေးတစ်ယောက် သေနတ်ကျည်ထိမှန်ခံခဲ့ရတာဟာ အဲ့ဒီကင်းရုံက ကောင်တွေလုပ်ခဲ့တာ။ ဒါကြောင့် အတုံ့အလှည့်ဆိုတာရှိကြောင်း စစ်ရေးအရ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက စစ်ဆင်ရေးနှင့်ပတ်သက်၍ ရှင်းပြသည်။

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”စတင်ပြီး တစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက People’s Springသို့ မေလ၈ရက်က ပြောထားသည်။ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်ခြင်း ဖြစ်သည်။

စစ်ဆင်ရေးကာလအတွင်း စစ်ရေးပစ်မှတ် ၃၀၊ အုပ်ချုပ်ရေးပစ်မှတ် ၂၃၊ စီးပွားရေးပစ်မှတ် ၅ခုတို့ကို ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှုတွေဆောင်ရွက်နိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကျိုက်ရော၊ သထုံ၊ သိမ်ဇရပ်အပါအဝင်၊ ရန်ကုန်တိုင်းအတွင်း မြို့ နယ် ၂၁ ခု၌ မြို့ပြစစ်ဆင်ရေးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြောက်ကျားတော်လှန်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အလားတူ ပဲခူးတိုင်း PDF နှင့် ရန်ကုန်တိုင်း ခရမ်း PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဇွဲတွန်စစ် ဆေးရေးဂိတ်ပစ်ခတ်မှုဖြစ်စဉ်တွင် ရန်သူအကြမ်းဖက်အဖွဲ့ဝင် ၁၀ဦးအထိ သေဆုံးခဲ့သည်ဟု အသိပေးသည်။

ထို့အတူ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြင်းစီးကွင်းအနီးရှိ အကြမ်းဖက်စစ်တပ်စွဲထားရာ အားကစားကွင်းအား People’s Force နှင့် Spring Brothers Force တို့ ပူးပေါင်းပြီး (၄၀) မမ ဗုံးသီး ငါးလုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူအကြမ်းဖက်အဖွဲ့ဝင် ကိုဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ သုံးပွင့်အဆင့်ရှိ အရာရှိတစ်ဦးအပါ အဝင် နှစ်ဦးသေဆုံးခဲ့သည့် ကော့မှုးမြို့နယ် ငှက်အော်စမ်းကျေးရွာအနီး မကျီးကန်-ကျိုက်ထော်လမ်းပေါ်မှ စစ်ယာဉ်တန်းပစ်ခတ်တိုက်ခိုက်မှုသည်လည်း စစ်ကောင်စီကို အထိနာစေခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် အကြမ်းဖက်စစ်တပ်သည် ငှက်အော်စမ်းကျေးရွာနှင့် အနီးပတ်ဝန်း ကျင်ရှိ ညောင်ထောင်၊ ရေတာရှည်၊ သံကြိုးစတဲ့ ရွာတွေက အပြစ်မဲ့ ရွာသူ၊ရွာသား ၅၀၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခြင်း၊ ရိုက်နှက်နှိပ်စက်မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် စက်တင်ဘာ၇ ရက်က စတင်ခဲ့သည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာပြီးနောက်”ပျံလွှားအောင်စစ်ဆင်ရေး”ကို စတင်ခဲ့ရာ ၇ လတာကာလအတွင်း ပစ်မှတ်ပေါင်း ၄၁၉ ခု အား ပစ်ခတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး ရန်သူအကြမ်းဖက်တပ်ဖွဲ့ဝင် ၂၅၃ ယောက်သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကို ယခုထက်အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အစီအစဉ်များ ချမှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ပြည်သူ့ဘက်တော်သား အတွင်းဖရဲသီးများ၏ သတင်းပေးချက်များ၊ သတိပေးချက်များနှင့် ပူးပေါင်းပါဝင်မှုများကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

အထူးသဖြင့် နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ အဓိက မောင်းနှင်အားများဖြစ်သော PDF ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးကော်မန်ဒိုတပ်ဖွဲ့များ၊ မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူများအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း အသိပေးသည်။

#လူထုနွေဦး