Local News

NUG ကို ဖိတ္ေခၚေတြ႕ဆုံတဲ့ ကန္လုပ္ရပ္ ျမန္မာစစ္ေကာင္စီေဝဖန္

NUG ကို ဖိတ္ေခၚေတြ႕ဆုံတဲ့ ကန္လုပ္ရပ္ ျမန္မာစစ္ေကာင္စီေဝဖန္

၁၃ ေမ၊ ၂၀၂၂

အေမရိကန္ – အာဆီယံ ထိပ္သီးအစည္းအေဝးကိုၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ ဝါရွင္တန္ဒီစီမွာက်င္းပေနပါတယ္။ ဒီအစည္းအေဝးက်င္းပေနခ်ိန္မွာပဲ NUG ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရကိုယ္စားလွယ္ကို အေမရိကန္အစိုးရက ဝါရွင္တန္ဒီစီမွာ လက္ခံေတြ႕ဆုံတာဟာ အၾကမ္းဖက္အဖြဲ႕အစည္းဆန႔္က်င္ေရး အေမရိကန္အစိုးရရဲ႕မူဝါဒကို ေမးခြန္းထုတ္လိုတယ္ဆိုၿပီး ျမန္မာစစ္ေကာင္စီက ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုရဲ႕ ဒီရပ္တည္ခ်က္နဲ႔ပတ္သက္လို႔ ျပည္တြင္းအျမင္ေတြကို ရန္ကုန္က စုစည္းသတင္းေပးပို႔တာကို မဆုမြန္က တင္ျပေပးထားပါတယ္။

ေမလ ၁၂-၁၃ မွာ က်င္းပေနတဲ့ အေမရိကန္-အာဆီယံထိပ္သီးေဆြးေႏြးပြဲကာလအတြင္းမွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ျမန္မာ့အေရးကိစၥဟာလည္း ေဆြးေႏြးစရာအေၾကာင္းတခုျဖစ္ေနပါတယ္။ အဓိကကေတ့ာ့ ျမန္မာ့အေရး အာဆီယံဘုံသေဘာတူညီခ်က္ေတြ လက္ေတြ႕အေကာင္အထည္ေပၚလာေစဖို႔ အေမရိကန္ဘက္က တြန္းအားေပးေနသလို ဒီလို အေကာင္အထည္ေဖာ္တဲ့ေနရာမွာ အေရးပါတဲ့အစုအဖြဲ႕ေတြ အထူးသျဖင့္ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကိုပါ ဆက္စပ္ေဆာင္႐ြက္ဖို႔ ေျပာဆိုေနၾကတာပါ။

ထိပ္သီးအစည္းအေဝးအတြင္းမွာေတာ့ ျမန္မာစစ္ေကာင္စီအႀကီးအကဲကို တတ္ေရာက္ခြင့္မေပးဘဲ ျမန္မာေနရာမွာ ခုံလြတ္ခ်ထားဖို႔ ႏွစ္ဘက္ သေဘာတူခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာေတာ့ NUG ႏိုင္ငံျခားေရးဝန္ႀကီးကို အေမရိကန္အစိုးရက ဝါရွင္တန္မွာဖိတ္ေခၚၿပီး အစိုးရအရာရွိေတြက လက္ခံေတြ႕ဆုံေဆြးေႏြးပါတယ္။

ဒီလိုလုပ္ေဆာင္တာေတြအတြက္ စစ္ေကာင္စီဘက္က ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ၿပီး အေမရိကန္ရဲ႕ ရပ္တည္ခ်က္ အေပၚ အခုလို စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေမးခြန္းထုတ္လိုက္ပါတယ္။

“ဒီလိုအၾကမ္းဖက္အဖြဲ႕အစည္းကို ကမာၻမွာ အၾကမ္းဖက္လုပ္ရပ္ေတြကိုဆန႔္က်င္ပါတယ္ဆိုတဲ့ အေမရိကန္က ေခၚၿပီးေတြ႕တာကို က်ေနာ္ေမးခြန္းထုတ္လိုတာက ဒါသည္ အၾကမ္းဖက္နဲ႔ပတ္သက္ၿပီးေတာ့ အေမရိကန္ႏိုင္ငံသည္ အၾကမ္းဖက္ ဆိုတဲ့အဓိပၸါယ္ဖြင့္ဆိုမႈ၊ အၾကမ္းဖက္ဆိုတဲ့ဖြင့္ဆိုမႈေတြသည္ စံခ်ိန္ႏွစ္မ်ဳိးနဲ႔ double standard နဲ႔အဓိပၸါယ္ဖြင့္ ေနတယ္၊ က်င့္သုံးေနတယ္လို႔ပဲ က်ေနာ္တို႔ ျမင္ပါတယ္။”

အာဆီယံအေနနဲ႔ မႏွစ္က အခ်က္ ၅ ခ်က္ပါ ဘုံသေဘာတူညီခ်က္ရခဲ့တာကလြဲၿပီး ျမန္မာစစ္ေကာင္စီရဲ႕ လူ႔အခြင့္ေရး ဆက္လက္ခ်ိဳးေဖါက္ေနမႈေတြ အတြက္ ဘာမွတိုးတက္ေအာင္မလုပ္ႏိုင္တာကို အေမရိကန္ တာဝန္ရွိသူေတြက စိတ္ပ်က္လာၾကၿပီးေနာက္ အခုလိုဆက္လက္ဖိအားေပးတဲ့ ပုံစံနဲ႔ လုပ္ေဆာင္လာတာျဖစ္တယ္လို႔ ျပည္တြင္းသုံးသပ္သူတခ်ိဳ႕က ျမင္ပါတယ္။

ကမာၻနဲ႔ျမန္မာ့ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာခင္ေဇာ္ဝင္းကေတာ့ ဒီေဆြးေႏြးပြဲကေန ရလဒ္ေကာင္း တခုခု ေပၚထြက္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ ဒီလုပ္ေဆာင္မႈေတြက အာဏာသိမ္းစစ္ေကာင္စီအေပၚဖိအားတစုံ တရာရွိလာႏိုင္ဖြယ္ျမင္တယ္လို႔ သူကရႈျမင္ပါတယ္။

“အခု အေမရိကားက ေျပာမယ္ဆိုလို႔ရွိရင္ ခြဲေဝေရးကို ႏွစ္ပတ္၊ သံုးပတ္ ထပ္တင္းေနတာပဲ။ အရင္တုန္းက အေမရိကားကို အဲေလာက္….ဘူးေလ။ ကစားလိုက္တာေပါ့ကြာ။….”

အေမရိကန္ရဲ႕ အခုလိုဖိအားေပးလုပ္ေဆာင္မႈက စစ္ေကာင္စီအေနနဲ႔ သူတို႔ကိုေက်ာေထာင့္ေနာက္ခံေပးကူညီ ေနတဲ့ အေမရိကန္ရဲ႕ ၿပိဳင္ဘက္ အိမ္နီးခ်င္းတ႐ုတ္၊ ႐ုရွားဘက္ကိုပိုၿပီး နီးစပ္သြားမလားဆိုတဲ့ စိုးရိမ္တႀကီး သုံးသပ္မႈေတြလည္းရွိပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ ျမန္မာ့ႏိုင္ငံေရးေလ့ လာသုံးသပ္သူတဦး ျဖစ္တဲ့ ဦးရဲထြန္းကေတာ့ အခုလိုသုံးသပ္လိုက္ပါတယ္။

“ဦးသန္းေ႐ႊလက္ထက္ထဲက တပ္သေဘာထားက သူ႔ကိုျပင္းထန္တဲ့ဟာေတြလုပ္ရင္ တဘက္ကို ပိုကပ္တာမ်ိဳး ဆန႔္က်င္ဘက္ပိုျဖစ္တာမ်ိဳး ျဖစ္ေလ့ရွိတတ္တယ္။ ဒီတေခါက္မွာေတာ့ ေ႐ြးခ်ယ္ စရာေလးေတြရွိတာေပါ့။”

ျမန္မာ့အေရးေတြမွာ တက္ႂကြလႈပ္ရွားစြာပါဝင္လႈပ္ရွားေနတဲ့ မသၪၨာ႐ႊန္းလဲ့ရည္ကေတာ့ အေမရိကန္ႏိုင္ငံဟာ တျခားႏိုင္ငံေတြထက္စာရင္ ျမန္မာ့ဒီမိုကေရစီတိုးတက္ေရးကို ေထာက္ပံ့ဆုံးႏိုင္ငံေတြထဲကတခုအေနနဲ႔ သူ႔လုပ္ရပ္ကိုျပသတယ္လို႔ သူကရႈျမင္ပါတယ္။ သံတမန္ေရးအရ ေအာင္ပြဲတခုလို႔ ရႈျမင္ထားသလို ဒီလုပ္ေဆာင္ခ်က္ေတြ ကေျပာင္းလဲမႈလမ္းစတခုျဖစ္လာဖို႔ သူကေမွ်ာ္လင့္ေနပါတယ္။

“က်မတို႔ ေမွ်ာ္လင့္သလိုမျဖစ္ေသးေပမယ့္ တေျဖးေျဖးနဲ႔ တိုက္တြန္းသြားရမွာျဖစ္တယ္။ အေမရိကန္ႏိုင္ငံတခုက က်မတို႔ႏိုင္ငံေပၚမွာ ေပၚလစီမူဝါဒအားျဖင့္ အေျပာင္းအလဲျဖစ္ရင္ က်န္တဲ့ႏိုင္ငံေတြ ေျပာင္းလဲႏိုင္ဖို႔သိပ္မခက္ေတာ့ဘူးေပါ့။

ဆိုေတာ့ သိပ္ကို အေရးႀကီးပါတယ္။ ထိေရာက္တဲ့လုပ္ငန္းစဥ္ေတြ ေနာက္ပိုင္းမွာ ထဲထဲဝင္ဝင္ သက္ေရာက္မႈရွိလာဖို႔ဆိုရင္ က်မတို႔ ျပည္သူေတြကလည္း အေမရိကန္ႏိုင္ငံက က်မတို႔ျပည္သူေတြ လိုခ်င္တာကို တစိုက္မတ္မတ္လုပ္ေနရဲ႕လားဆိုတာကို အၿမဲတမ္းေလ့လာေစာင့္ၾကည့္ဖို႔လိုတယ္။ ဥပမာေျပာရရင္ MOGE ကို sanction လုပ္ဖို႔ တိုက္တြန္းေနတာကို က်မတို႔ျပည္သူေတြ ပါဝင္ဖို႔ လိုပါတယ္။”

ဒီကေန႔ဆက္လုပ္ေနတဲ့ အစည္းအေဝးမွာေတာ့ အေမရိကန္ -အာဆီယံ အစည္းေဝးမွာ ျမန္မာ့အေရး အျပင္ အင္ဒို- ပစိဖိတ္ေဒသတြင္း တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈ ကို တန္ျပန္ထိန္းညႇိဖို႔ ႀကိဳးစားေနတဲ့ အေမရိကန္အစိုးရအေနနဲ႔ လူ႔အခြင့္ေရးနဲ႔ ဒီမိုကေရစီေရး ဆိုင္ရာကိစၥရပ္ေတြကိုပါ ေဆြးေႏြးဖို႔ရွိတယ္လို႔ သိရပါတယ္

VOA

NUG ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ကန်လုပ်ရပ် မြန်မာစစ်ကောင်စီဝေဖန်

၁၃ မေ၊ ၂၀၂၂

အမေရိကန် – အာဆီယံ ထိပ်သီးအစည်းအဝေးကိုပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီမှာကျင်းပနေပါတယ်။ ဒီအစည်းအဝေးကျင်းပနေချိန်မှာပဲ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ကို အမေရိကန်အစိုးရက ဝါရှင်တန်ဒီစီမှာ လက်ခံတွေ့ဆုံတာဟာ အကြမ်းဖက်အဖွဲ့အစည်းဆန့်ကျင်ရေး အမေရိကန်အစိုးရရဲ့မူဝါဒကို မေးခွန်းထုတ်လိုတယ်ဆိုပြီး မြန်မာစစ်ကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီရပ်တည်ချက်နဲ့ပတ်သက်လို့ ပြည်တွင်းအမြင်တွေကို ရန်ကုန်က စုစည်းသတင်းပေးပို့တာကို မဆုမွန်က တင်ပြပေးထားပါတယ်။

မေလ ၁၂-၁၃ မှာ ကျင်းပနေတဲ့ အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကာလအတွင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့မြန်မာ့အရေးကိစ္စဟာလည်း ဆွေးနွေးစရာအကြောင်းတခုဖြစ်နေပါတယ်။ အဓိကကတေ့ာ့ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ လက်တွေ့အကောင်အထည်ပေါ်လာစေဖို့ အမေရိကန်ဘက်က တွန်းအားပေးနေသလို ဒီလို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးပါတဲ့အစုအဖွဲ့တွေ အထူးသဖြင့် NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကိုပါ ဆက်စပ်ဆောင်ရွက်ဖို့ ပြောဆိုနေကြတာပါ။

ထိပ်သီးအစည်းအဝေးအတွင်းမှာတော့ မြန်မာစစ်ကောင်စီအကြီးအကဲကို တတ်ရောက်ခွင့်မပေးဘဲ မြန်မာနေရာမှာ ခုံလွတ်ချထားဖို့ နှစ်ဘက် သဘောတူခဲ့ကြပါတယ်။ တချိန်တည်းမှာတော့ NUG နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်အစိုးရက ဝါရှင်တန်မှာဖိတ်ခေါ်ပြီး အစိုးရအရာရှိတွေက လက်ခံတွေ့ဆုံဆွေးနွေးပါတယ်။

ဒီလိုလုပ်ဆောင်တာတွေအတွက် စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက် အပေါ် အခုလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမေးခွန်းထုတ်လိုက်ပါတယ်။

“ဒီလိုအကြမ်းဖက်အဖွဲ့အစည်းကို ကမ္ဘာမှာ အကြမ်းဖက်လုပ်ရပ်တွေကိုဆန့်ကျင်ပါတယ်ဆိုတဲ့ အမေရိကန်က ခေါ်ပြီးတွေ့တာကို ကျနော်မေးခွန်းထုတ်လိုတာက ဒါသည် အကြမ်းဖက်နဲ့ပတ်သက်ပြီးတော့ အမေရိကန်နိုင်ငံသည် အကြမ်းဖက် ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုမှု၊ အကြမ်းဖက်ဆိုတဲ့ဖွင့်ဆိုမှုတွေသည် စံချိန်နှစ်မျိုးနဲ့ double standard နဲ့အဓိပ္ပါယ်ဖွင့် နေတယ်၊ ကျင့်သုံးနေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

အာဆီယံအနေနဲ့ မနှစ်က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ရခဲ့တာကလွဲပြီး မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်ရေး ဆက်လက်ချိုးဖေါက်နေမှုတွေ အတွက် ဘာမှတိုးတက်အောင်မလုပ်နိုင်တာကို အမေရိကန် တာဝန်ရှိသူတွေက စိတ်ပျက်လာကြပြီးနောက် အခုလိုဆက်လက်ဖိအားပေးတဲ့ ပုံစံနဲ့ လုပ်ဆောင်လာတာဖြစ်တယ်လို့ ပြည်တွင်းသုံးသပ်သူတချို့က မြင်ပါတယ်။

ကမ္ဘာနဲ့မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းကတော့ ဒီဆွေးနွေးပွဲကနေ ရလဒ်ကောင်း တခုခု ပေါ်ထွက်လာနိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ ဒီလုပ်ဆောင်မှုတွေက အာဏာသိမ်းစစ်ကောင်စီအပေါ်ဖိအားတစုံ တရာရှိလာနိုင်ဖွယ်မြင်တယ်လို့ သူကရှုမြင်ပါတယ်။

“အခု အမေရိကားက ပြောမယ်ဆိုလို့ရှိရင် ခွဲဝေရေးကို နှစ်ပတ်၊ သုံးပတ် ထပ်တင်းနေတာပဲ။ အရင်တုန်းက အမေရိကားကို အဲလောက်….ဘူးလေ။ ကစားလိုက်တာပေါ့ကွာ။….”

အမေရိကန်ရဲ့ အခုလိုဖိအားပေးလုပ်ဆောင်မှုက စစ်ကောင်စီအနေနဲ့ သူတို့ကိုကျောထောင့်နောက်ခံပေးကူညီ နေတဲ့ အမေရိကန်ရဲ့ ပြိုင်ဘက် အိမ်နီးချင်းတရုတ်၊ ရုရှားဘက်ကိုပိုပြီး နီးစပ်သွားမလားဆိုတဲ့ စိုးရိမ်တကြီး သုံးသပ်မှုတွေလည်းရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့ မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူတဦး ဖြစ်တဲ့ ဦးရဲထွန်းကတော့ အခုလိုသုံးသပ်လိုက်ပါတယ်။

“ဦးသန်းရွှေလက်ထက်ထဲက တပ်သဘောထားက သူ့ကိုပြင်းထန်တဲ့ဟာတွေလုပ်ရင် တဘက်ကို ပိုကပ်တာမျိုး ဆန့်ကျင်ဘက်ပိုဖြစ်တာမျိုး ဖြစ်လေ့ရှိတတ်တယ်။ ဒီတခေါက်မှာတော့ ရွေးချယ် စရာလေးတွေရှိတာပေါ့။”

မြန်မာ့အရေးတွေမှာ တက်ကြွလှုပ်ရှားစွာပါဝင်လှုပ်ရှားနေတဲ့ မသဉ္ဇာရွှန်းလဲ့ရည်ကတော့ အမေရိကန်နိုင်ငံဟာ တခြားနိုင်ငံတွေထက်စာရင် မြန်မာ့ဒီမိုကရေစီတိုးတက်ရေးကို ထောက်ပံ့ဆုံးနိုင်ငံတွေထဲကတခုအနေနဲ့ သူ့လုပ်ရပ်ကိုပြသတယ်လို့ သူကရှုမြင်ပါတယ်။ သံတမန်ရေးအရ အောင်ပွဲတခုလို့ ရှုမြင်ထားသလို ဒီလုပ်ဆောင်ချက်တွေ ကပြောင်းလဲမှုလမ်းစတခုဖြစ်လာဖို့ သူကမျှော်လင့်နေပါတယ်။

“ကျမတို့ မျှော်လင့်သလိုမဖြစ်သေးပေမယ့် တဖြေးဖြေးနဲ့ တိုက်တွန်းသွားရမှာဖြစ်တယ်။ အမေရိကန်နိုင်ငံတခုက ကျမတို့နိုင်ငံပေါ်မှာ ပေါ်လစီမူဝါဒအားဖြင့် အပြောင်းအလဲဖြစ်ရင် ကျန်တဲ့နိုင်ငံတွေ ပြောင်းလဲနိုင်ဖို့သိပ်မခက်တော့ဘူးပေါ့။

ဆိုတော့ သိပ်ကို အရေးကြီးပါတယ်။ ထိရောက်တဲ့လုပ်ငန်းစဉ်တွေ နောက်ပိုင်းမှာ ထဲထဲဝင်ဝင် သက်ရောက်မှုရှိလာဖို့ဆိုရင် ကျမတို့ ပြည်သူတွေကလည်း အမေရိကန်နိုင်ငံက ကျမတို့ပြည်သူတွေ လိုချင်တာကို တစိုက်မတ်မတ်လုပ်နေရဲ့လားဆိုတာကို အမြဲတမ်းလေ့လာစောင့်ကြည့်ဖို့လိုတယ်။ ဥပမာပြောရရင် MOGE ကို sanction လုပ်ဖို့ တိုက်တွန်းနေတာကို ကျမတို့ပြည်သူတွေ ပါဝင်ဖို့ လိုပါတယ်။”

ဒီကနေ့ဆက်လုပ်နေတဲ့ အစည်းအဝေးမှာတော့ အမေရိကန် -အာဆီယံ အစည်းဝေးမှာ မြန်မာ့အရေး အပြင် အင်ဒို- ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကို တန်ပြန်ထိန်းညှိဖို့ ကြိုးစားနေတဲ့ အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်

VOA