Local News

ကျနော်ပါဝင်တဲ့ “ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်”ဟု မင်းအောင်လှိုင် ဆို


မေလ ၁၃ ရက်နေ့။



 



 



 


ကျနော်ပါဝင်တဲ့ “ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်”ဟု မင်းအောင်လှိုင် ဆို

 

မေလ ၁၃ ရက်နေ့။

မင်းအောင်လှိုင်က သူကိုယ်တိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ မနေ့က အစည်းအဝေးမှာ ပြောကြားလိုက်ပါသည်။

မေလ ၁၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ နစက အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။

 

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးပြီးတဲ့ အဖွဲ့ ၇ ဖွဲ့နဲ့ NCA လက်မှတ် ရေးထိုးခြင်းမပြုသေးတဲ့ အဖွဲ့ ၃ ဖွဲ့ က တက်ရောက်မှာဖြစ်တယ်လို့ သူက ဆိုပါသည်။

“ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲသည် မအောင်မြင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တော့ မြင်ပါတယ်”လို့ မင်းအောင်လှိုင်က ပြောပါသည်။

 

ငြိမ်းချမ်းရေးဆွေးနွေးမယ့်အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်းသီးသန့် ဆွေးနွေးဖို့နဲ့ အားလုံးပေါင်းပြီး ဆွေးနွေးဖို့ စီစဉ်နေတာမျိုး ရှိတယ်လို့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မယ့်အဖွဲ့တွေဆီက သိရပါသည်။

ဒါပေမဲ့လည်း တစ်ဖက်မှာတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပဋိပက္ခတွေချုပ်ငြိမ်းရေးကို ဦးတည်တာမဟုတ်ဘဲ နိုင်ငံရေးကစားပွဲတစ်ခုသာဖြစ်တယ်ဆိုပြီး ဝေဖန်နေကြသူတွေလည်းရှိပါသည်။

 

ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ရေးဆိုတဲ့မူကို သွေဖယ်လို့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို အင်အားကြီးလက်နက်ကိုင်တွေက တက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာထားပါသည်။