Local News















ချစ်ရသော မွေးရပ်မြေ


#KUGF

ကျနော်တို့ ခင်ဦးရဲ့အခြေအနေဟာ လုံးဝအားရစရာ မရှိပါဘူး

လက်လျှော့တာ မဟုတ်ဘူး ပြောပြတာပါ ခင်ဦးနယ်ဝင်မယ့် လမ်းပိုင်း အားလုံးနီးပါးကို အကြမ်းဖက်စကစတပ်သားတွေ ကြီးစိုးနေပြီလို့ ပြောလို့ရတယ်

အသွားအလာဖြတ်တောက်ထားတယ်အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်

ဒါကြောင့် ဒေသခံကာကွယ်ရေးတွေအတွက် နယ်မြေကျဉ်းမြောင်းလာတယ် အခက်အခဲတွေရှိလာတယ်

ဒေသခံတွေဟာ မြို့ပေါ်တက်ပြီး စားစရာ ကုန်ပစ္စည်းဝယ်ယူဖို့ အသွားအလာနည်းပါးလာပါတယ်

အကြမ်းဖက်စကစအခြေကုပ် ရွာတွေ(ပျဉ်ထောင်၊ရွာသစ်ကုန်း၊ မကျီးတုံ၊မဒေါင်းလှ)က ပျူတွေက တစ်နေ့တစ်ခြား ဘေးရွာတွေကို ဒုက္ခပေးလာတယ်

စပါးစိုက်ပျိုးရာသီတုန်းက စပါးဧကများစွာ မရိတ်သိမ်းရဘဲ ပျက်စီး ပျူတွေ မတရားရိတ်ယူလို့ ဆုံးရှုံး ရိတ်သိမ်းယူရတဲ့ စပါးကလည်း မီးထဲပါလို့ပျက်စီး

မီးထဲမပါပေမယ့် အကြမ်းဖက်စကစ အန္တရာယ်ကြောင့်သိုလှောင်မထားရဲဘဲ မချိတင်ကဲ ရောင်းထားရတယ်

လာမယ့် မိုးရာသီ မိုးစပါးစိုက်ဖို့တောင် စိတ်ကူးသက်သက်သာရှိသည် စိုက်ဖို့ အရင်းအနှီးက ဘယ်ကရမလဲလေ

စားဖို့အရေး မနည်းကြံဖန်နေရတယ် အိုးမဲ့အိမ်မဲ့ ဖြစ်လာသူ၊စစ်ရှောင်သူတွေက တနေ့တခြားတိုးလာတယ်

အခုချိန် ပဲပြောင်းနှမ်း လုပ်တဲ့ ရာသီမှာလည်းကျေးရွာတွေ တစ်ရွာပြီး တစ်ရွာစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးခံရလို့ ဂရုစိုက်မလုပ်နိုင်တော့ပေ(မနေ့ကဆို ပဲတီစိမ်းကောက်နေကြတဲ့ ဒေသခံတွေကိုလိုက်လံပစ်ခတ်တာတွေထိ ရှိလာပါတယ်)

နေရပ်စွန့်ခွာသူက စွန့်ခွာကြပြီ…….သို့ပေမဲ့ ကျနော်တို့ ခင်ဦး လက်လွတ်ပေးလို့ မရဘူးလေ…

ဟုတ်တယ်မလား…ရဲဘော်တို့ ပြည်သူတို့ရေ Fighting✊💪

ချစ်ရသော မွေးရပ်မြေ

အမြန်ဆုံး ပြန်လည်ရုန်းထနိုင်ပါစေ🙏🙏🙏

#KUGF