Local News

စစ္ကိုင္း အုန္းေတာ႐ြာအနီးက PDF စခန္း စီးနင္းခံရၿပီး ျပည္သူ႔ရဲေဘာ္ ရွစ္ဦး က်ဆုံး၊

စစ္ကိုင္း အုန္းေတာ႐ြာအနီးက PDF စခန္း စီးနင္းခံရၿပီး ျပည္သူ႔ရဲေဘာ္ ရွစ္ဦး က်ဆုံး၊

က်ဆုံး ရဲေဘာ္ေတြဟာ မႏၲေလး UG ေတြဟုဆို၊

MFP ၊ ေမ-၁၃

စစ္ကိုင္းၿမိဳ႕နယ္ အုန္းေတာေက်း႐ြာအနီး ပန္းခ်ီေက်း႐ြာ အေနာက္ဘက္ သရက္ၿခံတစ္ခုထဲက ေဒသကာကြယ္ေရး တပ္ဖြဲ႕ စခန္းတစ္ခု ဒီကေန႔ ေန႔လယ္ပိုင္းမွာ စီးနင္းခံရၿပီး ျပည္သူ႔ရဲေဘာ္ ရွစ္ဦး က်ဆုံးခဲ့တယ္လို႔ MFP ရဲ႕ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

စခန္း စီးနင္းခံရခ်ိန္ က်ဆုံးခဲ့ရတဲ့ ရဲေဘာ္ေတြဟာ မႏၲေလးၿမိဳ႕ျပ ေျပာက္က်ားတပ္ဖြဲ႕က ရဲေဘာ္ေတြ ျဖစ္တယ္လို႔ သတင္းၾကားေပမယ့္ အတိအက်ေတာ့ မသိရေသးဘူးလို႔ နီးစပ္ရာ သတင္းရင္းျမစ္ေတြက ဆိုပါတယ္။

ဒီကေန႔ ေမ(၁၃)ရက္ ေန႔လယ္ပိုင္းက စစ္ကိုင္းၿမိဳ႕နယ္ အုန္းေတာ႐ြာအနီး၊ ပန္းခ်ီေက်း႐ြာ အေနာက္ဘက္က သရက္ၿခံထဲမွာ ရွိတဲ့ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ရဲ႕ စခန္းေနရာကို အၾကမ္းဖက္ စစ္အုပ္စုက လက္နက္အင္အား၊ လူအင္အား အသာစီးနင္းခဲ့ၿပီး စခန္းမွာ ရွိေနတဲ့ ျပည္သူရဲ႕ေဘာ္ ရွစ္ဦးစလုံးကို ပစ္ခတ္ သတ္ျဖတ္သြားတာလို႔ ဆိုပါတယ္။

“အုန္းေတာ လမ္းဆုံ က မအလေတြရဲ႕ နယ္ေျမလို ျဖစ္ေနတာ။ ေခြးေတြ အၿမဲရွိတယ္။ ၿပီးေတာ့ မာလဲေတာက ပ်ဴေခြးေတြကလည္း ေတာ္ေတာ္ ေသာင္းက်န္းေနတယ္။ အခု စီးနင္းခံရတဲ့ အဖြဲ႕က Local မဟုတ္ဘဲ မႏၲေလးက UG ေတြလို႔ ၾကားေနတယ္” လို႔ နီးစပ္သူတစ္ဦးက MFP ကို ေျပာပါတယ္။

အဲ့ဒီ ပန္းခ်ီ႐ြာက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ စခန္း စီးနင္းမႈႏွင့္ ပတ္သက္ၿပီး အၾကမ္းဖက္ စစ္အုပ္စုဘက္က သတင္းျဖန႔္ရာမွာေတာ့ ဒီကေန႔ ေန႔လယ္(၂)နာရီေလာက္က စစ္ကိုင္းၿမိဳနယ္၊ ပန္းခ်ီ႐ြာအေနာက္ဘက္ သရက္ၿခံမွာ PDF ေတြ စခန္းခ် ေနထိုင္တယ္လို႔ သတင္းေပးခ်က္အရ သြားေရာက္ရွင္းလင္းရာမွာ ထိေတြ႕မႈျဖစ္ပြားၿပီး PDFစခန္း တစ္ခုႏွင့္အတူ အေလာင္း ရွစ္ေလာင္း၊ (M-16)ေသနတ္တစ္လက္၊ -လက္လုပ္ေသနတ္ သုံးလက္၊ က်ည္ဆံ၊ က်ည္အိမ္ စတဲ့ လက္နက္ခဲယမ္းေတြ သိမ္းဆည္းရရွိခဲ့တယ္လို႔ ဆိုပါတယ္။

အၾကမ္းဖက္ စစ္အုပ္စုဟာ ေဒသခံတခ်ိဳ႕ကို ပ်ဴေတြအျဖစ္ လက္သပ္ေမြးထားသလို ေခတ္မီ ေထာက္လွမ္းေရး နည္းပညာေတြသုံးကာ ေဒသကာကြယ္ေရး တပ္ဖြဲ႕ေတြရဲ႕ စခန္းေနရာေတြကို စုံစမ္းေထာက္လွမ္းၿပီး လက္နက္အင္အား၊ လူအင္အား အသားစီးနဲ႔ ေခ်မႈန္းေနပါတယ္။

တခ်ိန္တည္းမွာပဲ အၾကမ္းဖက္ စစ္အုပ္စုဟာ စစ္ကိုင္းၿမိဳ႕နယ္ အပါအဝင္ စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္ အမ်ားအျပားကို အင္တာနက္ ျဖတ္ေတာက္ၿပီး ႐ြာေတြကို စီးနင္းကာ လူသတ္၊ လုယက္၊ ေဖာက္ထြင္းခိုးယူ၊ ေနအိမ္မီးရႈိ႕၊ ဖမ္းဆီးေငြညႇစ္တာေတြလည္း က်ဴးလြန္ေနပါတယ္။

စစ္ကိုင္းၿမိဳ႕နယ္ အုန္းေတာ႐ြာအနီးက ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ စခန္းတစ္ခု စီးနင္းခံရၿပီး ျပည္သူ႔ရဲေဘာ္ ရွစ္ဦး က်ဆုံးခဲ့သည္/Photo – S

စစ်ကိုင်း အုန်းတောရွာအနီးက PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံး၊

ကျဆုံး ရဲဘော်တွေဟာ မန္တလေး UG တွေဟုဆို၊

MFP ၊ မေ-၁၃

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာအနီး ပန်းချီကျေးရွာ အနောက်ဘက် သရက်ခြံတစ်ခုထဲက ဒေသကာကွယ်ရေး တပ်ဖွဲ့ စခန်းတစ်ခု ဒီကနေ့ နေ့လယ်ပိုင်းမှာ စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံးခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စခန်း စီးနင်းခံရချိန် ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေဟာ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ရဲဘော်တွေ ဖြစ်တယ်လို့ သတင်းကြားပေမယ့် အတိအကျတော့ မသိရသေးဘူးလို့ နီးစပ်ရာ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီကနေ့ မေ(၁၃)ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့နယ် အုန်းတောရွာအနီး၊ ပန်းချီကျေးရွာ အနောက်ဘက်က သရက်ခြံထဲမှာ ရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရဲ့ စခန်းနေရာကို အကြမ်းဖက် စစ်အုပ်စုက လက်နက်အင်အား၊ လူအင်အား အသာစီးနင်းခဲ့ပြီး စခန်းမှာ ရှိနေတဲ့ ပြည်သူရဲ့ဘော် ရှစ်ဦးစလုံးကို ပစ်ခတ် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

“အုန်းတော လမ်းဆုံ က မအလတွေရဲ့ နယ်မြေလို ဖြစ်နေတာ။ ခွေးတွေ အမြဲရှိတယ်။ ပြီးတော့ မာလဲတောက ပျူခွေးတွေကလည်း တော်တော် သောင်းကျန်းနေတယ်။ အခု စီးနင်းခံရတဲ့ အဖွဲ့က Local မဟုတ်ဘဲ မန္တလေးက UG တွေလို့ ကြားနေတယ်” လို့ နီးစပ်သူတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ပန်းချီရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်း စီးနင်းမှုနှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ ဒီကနေ့ နေ့လယ်(၂)နာရီလောက်က စစ်ကိုင်းမြိုနယ်၊ ပန်းချီရွာအနောက်ဘက် သရက်ခြံမှာ PDF တွေ စခန်းချ နေထိုင်တယ်လို့ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းရာမှာ ထိတွေ့မှုဖြစ်ပွားပြီး PDFစခန်း တစ်ခုနှင့်အတူ အလောင်း ရှစ်လောင်း၊ (M-16)သေနတ်တစ်လက်၊ -လက်လုပ်သေနတ် သုံးလက်၊ ကျည်ဆံ၊ ကျည်အိမ် စတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဒေသခံတချို့ကို ပျူတွေအဖြစ် လက်သပ်မွေးထားသလို ခေတ်မီ ထောက်လှမ်းရေး နည်းပညာတွေသုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စခန်းနေရာတွေကို စုံစမ်းထောက်လှမ်းပြီး လက်နက်အင်အား၊ လူအင်အား အသားစီးနဲ့ ချေမှုန်းနေပါတယ်။

တချိန်တည်းမှာပဲ အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ပြီး ရွာတွေကို စီးနင်းကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေလည်း ကျူးလွန်နေပါတယ်။

စစ်ကိုင်းမြို့နယ် အုန်းတောရွာအနီးက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ စခန်းတစ်ခု စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ရှစ်ဦး ကျဆုံးခဲ့သည်/Photo – S