Local News

ကဗ်ာႀကီး႐ြာမွ ပ်ဴေခါင္းေဆာင္ အုပ္ခ်ဳပ္ေရးမႉးကို

ေရးၿမိဳ႕နယ္ ကဗ်ာႀကီး႐ြာမွ ပ်ဴေခါင္းေဆာင္ အုပ္ခ်ဳပ္ေရးမႉးကို ေရးဘီလူးအဖြဲ႕ ရွင္းလင္း၊ လက္နက္တစ္လက္ရ…႐ုပ္သံ

ပ်ဴေခါင္းေဆာင္ႏွင့္အတူရွိေနသည့္ ေထြအုပ္အရာရွိကိုပါ ရွင္းလင္းခဲ့ဟုဆို

သက္ေဝ/People’s Spring

မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ေခါဇာၿမိဳ႕နယ္ခြဲ ကဗ်ာႀကီးေက်း႐ြာမွ ပ်ဴေစာထီးေခါင္းေဆာင္ အုပ္ခ်ဳပ္ေရးမႉးကို ပစ္ခတ္ရွင္းလင္းခဲ့ေၾကာင္း ေရးဘီလူးျပည္သူ႔ကာကြယ္ေရးအဖြဲ႕ ေခါင္းေဆာင္က သတင္းထုတ္ျပန္ သည္။

အဆိုပါ ကဗ်ာႀကီးေက်း႐ြာမွ ပ်ဴေစာထီးေခါင္းေဆာင္ ၏ မတရားမႈမ်ားကို ျပည္သူမ်ားက တိုင္ၾကားလာ၍ အခ်ိန္ယူေလ့လာခဲ့ၿပီး သက္ေသခိုင္လုံ၍ ေမလ ၁၃ရက္ ညေနပိုင္း၌ သြားေရာက္ရွင္းလင္းခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။ ထိုသို႔ရွင္းလင္းစဥ္ ၎ႏွင့္အတူ ရွိေနသည့္ ေထြအုပ္ဦးစီး အရာရွိ တစ္ဦးကိုပါရွင္းလင္းခဲ့ေၾကာင္း၊ ပ်ဴေစာထီးေခါင္းေဆာင္ကိုင္ေဆာင္သည့္ လက္နက္တစ္လက္ရရွိခဲ့ေၾကာင္း အသိေပးသည္။

“အဲဒီလူက ေသခ်ာတဲ့အေၾကာင္း ကြၽန္ေတာ္တို႔ ခိုင္ခိုင္မာမာသိလာခဲ့တယ္။ ကဗ်ာႀကီး အုပ္ခ်ဳပ္ေရးမႉး က လက္နက္ကိုင္ေဆာင္တဲ့အျပင္ သူ႔မွာ ကိုယ္ပိုင္စစ္သားေတြပါရွိတာျဖစ္ပါတယ္။

ဒါေၾကာင့္ သူ႔ကို စီးနင္းပစ္ခတ္ႏိုင္ခဲ့တဲ့အျပင္ ကြၽန္ေတာ္တို႔ သူနဲ႔အတူ ပါလာခဲ့တဲ့ ေထြအုပ္ ဦးစီးတစ္ေယာက္ကို ရွင္းလင္းခဲ့တာျဖစ္ပါတယ္။ သက္ေသနဲ႔တကြ ခ်ျပတာပါ။သူ႔ဆီကေန ရရွိလာခဲ့လက္နက္ ရန္သူ႔လက္နက္ကိုယ့္လက္နက္ျဖစ္သလို ကြၽန္ေတာ္တို႔ သိမ္းဆည္းလာတဲ့ လက္နက္ပဲျဖစ္ပါတယ္”ဟု ေရးဘီးလူးအဖြဲ႕ ေခါင္းေဆာင္က ေျပာသည္။

ပ်ဴေစာထီးေခါင္းေဆာင္သည္ အဆိုပါ လက္နက္ကို ၎သြားေလရာသို႔ ယူေဆာင္ေလ့ရွိသည္ဟု ဆိုသည္။

ေရးဘီလူးအဖြဲ႕သည္ ေမလ ၁၀ရက္ကလည္း ေက်ာင္း႐ြာရွိ သည့္ စစ္ေကာင္စီ၏ ခမရ(၅၉၁) တပ္ရင္းကို ဝင္ေရာက္စီးနင္းတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မိသားစုဝင္ တစ္ဦးအပါအဝင္ စစ္ေကာင္စီတပ္မွ ​ေလးဦးေသဆုံးခဲ့သည္ဟု ထုတ္ျပန္ထားသည္။

ေရးဘီလူးအဖြဲ႕အေနျဖင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၊ ဒလန္မ်ား၊ စစ္ေကာင္စီအေပါင္းအပါမ်ားကို သုတ္သင္ရွင္းလင္းသြားမည္ဟု ထုတ္ေဖာ္အသိေပးထားသည္။

ရေးမြို့နယ် ကဗျာကြီးရွာမှ ပျူခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို ရေးဘီလူးအဖွဲ့ ရှင်းလင်း၊ လက်နက်တစ်လက်ရ…ရုပ်သံ

ပျူခေါင်းဆောင်နှင့်အတူရှိနေသည့် ထွေအုပ်အရာရှိကိုပါ ရှင်းလင်းခဲ့ဟုဆို

သက်ဝေ/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကဗျာကြီးကျေးရွာမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန် သည်။

အဆိုပါ ကဗျာကြီးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ၏ မတရားမှုများကို ပြည်သူများက တိုင်ကြားလာ၍ အချိန်ယူလေ့လာခဲ့ပြီး သက်သေခိုင်လုံ၍ မေလ ၁၃ရက် ညနေပိုင်း၌ သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ထိုသို့ရှင်းလင်းစဉ် ၎င်းနှင့်အတူ ရှိနေသည့် ထွေအုပ်ဦးစီး အရာရှိ တစ်ဦးကိုပါရှင်းလင်းခဲ့ကြောင်း၊ ပျူစောထီးခေါင်းဆောင်ကိုင်ဆောင်သည့် လက်နက်တစ်လက်ရရှိခဲ့ကြောင်း အသိပေးသည်။

“အဲဒီလူက သေချာတဲ့အကြောင်း ကျွန်တော်တို့ ခိုင်ခိုင်မာမာသိလာခဲ့တယ်။ ကဗျာကြီး အုပ်ချုပ်ရေးမှူး က လက်နက်ကိုင်ဆောင်တဲ့အပြင် သူ့မှာ ကိုယ်ပိုင်စစ်သားတွေပါရှိတာဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို စီးနင်းပစ်ခတ်နိုင်ခဲ့တဲ့အပြင် ကျွန်တော်တို့ သူနဲ့အတူ ပါလာခဲ့တဲ့ ထွေအုပ် ဦးစီးတစ်ယောက်ကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ သက်သေနဲ့တကွ ချပြတာပါ။သူ့ဆီကနေ ရရှိလာခဲ့လက်နက် ရန်သူ့လက်နက်ကိုယ့်လက်နက်ဖြစ်သလို ကျွန်တော်တို့ သိမ်းဆည်းလာတဲ့ လက်နက်ပဲဖြစ်ပါတယ်”ဟု ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

ပျူစောထီးခေါင်းဆောင်သည် အဆိုပါ လက်နက်ကို ၎င်းသွားလေရာသို့ ယူဆောင်လေ့ရှိသည်ဟု ဆိုသည်။

ရေးဘီလူးအဖွဲ့သည် မေလ ၁၀ရက်ကလည်း ကျောင်းရွာရှိ သည့် စစ်ကောင်စီ၏ ခမရ(၅၉၁) တပ်ရင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မိသားစုဝင် တစ်ဦးအပါအဝင် စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ရေးဘီလူးအဖွဲ့အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဒလန်များ၊ စစ်ကောင်စီအပေါင်းအပါများကို သုတ်သင်ရှင်းလင်းသွားမည်ဟု ထုတ်ဖော်အသိပေးထားသည်။