ဧရာဝတီ၊ မေ ၁၄၊ ၂၀၂၂
စစ်ကောင်စီ အတွက် သေမင်းတမန်လမ်းဖြစ်လာတဲ့ မင်းတပ်- မတူပီလမ်း (ရုပ်/သံ)
ဧရာဝတီ၊ မေ ၁၄၊ ၂၀၂၂
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်-မတူပီလမ်းဟာ စစ်ကောင်စီတပ်တွေအတွက်တော့ သေမင်းတမန်လမ်းလို ဖြစ်လာပါတယ်။ စစ်တပ်က ပြည်သူ့ အာဏာကို အဓမ္မသိမ်းယူပြီးတဲ့နောက်ပိုင်း ဒီလမ်းပေါ်က ဖြတ်သွားတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေဟာ အဆင့်ဆင့် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးပျက်ဆီးမှုတွေ များပြားခဲ့ပါတယ်။
မိုင်တရာကျော်သာရှိပြီး နာရီပိုင်းမောင်းရုံနဲ့ ရောက်တဲ့ ဒီလမ်းခရီးဟာ စစ်ကောင်စီတပ်တွေအတွက်တော့ အနည်းဆုံး တပတ်ကြာခန့်ကြာအောင် သတိထားမောင်းနှင်နေကြရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လမ်းခရီးမှာ အမြဲတမ်း ဖြတ်တိုက်ခံနေရတဲ့ အတွက် သေဆုံးပျက်ဆီးမှုတွေ အမြဲတမ်းကြုံနေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း အစီးရေ ၇၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းဟာ မတူပီကနေ မင်းတပ်ကို ရက်ပေါင်းများစွာ တရွေ့ရွေ့ မောင်းနှင်လာရင်းမှာဘဲ လမ်းခရီးမှာ ချင်းကာကွယ်ရေးတပ် (CDF) တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံး ပျက်ဆီးမှုတွေ