Articles Local News
မန်မာဆန္ဒပြသူများ သူ့ကိုဆန္ဒပြရင် ပိုပြီးထိခိုက်မည်ဟု ဖိနပ်ပျံ ဟွန်ဆန်သတိပေး
ဝါရှင်တန်၊ မေ ၁၄
Source – Khmer Times
မြန်မာဆန္ဒပြသူများ သူ့ကိုဆန္ဒပြရင် ပိုပြီးထိခိုက်မည်ဟု ဖိနပ်ပြန် ဟွန်ဆန်သတိပေး
ဝါရှင်တန်၊ မေ ၁၄
အခြားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဆန့်ကျင်ဆန္ဒပြဖို့စီစဉ်နေသည့် မြန်မာနိုင်ငံသားများသည် သူတို့နိုင်ငံကိုဖျက်ဆီးနေပြီး အပြစ်မဲ့သူများကို သတ်ဖြတ်နေသည်ဟု ဟွန်ဆန်ကပြောသည်။
မေ ၁၂ ရက်က ဝါရှင်တန်မှာ အမေရိကန်နှင့်ကနေဒါတွင်နေထိုင်ကြသော ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀၀ ခန့်နှင့်တွေ့ဆုံရာတွင် ပြောခြင်းဖြစ်သည်။
“အပစ်ရပ်သဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်အောင် တခြားအဖွဲ့တွေနဲ့ဆွေးနွေးဖို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံဥက္ကဋ္ဌကို တောင်းဆိုလိုက်ပါတယ်။
ဒါ့ကြောင့် ကျွန်တော်က ဆန့်ကျင်ဆန္ဒပြဖို့လုပ်နေတဲ့ မြန်မာဆန္ဒပြသူတွေကို သူတို့လုပ်ရပ်တွေရပ်ဖို့ ပန်ကြားလိုပါတယ်။ မဟုတ်ရင်တော့ ဆန္ဒပြတာက သူတို့နိုင်ငံကို သူတို့ပြန်ဖျက်စီးပြီး အပြစ်မဲ့သူတွေကို သူတို့ကိုယ်တိုင်ပြန်သတ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။”ဟု ဟွန်ဆန်ကပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများလုပ်နိုင်ရေး တိုင်းရင်းသားလက်နက်အဖွဲ့များနှင့်တွေ့ဆုံရန် မင်းအောင်လှိုင်ကစီစဉ်နေသော်လည်း
သက်ဆိုင်သောပါဝင်ပတ်သက်သူအားလုံးပါဝင်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုတက်ရောက်မည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က မင်းအောင်လှိုင်၏ဖိတ်ကြားချက်ကို ငြင်းဆိုထားသည်။
Source – Khmer Times
ဝါရှင်တန်၊ မေ ၁၄
Source – Khmer Times
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ထောက်ခံသူတွေနဲ့ နှုတ်ဆက်နေရင်း ဖိနပ်နဲ့ အပေါက်ခံရလို့ သူရှေ့မှာ ဖိနပ်ပျံက ကျသွားတဲ့ မြင်ကွင်း။