Local News
အလုပ်ဖြင့်ခင်မင်ရင်းနှီးသူ နေအိမ်သို့ အလည်ရောက်ရှိလာလို့ ဧည့်ခံမိရာမှအမျိုးသမီးတစ်ဦးSee more
ဖြစ်စဉ်မှာ ဒေါ် နီနီ ဝင်း(၄၇)နှစ်၊ မှီခို၊ အမှတ်မရှိ ၊ တက္ကသိုလ်ပါတ်လမ်း ၊(ဒေါင်းဇရပ်ရပ်၊ ဈေးချို ရပ်ကွက် ၊ မော်လမြိုင်မြို့နေ သူ သည် နံနက် ၁၁ နာရီ အချိန်နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အရင်က အလုပ်ဖြင့်ခင်မင် ရင်းနှီးသူ သန့်ဇင်ဦးသည်နေအိမ် သို့ ရောက်ရှိလာ ၍
တရားလိုမှ ဘာလုပ်တာလဲနင် အလုပ်မသွားဘူးလား ဟုမေးရာ သန့်ဇင်ဦး မှ ဒီတိုင်းပဲလာလည်တာ ၊ အလုပ်သွား မယ် ၁၂ ခွဲ ကျရင် ဆရာနဲ့ချိန်းထား တယ် ဟုပြန်ပြောသဖြင့်တရားလိုက သဘောရိုးဖြင့် တီဗီဖွင့်ပေးကာ အိမ်တွင်အသင့်ရှိသော သရက်သီးမှည့်ကို ခွဲကျွေးခဲ့ကြောင်း၊ညနေ၃နာရီအချိန်ခန့်တွင်တရားလိုမှအဝတ်လျှော်ရန်ရှိသဖြင့် တီဗီအားပိတ်ပြီးနင်အလုပ်မသွားဘူးလားဟုမေးရာ
သန့်ဇင်ဦးမှအလုပ်ကဖုန်းဆက်လာမယ်ဟုပြန် သဖြင့်တရားလိုမှလည်းနှင့် အလုပ်ကဘာအလုပ်လဲ မိုးချုပ်နေပြီထပ်ပြောရာသန့်ဇင်ဦးမှ မုဒုံသွားရမှာညနေ ၅နာရီကျမှသွားတော့မယ်ပစ္စည်းချရုံပဲ ဟုပြောသဖြင့် တရားလိုမှအိမ်နောက်ဖေးသို့ ထွက်လာရာသန့်ဇင်ဦးသည်နောက် မှ လိုက်လာပြီး ကျွန်တော့် ကလေးရက် တစ်ရာပြည့်ကျရင်လာခဲ့ဦးနော် ဟုပြော သဖြင့်ဟုပြောသဖြင့်
တရားလိုမှလာရမှာပေါ့ ဒီလူနဲ ဒီလူ သူငယ်ချင်းတွေပဲဟာဟုပြောပြီး တရားလိုမှအဝတ်မလျှော်ပဲထိုင်နေရာမှ သန့်ဇင်ဦးအား ငါလဲဘေးအိမ်ကသူငယ်ချင်းနဲ့ ဈေးသွားမလို့ရှိ တယ်နင်ပြန်ရင်ပြန်တော့မပြန်ရင်လဲဘေးအိမ်မှာ သွားစောင့်နေဟုပြောကာ ထိုင်နေရာမှထ၍
နေအိမ် ကုတင်ခေါင်းရင်းရှိ ဗီဒိုအတွင်းမှ ပိုက်ဆံအိတ်အားကျောပေးကာထုတ် ယူနေစဉ်။တရားလိုအားသန့်ဇင်ဦးသည်နောက် မှသိုင်းဖက် ပြီး အနီးအနားတွင်ရှိနေသောဓားဖြင့်ဝဲ ဘက်ဝမ်းဗိုက် အားထိုးခြင်း၊ ပါးစပ်အားပိတ်ခြင်း၊ အာခေါင်အားဆွဲဖြဲခြင်း၊ တရားလို၏အပေါ်နှုတ် ခမ်းအားကိုက်ခြင်းတို့ပြုလုပ်၍တရားလိုက
ပြန်ရုန်းခဲ့ပြီးသန့်ဇင်ဦးထံမှဓ-ားကို လုယူခဲ့ပြီးပစ်ထုတ်ခဲ့စဉ် အိမ်ထဲရှိသံတုတ်ပိုင်းဖြင့် သန့်ဇင်ဦး က လှမ်းရိုက်မည် ပြုခဲ့သော်လည်တရားလို လည်း သန့်ဇင်ဦးထံမှသံတုတ်ပိုင်းအား လုယူပစ်ထုတ်ချိန်တွင် ၎င်းမှ တရားလိုအား လည်ပင်း ညှစ်ထားခဲ့ရာရုန်းကန်ပြီး” အမေရေ.ကယ်ပါဦး”ဟုအော်ဟစ် အကူအညီတောင်းလိုက်သဖြင့်။
ဘေးအိမ်တွင် ရှိနေသော မိခင်ဖြစ်သူဒေါ်သန်းရှင်(ရဝ)နှစ်၊တက္ကသိုလ်ပတ်လမ် ။ ဒေါင်းဇရပ်ရပ်ကွက်နေသု ရောက်လာပြီး ပါတ်ဝန်းကျင် သို့အော်ဟစ် အကူအညီတောင်းခံခဲ့ပြီး ပါတ်ဝန်းကျင်မှ လူများကမော်လမြိုင်ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။crd