Local News

ဒီမုိးတြင္းမွာ အရူးမီး-ဝုိင္းျဖစ္မယ္႔စစ္တပ္ပဲ

ဒီမုိးတြင္းမွာ အရူးမီး-ဝုိင္းျဖစ္မယ္႔စစ္တပ္ပဲ

KNU တပ္မဟာ ၂ ေတာင္ငူခရုိင္ကလဲKNLA နယ္ေျမထဲရွိ စစ္တပ္စခန္းေတြ

ဆယ္စုႏွစ္မ်ားစြာရွိေနတာ ျပည္သူ႔လူထုေကာင္းက်ဳိးမေပး အဟန္႔အတားျဖစ္ေစလုိ႔

လာမယ္႔ ေမ ၁၈ ရက္ ေနာက္ဆုံးထားျပီးရုပ္သိမ္းဖုိ႔ မရုပ္သိမ္းရင္ တာဝန္မယူဘူးလုိ႔စစ္တပ္ကုိ ျပင္းျပင္းထန္ထန္ ရာဇာသံေပးတယ္

တခ်ိန္တည္းမွာ KIO ကလဲ ျမစ္ၾကီးနားခရုိင္ ဟူးေကာင္းခရုိင္ ရွင္ေဗြယာန္ခရိုင္ တႏုိင္းမွာ

စစ္အုပ္ခ်ဳပ္ေရးယႏၲရားထဲကလူေတြအကုန္လုံးႏႈတ္ထြက္ဖုိ႔ မႏႈတ္ထြက္ရင္ တာဝန္မယူပါလုိ႔ျပင္းျပင္းထန္ထန္ ရာဇသံေပးခ်က္ ထုတ္တယ္

တနည္းဆုိ အဆုိပါ ၄ ေနရာမွာ စစ္အုပ္ခ်ဳပ္ေရး ယႏၲရားေတြကုိ ရပ္ျပီး KIO အုပ္ခ်ဳပ္ေရးယႏၲရားအစားထုိးေတာ႔မလားဆုိတာ စိတ္ဝင္စားစရာပဲ

တနည္းဆုိ KIA တပ္္မဟာနယ္ေျမေတြထဲမွာ စစ္မ်က္ႏွာေတြ ဖြင့္ေတာ႔မယ္လိ႔ု သတိေပးတာပဲ

တဆက္တည္းမွာပဲ NUG နဲ႔ KNU ၾကားမွာပဲခူးတုိင္းစစ္ေရးန႔ဲပတ္သက္ ေ႔ရွပတ္ေတြကတည္းေဆြးေႏြးခဲ႔ၾကျပီး ပဲခူးတုိင္းကုိ ေတာ္လွန္ေရးထဲအင္အားစုေတြ ပုိထိန္းခ်ဳပ္ႏုိင္ဖုိ႔ လုပ္ေနတာရွိတယ္

ဒါအျပင္ ပဲခူးတုိင္းစစ္ေရးနဲ႔ပတ္သက္ျပီးေတာ႔ရန္ပုံေငြေတြ ေကာက္ခံျပင္ဆင္ေနတာေတြရွိတယ္

ဒါအျပင္ ေတာင္ပုိင္း တနသၤာရီတုိင္းကလဲ စစ္ေရးအရွိန္ရလာျပီး တုိက္ပဲြေတြ ပုိေဖာ္ေဆာင္ေနတယ္

ကရင္နီကေတာ႔ ဒီရက္ထဲမွာ KA KNDF နဲ႔ပူးေပါင္းတပ္ဖဲြ႔ေတြ ေတာက္ေလွ်ာက္အသာရစစ္ယာဥ္တန္းေတြ စစ္စခန္းေတြ ဝင္တုိက္ေနတယ္

ရွမ္းေတာင္ပုိင္းထိကုိ ဝင္ေရာက္တုိက္ခုိက္ေနျပီကရင္ ခ်င္း မေကြး စစ္ကုိင္းတုိင္းထဲမွာေတာ႔ ပုံမွန္ထိေတြ႔မူတုိက္ပဲြေတြ ေတာက္ေလွ်ာက္ျဖစ္ေနတယ္

ျငိမ္းခ်မ္းေရးေဆြးေႏြးပဲြ ရွိေနလုိ႔ စစ္တပ္ဖက္ကရွမ္းေျမာက္မွာ MNDAA နဲ႔ အျငိမ္ျပေနေပမယ္႔

KIA နဲ႔ PDF ေတြ ေျပာက္က်ားတုိက္ေနတယ္အဓိက KIA နဲ႔ KNU က မအလ ဖိတ္ေခၚတဲ႔ျငိမ္းခ်မ္းေရးေဆြးေႏြးပဲြကုိ ျငင္းဆန္လုိက္ျပီးဒီမုိးတြင္းမွာ တုိက္ပဲြထဲ ပုိျပီးပါလာေတာ႔မယ္လုိ႔စစ္တပ္ကုိ ရာဇသံေပးတာ အားရစရာေတြပါ

အထူးသျဖင့္ KIA အားေကာင္းတဲ႔ေဒသေတြနဲ႔တုိက္ပဲြနည္းျပီးျငိမ္သက္ေနတဲ႔ ပဲခူးတုိင္းစစ္ေရးကုိKNU NUG PDF ေတြ ေပါင္းျပီး စစ္မ်က္ႏွာသစ္ထပ္ဖြင့္လာဖုိ႔ ရွိေနတာေတြက ဒီမုိးတြင္း စစ္တပ္ပုိျပီးေတာ႔ အရူး မီး-ဝုိင္း ျဖစ္ေစမွာ ေ-သခ်ာတယ္

မ်က္လုံးထဲ ျမင္ေယာင္ၾကည့္မယ္ဆုိရင္ေပါ့စစ္ကုိင္း မေကြး ခ်င္း ကရင္ ကရင္နီအျပင္

ကခ်င္ထဲ KIA နယ္ေျမ KNU ပဲခူးတုိင္း ရွမ္းေျမာက္နဲ႔ တနသၤာရီတုိင္းတုိ႔အပါအဝင္ တျခားတုိက္ပြဲနည္းတဲ႔ေဒသေတြပါ စစ္ထဲကုိ ပုိျပီးဝင္လာမယ္ဆုိရင္ စစ္တပ္က မုိးတြင္းမွာေလေၾကာင္းသုံးရခက္ခ်ိန္ဆုိ အၾကမ္းဖက္စစ္တပ္ဘယ္ေလာက္ထိ အရူးမီး-ဝုိင္းျဖစ္ေနမလဲေလ

ကုိယ္႔ဖက္ အင္အားစုေတြမွာ လက္နက္ေတြ အတုိင္းအတာတခုထိ ရွိမယ္ဆုိရင္ ဒီမုိးတြင္းအခ်ဳိးအေကြ႔ၾကီးၾကီးျဖစ္မလား ေမွ်ာ္လင့္မိတယ္

Yebaw Che

ဒီမိုးတွင်းမှာ အရူးမီး-ဝိုင်းဖြစ်မယ့်စစ်တပ်ပဲ

KNU တပ်မဟာ ၂ တောင်ငူခရိုင်ကလဲKNLA နယ်မြေထဲရှိ စစ်တပ်စခန်းတွေ

ဆယ်စုနှစ်များစွာရှိနေတာ ပြည်သူ့လူထုကောင်းကျိုးမပေး အဟန့်အတားဖြစ်စေလို့

လာမယ့် မေ ၁၈ ရက် နောက်ဆုံးထားပြီးရုပ်သိမ်းဖို့ မရုပ်သိမ်းရင် တာဝန်မယူဘူးလို့စစ်တပ်ကို ပြင်းပြင်းထန်ထန် ရာဇာသံပေးတယ်

တချိန်တည်းမှာ KIO ကလဲ မြစ်ကြီးနားခရိုင် ဟူးကောင်းခရိုင် ရှင်ဗွေယာန်ခရိုင် တနိုင်းမှာ

စစ်အုပ်ချုပ်ရေးယန္တရားထဲကလူတွေအကုန်လုံးနှုတ်ထွက်ဖို့ မနှုတ်ထွက်ရင် တာဝန်မယူပါလို့ပြင်းပြင်းထန်ထန် ရာဇသံပေးချက် ထုတ်တယ်

တနည်းဆို အဆိုပါ ၄ နေရာမှာ စစ်အုပ်ချုပ်ရေး ယန္တရားတွေကို ရပ်ပြီး KIO အုပ်ချုပ်ရေးယန္တရားအစားထိုးတော့မလားဆိုတာ စိတ်ဝင်စားစရာပဲ

တနည်းဆို KIA တပ်မဟာနယ်မြေတွေထဲမှာ စစ်မျက်နှာတွေ ဖွင့်တော့မယ်လိ့ု သတိပေးတာပဲ

တဆက်တည်းမှာပဲ NUG နဲ့ KNU ကြားမှာပဲခူးတိုင်းစစ်ရေးနဲ့ပတ်သက် ေ့ရှပတ်တွေကတည်းဆွေးနွေးခဲ့ကြပြီး ပဲခူးတိုင်းကို တော်လှန်ရေးထဲအင်အားစုတွေ ပိုထိန်းချုပ်နိုင်ဖို့ လုပ်နေတာရှိတယ်

ဒါအပြင် ပဲခူးတိုင်းစစ်ရေးနဲ့ပတ်သက်ပြီးတော့ရန်ပုံငွေတွေ ကောက်ခံပြင်ဆင်နေတာတွေရှိတယ်

ဒါအပြင် တောင်ပိုင်း တနင်္သာရီတိုင်းကလဲ စစ်ရေးအရှိန်ရလာပြီး တိုက်ပွဲတွေ ပိုဖော်ဆောင်နေတယ်

ကရင်နီကတော့ ဒီရက်ထဲမှာ KA KNDF နဲ့ပူးပေါင်းတပ်ဖွဲ့တွေ တောက်လျှောက်အသာရစစ်ယာဉ်တန်းတွေ စစ်စခန်းတွေ ဝင်တိုက်နေတယ်

ရှမ်းတောင်ပိုင်းထိကို ဝင်ရောက်တိုက်ခိုက်နေပြီကရင် ချင်း မကွေး စစ်ကိုင်းတိုင်းထဲမှာတော့ ပုံမှန်ထိတွေ့မူတိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှိနေလို့ စစ်တပ်ဖက်ကရှမ်းမြောက်မှာ MNDAA နဲ့ အငြိမ်ပြနေပေမယ့်

KIA နဲ့ PDF တွေ ပြောက်ကျားတိုက်နေတယ်အဓိက KIA နဲ့ KNU က မအလ ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းဆန်လိုက်ပြီးဒီမိုးတွင်းမှာ တိုက်ပွဲထဲ ပိုပြီးပါလာတော့မယ်လို့စစ်တပ်ကို ရာဇသံပေးတာ အားရစရာတွေပါ

အထူးသဖြင့် KIA အားကောင်းတဲ့ဒေသတွေနဲ့တိုက်ပွဲနည်းပြီးငြိမ်သက်နေတဲ့ ပဲခူးတိုင်းစစ်ရေးကိုKNU NUG PDF တွေ ပေါင်းပြီး စစ်မျက်နှာသစ်ထပ်ဖွင့်လာဖို့ ရှိနေတာတွေက ဒီမိုးတွင်း စစ်တပ်ပိုပြီးတော့ အရူး မီး-ဝိုင်း ဖြစ်စေမှာ ေ-သချာတယ်

မျက်လုံးထဲ မြင်ယောင်ကြည့်မယ်ဆိုရင်ပေါ့စစ်ကိုင်း မကွေး ချင်း ကရင် ကရင်နီအပြင်

ကချင်ထဲ KIA နယ်မြေ KNU ပဲခူးတိုင်း ရှမ်းမြောက်နဲ့ တနင်္သာရီတိုင်းတို့အပါအဝင် တခြားတိုက်ပွဲနည်းတဲ့ဒေသတွေပါ စစ်ထဲကို ပိုပြီးဝင်လာမယ်ဆိုရင် စစ်တပ်က မိုးတွင်းမှာလေကြောင်းသုံးရခက်ချိန်ဆို အကြမ်းဖက်စစ်တပ်ဘယ်လောက်ထိ အရူးမီး-ဝိုင်းဖြစ်နေမလဲလေ

ကိုယ့်ဖက် အင်အားစုတွေမှာ လက်နက်တွေ အတိုင်းအတာတခုထိ ရှိမယ်ဆိုရင် ဒီမိုးတွင်းအချိုးအကွေ့ကြီးကြီးဖြစ်မလား မျှော်လင့်မိတယ်

Yebaw Che