Local News
ဂီတာတီးသီချင်းဆိုနေတဲ့ စစ်ကောင်စီတပ်သားတွေ အနီးကပ်ဝုန်းခံရ
မြိုင်၊ မေ ၁၄၊ ၂၀၂၂။
ဂီတာတီးနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၅ ဦးတေဆုံး
မြိုင်၊ မေ ၁၄၊ ၂၀၂၂။
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း၊ ကျောက်ခွက်ရေနံမြေ ဝန်ထမ်းအိမ်ရာ Well 2 မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ မေလ ၁၃ ရက် မနေ့ကတိုက်ခိုက်ခံရပြီး၊ စစ်သား ၅ ဦး တေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ကနေ့လည် ၂ နာရီလောက် တပ်သားတွေ ဂီတာတီး သီချင်းဆိုနေချိန်မှာ သူတို့နေထိုင်တဲ့နေရာအထိ အနီးကပ်သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ Black God ပြောက်ကျားတပ်ဖွဲ့ မှ ပြန်ကြားရေးတာဝန်ခံ မိုးစက်က ပြောပါတယ်။
နေ့လည် ၂ နာရီလောက်မှာ ဒီကောင်တွေ ဂစ်တာတီးသီချင်းဆိုနေချိန်မှာ ကျနော်တို့ဘက်ကနေ အနားထိကပ်ပြီး အကြီးနဲ့ ပစ်ခဲ့ကြတာပါ။ တေသွားတဲ့ စစ်သား ၅ ယောက်ကို ချက်ချင်းရှို့ပစ်လိုက်တယ်လို့ သိရပါတယ် လို့ ပြောပါတယ်
Black God ပြောက်ကျားတပ်၊ Future Genreation ပြောက်ကျားတပ်၊ 5.0.2 ပြောက်ကျားတပ်နဲ့ အခြားသောဒေသခံတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြိး၊ တိုက်ခိုက်ချိန် နာရီဝက်နီးပါးကြာခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း ၄၀ မမ၊ ၆၀ မမ နဲ့ ၈၀ မမ လက်လုပ်လက်နက်ကြီးတွေနဲ့ အချက် ၂၀ ခန့်ပစ်ခတ်ခဲ့ပြီး၊ စစ်ကောင်စီတပ်တွေဘက်ကလည်း အခြားသောလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ Black God ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။ Credit- မြေလတ်အသံ