Local News

US – အာဆီယံ အစည္းအေဝးနဲ႔ NUG အစုိးရနဲ႔ေတြ႔ဆုံမူမ်ားအား

အာဆီယံ-အေမရိကန္ အထူးထိပ္သီးအစည္းအေဝးႏွင့္ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္

(၁၄-၅-၂၀၂၂ ရက္၊ ေနျပည္ေတာ္)

ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ၂၀၂၂ ခုႏွစ္၊ ေမလ ၁၂ ရက္ေန႔မွ ၁၃ ရက္ေန႔အထိ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕တြင္ က်င္းပခဲ့သည့္ အာဆီယံ-အေမရိကန္ အထူးထိပ္သီးအစည္းအေဝး က်င္းပခဲ့သည့္ကိစၥႏွင့္ ပူးတြဲထုတ္ျပန္ ေၾကညာခ်က္ကို မွတ္သားထားပါသည္။

အဆိုပါ အထူးထိပ္သီးအစည္းအေဝးႏွင့္ ဆက္စပ္အစည္းအေဝးမ်ားသို႔ အေမရိကန္ ျပည္ေထာင္စုက ျမန္မာႏိုင္ငံမွ ႏိုင္ငံေရးအရ ကိုယ္စားမျပဳသူကိုသာ တက္ေရာက္ရန္ ဖိတ္ၾကားစာကို ေပးပို႔ခဲ့ပါသည္။ အဆိုပါဖိတ္ၾကားမႈသည္ အာဆီယံပဋိညာဥ္စာတမ္း၊ အေရွ႕ေတာင္အာရွ ခ်စ္ၾကည္ေရးႏွင့္ပူးေပါင္းေဆာင္႐ြက္ေရးစာခ်ဳပ္၊ ကုလသမဂၢပဋိညာဥ္ စာတမ္းပါ အေျခခံမူမ်ားျဖစ္ေသာ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ ပိုင္ဆိုင္မႈ၊ တန္းတူရည္တူ ရွိမႈတို႔ကို ေလးစားလိုက္နာျခင္းမွ ေသြဖည္ေနသည့္အတြက္ ေဖာ္ျပပါအစည္းအေဝးမ်ားသို႔ ျမန္မာႏိုင္ငံက ပါဝင္တက္ေရာက္ျခင္းမျပဳခဲ့ပါ။

အာဆီယံ-အေမရိကန္ အထူးထိပ္သီးအစည္းအေဝးသည္ အာဆီယံ-အေမရိကန္ ေဆြးေႏြးဖက္ဆက္ဆံေရး (၄၅)ႏွစ္ျပည့္ အထိမ္းအမွတ္ ပူးတြဲက်င္းပျခင္းျဖစ္ၿပီး အာဆီယံ၏ ဗဟိုအခ်က္အခ်ာက်မႈႏွင့္ ျပင္ပဆက္ဆံေရးတြင္ စုစည္းညီၫြတ္မႈကို အားေကာင္းလာေစရန္၊ အာဆီယံႏွင့္ အေမရိကန္အၾကား ရွိရင္းစြဲ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ မိတ္ဖက္ဆက္ဆံေရး ပိုမိုတိုးတက္ေစရန္ က်င္းပျခင္းျဖစ္ေၾကာင္း မွတ္သားထားပါသည္။

အာဆီယံ-အေမရိကန္ အထူးထိပ္သီးအစည္းအေဝးအၿပီးတြင္ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္ကိုသိရွိရၿပီး အဆိုပါပူးတြဲေၾကညာခ်က္တြင္ ျမန္မာႏိုင္ငံ၏ ျဖစ္ေပၚတိုးတက္ မႈမ်ားကို အထူးျပဳထည့္သြင္းေဖာ္ျပထားသည့္ စာပိုဒ္ပါရွိသည္ကို ေတြ႕ရွိရသည္။

ျမန္မာႏိုင္ငံအေနျဖင့္ အဆိုပါစာပိုဒ္ကို ထည့္သြင္းျခင္းမျပဳရန္ ေတာင္းဆိုခဲ့ေသာ္လည္း အာဆီယံ၏ တူညီဆႏၵမပါရွိဘဲ ပူးတြဲေၾကညာခ်က္ကို ထုတ္ျပန္ခဲ့သည္ကို ေတြ႕ရွိရသည္။ ထိုစာပိုဒ္တြင္ပါရွိသည့္ အသုံးအႏႈန္းမ်ားသည္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္း၊ သက္ဆိုင္ရာႏိုင္ငံကို သမာသမတ္ က်သည့္နည္းျဖင့္ ခ်ဥ္းကပ္မႈမရွိျခင္းကို အထင္အရွား ေတြ႕ရွိရသည္။ ထို႔အျပင္ အခ်ိဳ႕အေၾကာင္းအရာမ်ားသည္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာအတြင္းရွိျခင္း၊ ၂၀၂၁ ခုႏွစ္၊ ဧၿပီလတြင္ ျပဳလုပ္ခဲ့သည့္ အာဆီယံေခါင္းေဆာင္မ်ားအစည္းအေဝးတြင္ သေဘာတူညီခဲ့သည့္ အာဆီယံ၏ တူညီဆႏၵ (၅) ခ်က္ပါ အခ်က္မ်ားထက္ ေက်ာ္လြန္ေနေသာ ေတာင္းဆိုခ်က္မ်ား ပါဝင္ေနျခင္းကို ေတြ႕ရွိရသည္။

အာဆီယံ၏ ထုတ္ျပန္ေၾကညာခ်က္မ်ားတြင္ ႏိုင္ငံတစ္ႏိုင္ငံ၏ကိစၥရပ္ကို ႏိုင္ငံအလိုက္ အထူးျပဳထည့္သြင္းေဖာ္ျပျခင္း မျပဳသင့္ေၾကာင္းကို ျမန္မာႏိုင္ငံအေနျဖင့္ အစဥ္တစိုက္ ရပ္တည္ထားရွိၿပီး အာဆီယံ-အေမရိကန္ အထူးထိပ္သီးအစည္းအေဝး၏ ပူးတြဲေၾကညာခ်က္ ကို အာဆီယံတူညီဆႏၵမပါရွိဘဲ ထုတ္ျပန္ခဲ့ျခင္းေၾကာင့္ ျမန္မာႏိုင္ငံမွ စာပိုဒ္အမွတ္ ၂၆ ကို ျပတ္သားစြာပယ္ခ်ၿပီး ပါဝင္ပတ္သက္မႈမရွိေၾကာင္း ေဖာ္ျပအပ္သည္။

ထို႔အျပင္ ျမန္မာႏိုင္ငံမွ အၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ တရားမဝင္အသင္းအဖြဲ႕မ်ားအျဖစ္ ေၾကညာထားသည့္ အဖြဲ႕အစည္းမ်ား၊ အထူးသျဖင့္ အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုသည့္ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္ဆိုသူမ်ားႏွင့္ အေမရိကန္ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား ဝါရွင္တန္၌ ေတြ႕ဆုံခဲ့ျခင္းအေပၚ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ျပင္းထန္စြာ ကန္႔ကြက္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ NUG ႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ားသည္ တရားမဝင္အဖြဲ႕မ်ား၊ အၾကမ္းဖက္အုပ္စုမ်ားျဖစ္ေၾကာင္းႏွင့္ အျပစ္မဲ့ျပည္သူမ်ားအေပၚ အၾကမ္းဖက္လုပ္ရပ္မ်ား ထင္ရွားစြာ က်ဴးလြန္လ်က္ရွိေၾကာင္း ႏိုင္ငံတကာသို႔ ရွင္းလင္းစြာ အသိေပးေၾကညာခဲ့ၿပီးျဖစ္သည္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနျဖင့္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံ အားလုံးႏွင့္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ အဆိုပါ တရားမဝင္အဖြဲ႕မ်ား၊ အၾကမ္းဖက္အဖြဲ႕မ်ား ႏွင့္ ထိေတြ႕ဆက္သြယ္ေဆာင္႐ြက္ျခင္းမျပဳရန္ ကန္႔ကြက္စာမ်ားလည္း ေပးပို႔ခဲ့ၿပီးျဖစ္သည္။

တရားမဝင္အဖြဲ႕မ်ား၊ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားျဖစ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ (CRPH)၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG)၊ ျပည္သူ႔ကာကြယ္ ေရးအဖြဲ႕ (PDF) ဆိုသူမ်ားႏွင့္ ယင္းတို႔၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ားႏွင့္ ထိေတြ႕ ဆက္သြယ္ ေဆာင္႐ြက္ျခင္းသည္ ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈမ်ားကို အားေပးရာ ေရာက္ႏိုင္သည့္အျပင္ အၾကမ္းဖက္မႈမ်ားတိုက္ဖ်က္ေရးအတြက္ ျမန္မာအစိုးရ၏ ႀကိဳးပမ္း ေဆာင္႐ြက္ခ်က္မ်ားကို အဟန္႔အတားျဖစ္ေစၿပီး ႏိုင္ငံတကာႏွင့္ ေဒသတြင္းအၾကမ္းဖက္မႈ တိုက္ဖ်က္ေရး သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္ရာ ေရာက္ေစေၾကာင္း ေဖာ္ျပအပ္သည္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံအားလုံးႏွင့္ မိတ္ဖက္ႏိုင္ငံမ်ားမွ အစိုးရတာဝန္ရွိသူမ်ားႏွင့္ လႊတ္ေတာ္ အမတ္မ်ားအေနျဖင့္ အၾကမ္းဖက္အဖြဲ႕အစည္းမ်ားႏွင့္ ၎တို႔၏ ကိုယ္စားလွယ္မ်ား အား ထိေတြ႕ဆက္ဆံျခင္းႏွင့္ အားေပးပံ့ပိုးျခင္းမ်ား မျပဳလုပ္ၾကရန္ ထပ္ေလာင္းေတာင္းဆိုသည္။

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

(၁၄-၅-၂၀၂၂ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး ကျင်းပခဲ့သည့်ကိစ္စနှင့် ပူးတွဲထုတ်ပြန် ကြေညာချက်ကို မှတ်သားထားပါသည်။

အဆိုပါ အထူးထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ရန် ဖိတ်ကြားစာကို ပေးပို့ခဲ့ပါသည်။ အဆိုပါဖိတ်ကြားမှုသည် အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါ အခြေခံမူများဖြစ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူ ရှိမှုတို့ကို လေးစားလိုက်နာခြင်းမှ သွေဖည်နေသည့်အတွက် ဖော်ပြပါအစည်းအဝေးများသို့ မြန်မာနိုင်ငံက ပါဝင်တက်ရောက်ခြင်းမပြုခဲ့ပါ။

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးသည် အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး (၄၅)နှစ်ပြည့် အထိမ်းအမှတ် ပူးတွဲကျင်းပခြင်းဖြစ်ပြီး အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် ပြင်ပဆက်ဆံရေးတွင် စုစည်းညီညွတ်မှုကို အားကောင်းလာစေရန်၊ အာဆီယံနှင့် အမေရိကန်အကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရန် ကျင်းပခြင်းဖြစ်ကြောင်း မှတ်သားထားပါသည်။

အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေးအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်ကိုသိရှိရပြီး အဆိုပါပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက် မှုများကို အထူးပြုထည့်သွင်းဖော်ပြထားသည့် စာပိုဒ်ပါရှိသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာပိုဒ်ကို ထည့်သွင်းခြင်းမပြုရန် တောင်းဆိုခဲ့သော်လည်း အာဆီယံ၏ တူညီဆန္ဒမပါရှိဘဲ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ ထိုစာပိုဒ်တွင်ပါရှိသည့် အသုံးအနှုန်းများသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံကို သမာသမတ် ကျသည့်နည်းဖြင့် ချဉ်းကပ်မှုမရှိခြင်းကို အထင်အရှား တွေ့ရှိရသည်။ ထို့အပြင် အချို့အကြောင်းအရာများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအတွင်းရှိခြင်း၊ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် သဘောတူညီခဲ့သည့် အာဆီယံ၏ တူညီဆန္ဒ (၅) ချက်ပါ အချက်များထက် ကျော်လွန်နေသော တောင်းဆိုချက်များ ပါဝင်နေခြင်းကို တွေ့ရှိရသည်။

အာဆီယံ၏ ထုတ်ပြန်ကြေညာချက်များတွင် နိုင်ငံတစ်နိုင်ငံ၏ကိစ္စရပ်ကို နိုင်ငံအလိုက် အထူးပြုထည့်သွင်းဖော်ပြခြင်း မပြုသင့်ကြောင်းကို မြန်မာနိုင်ငံအနေဖြင့် အစဉ်တစိုက် ရပ်တည်ထားရှိပြီး အာဆီယံ-အမေရိကန် အထူးထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက် ကို အာဆီယံတူညီဆန္ဒမပါရှိဘဲ ထုတ်ပြန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ စာပိုဒ်အမှတ် ၂၆ ကို ပြတ်သားစွာပယ်ချပြီး ပါဝင်ပတ်သက်မှုမရှိကြောင်း ဖော်ပြအပ်သည်။

ထို့အပြင် မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့များနှင့် တရားမဝင်အသင်းအဖွဲ့များအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဆိုသူများနှင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဝါရှင်တန်၌ တွေ့ဆုံခဲ့ခြင်းအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်သည်။

မြန်မာနိုင်ငံအနေဖြင့် NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများသည် တရားမဝင်အဖွဲ့များ၊ အကြမ်းဖက်အုပ်စုများဖြစ်ကြောင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ထင်ရှားစွာ ကျူးလွန်လျက်ရှိကြောင်း နိုင်ငံတကာသို့ ရှင်းလင်းစွာ အသိပေးကြေညာခဲ့ပြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အဆိုပါ တရားမဝင်အဖွဲ့များ၊ အကြမ်းဖက်အဖွဲ့များ နှင့် ထိတွေ့ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် ကန့်ကွက်စာများလည်း ပေးပို့ခဲ့ပြီးဖြစ်သည်။

တရားမဝင်အဖွဲ့များ၊ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (PDF) ဆိုသူများနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် ထိတွေ့ ဆက်သွယ် ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာ ရောက်နိုင်သည့်အပြင် အကြမ်းဖက်မှုများတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာနှင့် ဒေသတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာ ရောက်စေကြောင်း ဖော်ပြအပ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် မိတ်ဖက်နိုင်ငံများမှ အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော် အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ အား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ကြရန် ထပ်လောင်းတောင်းဆိုသည်။