Local News

ထူးထူးျခားျခား မပါေသာ္လည္း ဝူးဝူးဝါးဝါး ျဖစ္ေန

ထူးထူးျခားျခား မပါေသာ္လည္း ဝူးဝူးဝါးဝါး ျဖစ္ေန

ႏွစ္ရက္ၾကာ က်င္းပခဲ့သည့္ အာဆီယံ- အေမရိကန္ ထိပ္သီး ေဆြးေႏြးပြဲက က်င္းပၿပီးစီးသြားခဲ့ၿပီ ျဖစ္သည္။အစည္းအေဝး အၿပီး ထုတ္ျပန္‌ ေသာ ပူးတြဲေၾကညာခ်က္တြင္ ျမန္မာ အက်ပ္အတည္းအား အထူးတလည္ ထည့္သြင္းေဖၚျပလာခဲ့သည္။ထိုအထဲတြင္ ကုလ အတြင္းေရးမႈး ခ်ဳပ္၏ အထူး သံတမန္ ႏွင့္ အာဆီယံ အထူး သံတမန္တို႔ ၿငိမ္းခ်မ္းေရး အတြက္ အထူး ႀကိဳးပမ္းၾကရန္ ႏွင့္ ကုလ အထူး သံတမန္ကိုလည္း ျပည္ဝင္ခြင့္ေပးရန္ ေတာင္းဆိုထားသည္။

ထို႔ျပင္ စစ္ေခါင္းေဆာင္မ်ားဖက္က အခ်က္ ငါးခ်က္ကို အခ်ိန္မီ ၿပီးျပည့္စုံေအာင္ အေကာင္အထည္ ေဖၚေပးရန္၊ ဖမ္းဆီးခံ ႏိုင္ငံေရး အက်ဥ္းသားမ်ားႏွင့္ ႏိုင္ငံျခားသားမ်ား ျပန္လႊတ္ေပးရန္ ေတာင္းဆိုထားျပန္ၿပီး အေမရိကန္ ႏွင့္ အာဆီယံ ဖက္ မွလည္း အတူ ပူးေပါင္း၍ ႏွစ္ဆတိုး ႀကိဳးပမ္းသြားမည္ဟု ထည့္သြင္း ေဖၚျပထားသည္။

ထိုသို႔ ေသာ အေၾကာင္းမ်ား ပါရွိသည့္ ေၾကညာခ်က္ပါ အပိုဒ္ (၂၆) တြင္ ျမန္မာ အေၾကာင္း အထူးျပဳပါရွိလာသည္မွာ ေၾကညာခ်က္တြင္ အဖြဲ႕ဝင္ႏိုင္ငံ တႏိုင္ငံအား နာမည္တပ္ မေျပာေၾကး ဆိုသည့္ အာဆီယံ မူမ်ားႏွင့္ မညီဆိုကာ ဝဏၰေမာင္လြင္က ပယ္ခ်ေၾကာင္းႏွင့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ကိုယ္စားလွယ္မ်ား ႏွင့္ အေမရိကန္ အရာရွိမ်ား ေတြ႕ဆုံခဲ့မႈသည္ အၾကမ္းဖက္မႈကို အားေပးျခင္းျဖစ္၍ ကန႔္ကြက္သည္ဟု ဆိုသည္။

သို႔ေသာ္ အာဆီယံသည္ အခ်က္ ငါးခ်က္အား ျပဳျပင္ေျပာင္းလဲႏိုင္ျခင္း မရွိသျဖင့္ လူ႔အခြင့္အေရး အား ေလးစား လိုက္နာေရး ကို ဦးစားေပးမႈ မရွိသည့္ အဖြဲ႕ႀကီး အျဖစ္ ျပင္းျပင္းထန္ထန္ စြပ္စြဲမႈမ်ားႏွင့္ ရင္ဆိုင္လာရသည္။ ပူးတြဲေၾကညာခ်က္ သည္လည္း ဘာမွ် မယ္မယ္ရရ မပါရွိဟု ေဝဖန္ခံခဲ့ရသည္။ အာဆီယံ အဖို႔လည္း အခ်က္ ငါးခ်က္သည္ မင္းေအာင္လႈိင္မွ လိုက္နာပါမည္ဟု ကတိေပးထားၿပီ ျဖစ္၍ ထို ငါးခ်က္အား အမိအရ ဆုပ္ကိုင္ထားဟန္ ရွိသည္။

မေလးရွား ႏိုင္ငံျခားေရး ဝန္ႀကီး ဆိုင္ဖူဒင္ အဗၺဒူလာသည္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ အဖြဲ႕ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္ စေနေန႔က ဝါရွင္တန္တြင္ ေတြ႕ဆုံ‌ ေဆြးေႏြးခဲ့ၾကသည္။ေဆြးေႏြးမႈမ်ားတြင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ရင္ဆိုင္ေနရေသာ စိမ္ေခၚမႈမ်ား၊ လူသားခ်င္းစာနာသည့္ အကူအညီမ်ား ေဝငွေရး ႏွင့္ ဒုကၡသည္မ်ား အတြက္ အသက္‌ေမြး ဝမ္းေက်ာင္းမႈ နည္းပညာ မ်ား ပို႔ခ်ေရး ႏွင့္ ပညာေရးပိုင္းဆိုင္ရာ ကိစၥမ်ား ပါရွိခဲ့သည္ဟု သိရသည္။

မည္သို႔ပင္ ျဖစ္ေစ ျပည္သူတို႔၏ ေတာ္လွန္ေရး အတြက္ စိတ္အား တက္ႂကြဖြယ္ ေအာင္ပြဲ တရပ္ အျဖစ္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္သည္ အေမရိကန္ ထိတ္တန္း အရာရွိမ်ား ႏွင့္ ‌ေဆြးေႏြးပြဲမ်ား ဆက္တိုက္ ဆိုသလို ျပဳလုပ္ ႏိုင္ခဲ့သျဖင့္ စစ္အာဏာသိမ္း အဖြဲ႕အား ႏိုင္ငံတကာ အသိုက္အဝန္း မွ လက္ခံျခင္း မရွိေတာ့သည္ အျဖစ္ကို မီးေမာင္းထိုးျပႏိုင္ခဲ့ၿပီ ျဖစ္သည္။

ယေန႔ တနဂၤေႏြ ေန႔တြင္ လည္း ေမရီလန္း ရွိ Bethel Christian Academy စာသင္ေက်ာင္းတြင္ ညေန ၄ နာရီ မွ ၁၀ နာရီ အထိ ျမန္မာမိသားစု မ်ား အား ေတြ႕ဆုံ ႏႈတ္ဆက္ရန္ ရွိေနသည္။စစ္အာဏာသိမ္း အဖြဲ႕အဖို႔ ျပည္တြင္းျပည္ပတြင္ ဘက္ေပါင္းစုံ မွ အႏၲရာယ္မ်ားႏွင့္ တိုးျမႇင့္ ရင္ဆိုင္လာေနရၿပီ ျဖစ္၍ အမ်ိဳးဘာသာ သာသနာ ဟု ဟစ္ေႂကြးကာ လူထု အား စည္း႐ုံးရန္ ႀကိဳးပမ္းေနၿပီ ျဖစ္သည္။ စစ္အစိုးရ အဆက္ဆက္သည္ ထိုသို႔ စည္း႐ုံး၍ အလုပ္ ျဖစ္သည္ ဆိုသည္ကို ေကာင္းစြာ သေဘာေပါက္ေနၾကဟန္ ရွိသည္။

ထိုရည္႐ြယ္ခ်က္၏ တစိတ္တပိုင္း အျဖစ္ ကဆုန္လျပည့္ ေန႔ အထိမ္းအမွတ္ အျဖစ္ မႏၲေလးတြင္ သံဃာ တေသာင္းခန႔္အား ဆြမ္းဆန္စိမ္း ေလာင္းလႈပြဲကို အႀကီးအက်ယ္ ျပဳလုပ္ခဲ့ၾကသည္။စစ္အာဏာသိမ္း အဖြဲ႕သည္ လူေပါင္း ၁,၈၀၀ ခန႔္အား လူသိရွင္ၾကား သတ္ျဖတ္ထားၿပီးသူမ်ား ျဖစ္ေသာ္လည္း အဆိုပါ ပြဲသည္၎တို႔ ရည္မွန္းခ်က္ ေအာင္ျမင္လုနီးပါး အထိ သံဃာမ်ား ပါဝင္လာခဲ့ၾကသည္။

ထိုသို႔ သံဃာမ်ား မႏၲေလး ၿမိဳေပၚ လမ္းမ်ား ေပၚတြင္ ဆြမ္းခံလွည့္ေနၾကခ်ိန္တြင္ စစ္ကိုင္းတိုင္း ေရဦးၿမိဳနယ္ရွိ မုံတိုင္ပင္ ႏွင့္ အင္ပင္ ေက်း႐ြာ မ်ားတြင္ ေသနတ္ ဒဏ္ရာမ်ား ႏွင့္ မီးေလာင္ကြၽမ္း ေသဆုံးေနသည့္ ႐ုပ္ အေလာင္း ၂၉ ေလာင္း ကို ေတြ႕ရွိခဲ့သည္ဟု သတင္း ထြက္‌ ေပၚ လာခဲ့သည္။ ထိုမွ်သာ မကေသး သံဃာ သုံးပါးကိုပါ ထိုအရပ္မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ျဖစ္သည္ဟု ဆိုသည္။

ဒုတိယ ကမာၻစစ္ အတြင္း ဖက္ဆစ္ ဂ်ပန္မ်ားပင္ ျမန္မာျပည္တြင္ ထိုမွ်ေလာက္ ရက္စက္ၾကမ္းၾကဳပ္စြာ ႐ြာမ်ားကို မီးတင္ရႈိ႕ျခင္းမ်ား ကို က်ဳးလြန္ခဲ့ၾကျခင္း မရွိေပ၊ ရန္သူကို စစ္ေျမျပင္တြင္သာ သူရဲေကာင္း ပီသစြာ ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကသူမ်ား ျဖစ္သည္။

စစ္အာဏသိမ္း အဖြဲ႕ ယခုအခ်ိန္ထိ ‌အသက္ဆက္ေနႏိုင္ျခင္းမွာလည္း မိမိတို႔ ရပ္တည္ရာ ကို ခြဲျခားစြာ ရႉျမင္ ႏိုင္ျခင္း ကင္းမဲ့ေနၿပီး ဘာတတ္ႏိုင္မလဲ ဆိုကာအဆင္ေျပရာ ေျပေၾကာင္းကို အရင္ ဦးစားေပး စဥ္းစားတတ္ၾက သည့္ လူမ်ား ရွိေနေသာ‌ ေၾကာင့္ ပင္ ျဖစ္သည္။

ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ ကေတာ့ ထိုးစစ္ႀကီး ဆင္ႏြဲရန္ ျပင္ဆင္လာေနၿပီ ျဖစ္ၿပီး ကိုယ္ပိုင္ လက္နက္စက္႐ုံ မွ SR-1 ဟု အမည္ေပးထားသည့္ အေပါ့စား စက္ေသနတ္မ်ားကို ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ခဲ့ၿပီး စစ္ကိုင္းတိုင္း အတြင္းရွိ ေတာ္လွန္ေရး တပ္ဖြဲ႕မ်ားထံ အဓိကထား ေပးပို႔သြားမည္ဟု ျပည္သူ႔စစ္သား စက္လက္နက္ ထုတ္လုပ္ေရး အဖြဲ႕ တာဝန္ရွိသူ တဦးက ထုတ္ေဖၚေျပာဆိုလိုက္ၿပီ ျဖစ္သည္။

ျပည္သူ ေတာ္လွန္ေရး မုခ် ေအာင္ရမည္!!!

credit – Original Uploader

ထူးထူးခြားခြား မပါသော်လည်း ဝူးဝူးဝါးဝါး ဖြစ်နေ

နှစ်ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံ- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲက ကျင်းပပြီးစီးသွားခဲ့ပြီ ဖြစ်သည်။အစည်းအဝေး အပြီး ထုတ်ပြန်‌ သော ပူးတွဲကြေညာချက်တွင် မြန်မာ အကျပ်အတည်းအား အထူးတလည် ထည့်သွင်းဖေါ်ပြလာခဲ့သည်။ထိုအထဲတွင် ကုလ အတွင်းရေးမှုး ချုပ်၏ အထူး သံတမန် နှင့် အာဆီယံ အထူး သံတမန်တို့ ငြိမ်းချမ်းရေး အတွက် အထူး ကြိုးပမ်းကြရန် နှင့် ကုလ အထူး သံတမန်ကိုလည်း ပြည်ဝင်ခွင့်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် စစ်ခေါင်းဆောင်များဖက်က အချက် ငါးချက်ကို အချိန်မီ ပြီးပြည့်စုံအောင် အကောင်အထည် ဖေါ်ပေးရန်၊ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံခြားသားများ ပြန်လွှတ်ပေးရန် တောင်းဆိုထားပြန်ပြီး အမေရိကန် နှင့် အာဆီယံ ဖက် မှလည်း အတူ ပူးပေါင်း၍ နှစ်ဆတိုး ကြိုးပမ်းသွားမည်ဟု ထည့်သွင်း ဖေါ်ပြထားသည်။

ထိုသို့ သော အကြောင်းများ ပါရှိသည့် ကြေညာချက်ပါ အပိုဒ် (၂၆) တွင် မြန်မာ အကြောင်း အထူးပြုပါရှိလာသည်မှာ ကြေညာချက်တွင် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံအား နာမည်တပ် မပြောကြေး ဆိုသည့် အာဆီယံ မူများနှင့် မညီဆိုကာ ဝဏ္ဏမောင်လွင်က ပယ်ချကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ်များ နှင့် အမေရိကန် အရာရှိများ တွေ့ဆုံခဲ့မှုသည် အကြမ်းဖက်မှုကို အားပေးခြင်းဖြစ်၍ ကန့်ကွက်သည်ဟု ဆိုသည်။

သို့သော် အာဆီယံသည် အချက် ငါးချက်အား ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသဖြင့် လူ့အခွင့်အရေး အား လေးစား လိုက်နာရေး ကို ဦးစားပေးမှု မရှိသည့် အဖွဲ့ကြီး အဖြစ် ပြင်းပြင်းထန်ထန် စွပ်စွဲမှုများနှင့် ရင်ဆိုင်လာရသည်။ ပူးတွဲကြေညာချက် သည်လည်း ဘာမျှ မယ်မယ်ရရ မပါရှိဟု ဝေဖန်ခံခဲ့ရသည်။ အာဆီယံ အဖို့လည်း အချက် ငါးချက်သည် မင်းအောင်လှိုင်မှ လိုက်နာပါမည်ဟု ကတိပေးထားပြီ ဖြစ်၍ ထို ငါးချက်အား အမိအရ ဆုပ်ကိုင်ထားဟန် ရှိသည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာသည် အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စနေနေ့က ဝါရှင်တန်တွင် တွေ့ဆုံ‌ ဆွေးနွေးခဲ့ကြသည်။ဆွေးနွေးမှုများတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ရင်ဆိုင်နေရသော စိမ်ခေါ်မှုများ၊ လူသားချင်းစာနာသည့် အကူအညီများ ဝေငှရေး နှင့် ဒုက္ခသည်များ အတွက် အသက်‌မွေး ဝမ်းကျောင်းမှု နည်းပညာ များ ပို့ချရေး နှင့် ပညာရေးပိုင်းဆိုင်ရာ ကိစ္စများ ပါရှိခဲ့သည်ဟု သိရသည်။

မည်သို့ပင် ဖြစ်စေ ပြည်သူတို့၏ တော်လှန်ရေး အတွက် စိတ်အား တက်ကြွဖွယ် အောင်ပွဲ တရပ် အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် အမေရိကန် ထိတ်တန်း အရာရှိများ နှင့် ‌ဆွေးနွေးပွဲများ ဆက်တိုက် ဆိုသလို ပြုလုပ် နိုင်ခဲ့သဖြင့် စစ်အာဏာသိမ်း အဖွဲ့အား နိုင်ငံတကာ အသိုက်အဝန်း မှ လက်ခံခြင်း မရှိတော့သည် အဖြစ်ကို မီးမောင်းထိုးပြနိုင်ခဲ့ပြီ ဖြစ်သည်။

ယနေ့ တနင်္ဂနွေ နေ့တွင် လည်း မေရီလန်း ရှိ Bethel Christian Academy စာသင်ကျောင်းတွင် ညနေ ၄ နာရီ မှ ၁၀ နာရီ အထိ မြန်မာမိသားစု များ အား တွေ့ဆုံ နှုတ်ဆက်ရန် ရှိနေသည်။စစ်အာဏာသိမ်း အဖွဲ့အဖို့ ပြည်တွင်းပြည်ပတွင် ဘက်ပေါင်းစုံ မှ အန္တရာယ်များနှင့် တိုးမြှင့် ရင်ဆိုင်လာနေရပြီ ဖြစ်၍ အမျိုးဘာသာ သာသနာ ဟု ဟစ်ကြွေးကာ လူထု အား စည်းရုံးရန် ကြိုးပမ်းနေပြီ ဖြစ်သည်။ စစ်အစိုးရ အဆက်ဆက်သည် ထိုသို့ စည်းရုံး၍ အလုပ် ဖြစ်သည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်နေကြဟန် ရှိသည်။

ထိုရည်ရွယ်ချက်၏ တစိတ်တပိုင်း အဖြစ် ကဆုန်လပြည့် နေ့ အထိမ်းအမှတ် အဖြစ် မန္တလေးတွင် သံဃာ တသောင်းခန့်အား ဆွမ်းဆန်စိမ်း လောင်းလှုပွဲကို အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။စစ်အာဏာသိမ်း အဖွဲ့သည် လူပေါင်း ၁,၈၀၀ ခန့်အား လူသိရှင်ကြား သတ်ဖြတ်ထားပြီးသူများ ဖြစ်သော်လည်း အဆိုပါ ပွဲသည်၎င်းတို့ ရည်မှန်းချက် အောင်မြင်လုနီးပါး အထိ သံဃာများ ပါဝင်လာခဲ့ကြသည်။

ထိုသို့ သံဃာများ မန္တလေး မြိုပေါ် လမ်းများ ပေါ်တွင် ဆွမ်းခံလှည့်နေကြချိန်တွင် စစ်ကိုင်းတိုင်း ရေဦးမြိုနယ်ရှိ မုံတိုင်ပင် နှင့် အင်ပင် ကျေးရွာ များတွင် သေနတ် ဒဏ်ရာများ နှင့် မီးလောင်ကျွမ်း သေဆုံးနေသည့် ရုပ် အလောင်း ၂၉ လောင်း ကို တွေ့ရှိခဲ့သည်ဟု သတင်း ထွက်‌ ပေါ် လာခဲ့သည်။ ထိုမျှသာ မကသေး သံဃာ သုံးပါးကိုပါ ထိုအရပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ဒုတိယ ကမ္ဘာစစ် အတွင်း ဖက်ဆစ် ဂျပန်များပင် မြန်မာပြည်တွင် ထိုမျှလောက် ရက်စက်ကြမ်းကြုပ်စွာ ရွာများကို မီးတင်ရှို့ခြင်းများ ကို ကျုးလွန်ခဲ့ကြခြင်း မရှိပေ၊ ရန်သူကို စစ်မြေပြင်တွင်သာ သူရဲကောင်း ပီသစွာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။

စစ်အာဏသိမ်း အဖွဲ့ ယခုအချိန်ထိ ‌အသက်ဆက်နေနိုင်ခြင်းမှာလည်း မိမိတို့ ရပ်တည်ရာ ကို ခွဲခြားစွာ ရှူမြင် နိုင်ခြင်း ကင်းမဲ့နေပြီး ဘာတတ်နိုင်မလဲ ဆိုကာအဆင်ပြေရာ ပြေကြောင်းကို အရင် ဦးစားပေး စဉ်းစားတတ်ကြ သည့် လူများ ရှိနေသော‌ ကြောင့် ပင် ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် ကတော့ ထိုးစစ်ကြီး ဆင်နွဲရန် ပြင်ဆင်လာနေပြီ ဖြစ်ပြီး ကိုယ်ပိုင် လက်နက်စက်ရုံ မှ SR-1 ဟု အမည်ပေးထားသည့် အပေါ့စား စက်သေနတ်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များထံ အဓိကထား ပေးပို့သွားမည်ဟု ပြည်သူ့စစ်သား စက်လက်နက် ထုတ်လုပ်ရေး အဖွဲ့ တာဝန်ရှိသူ တဦးက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ ဖြစ်သည်။

ပြည်သူ တော်လှန်ရေး မုချ အောင်ရမည်!!!

credit – Original Uploader