Local News



ဧရာဝတီတိုင်းမ်

ဟိုင်းကြီး၊ မေလ ၁၅ ရက်






ဟိုင်းကြီးမြို့တွင် စစ်ကောင်စီသတင်းပေးရှင်းလင်းခံရမှု တရားခံမမိလို့ စခန်းမှူး နယ်ပြောင်းရ

ဧရာဝတီတိုင်းမ်

ဟိုင်းကြီး၊ မေလ ၁၅ ရက်

ဧရာဝတီတိုင်း၊ ဟိုင်းကြီးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလပိုင်းမှာ စစ်ကောင်စီသတင်းပေးတဦး ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး တရားခံဖမ်းမမိတာကြောင့် စခန်းမှူးကို နယ်ပြောင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ငါးပြေမကျေးရွာက စစ်ကောင်စီသတင်းပေးရှင်းလင်းခံရတာနဲ့ပတ်သက်ပြီး တရားခံဖမ်းမမိတာကြောင့် တိုင်းမှူးရဲ့ညွှန်ကြားချက်နဲ့ နယ်မြေကျွမ်းကျင်တဲ့ စခန်းမှူးကို ရွှေ့ပြောင်းခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။

“ ခုစခန်းမှူးက နယ်မြေမကျွမ်းကျင်တာလည်းပါတယ် ပြီးတော့ အဲ့ဘက်က ရခိုင်ပြည်နယ်နဲ့ နီးတော့ အဲ့ဘက် တောနင်းဖို့ကခက်တာလည်းပါတယ် နောက်ဆုံးတော့ ကျွမ်းကျင်တဲ့ စခန်းမှူးကို ပြန်ချတဲ့သဘောပါ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီသတင်းပေးရှင်းလင်းခံရနဲ့ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့ဝင်တွေကို ဖမ်းမိဖို့အတွက် ယခင်က ဟိုင်းကြီးရဲစခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲအုပ် မင်းမင်းစိုးကို စခန်းမှူးအဖြစ်နဲ့ တာဝန်ပြန်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟိုင်းကြီးမြို့နယ်ထဲက တောဘက်တွေကိုလည်း စစ်ကောင်စီတပ်သားတွေက ဒေသခံသတင်းပေးတွေနဲ့ ပေါင်းပြီး တောနင်းရှားဖွေတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။