Local News

မေလးရွားအစုိးရလဲ NUG အစုိးရဖက္မွာျပတ္ျပတ္သားသား ရပ္တည္လုိက္ပါျပီ

မေလးရွားအစုိးရလဲ NUG အစုိးရဖက္မွာျပတ္ျပတ္သားသား ရပ္တည္လုိက္ပါျပီ

နံပါတ္ ၁ ကြၽန္ေတာ္တုိ႔ အာဏာသိမ္းစစ္ေကာင္စီကို အသိအမွတ္မျပဳဘူး။

နံပါတ္ ၂ ကြၽန္ေတာ္တို႔ အစိုးရအဖြဲ႔အေနနဲ႔ NUG/ NUCC ကို ထိေတြ႔ဆက္ဆံဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးၿပီ။ နံပါတ္ ၃ ျမန္မာျပည္ကုိလူသားခ်င္းစာနာမႈအကူအညီေတြေပးေရးဦးစားေပးေဆာင္႐ြက္မယ္။ NUG ကတစ္ဆင့္ ဒီလိုအကူညီေပးေရးလည္း ျဖစ္ႏိုင္ပါတယ္
Saifuddin Abdullah( မေလးရွားႏုိင္ငံျခားေရးဝန္ၾကီး )

ျမန္မာႏုိင္ငံနဲ႔ပတ္သက္ မေလးရွားအစိုးရရဲ့မူဝါဒကဘာပါလဲလို႔ RFA ျမန္မာဌာနကေမးျမန္းရာ ေျဖၾကားသြားတာ ျဖစ္ပါတယ္

စစ္ေကာင္စီကို အသိအမွတ္မျပဳဘဲ NUG နဲ႔ဆက္ဆံဖို႔ မေလးရွားဆုံးျဖတ္

ခင္ေမာင္စိုး (ဝါရွင္တန္ ဒီစီ)

အေမရိကန္-အာဆီယံထိပ္သီးညီလာခံတက္ေရာက္ခဲ့တဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah နဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ ဝါရွင္တန္ဒီစီမွာရွိတဲ့ Willard ဟိုတယ္မွာ ေမ ၁၄ ရက္ မနက္ပိုင္းမွာ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah နဲ႔ ေဆြးေႏြးအၿပီး NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ ဟိုတယ္က ျပန္အထြက္မွာ ဘာအေၾကာင္းအရာေတြ ေဆြးေႏြးခဲ့ပါသလဲလို႔ RFA က ေမးျမန္းတဲ့ အခါ အာဆီယံ ဘုံသေဘာတူညီခ်က္ငါးရပ္ကို ေဆြးေႏြးခဲ့တဲ့အေၾကာင္း၊ မေလးရွားက ျမန္မာျပည္သူလူထုနဲ႔ အတူရွိေနတဲ့အေၾကာင္း၊ ဘယ္လို အလုပ္တူတူလုပ္လို႔ရမလဲဆိုတာေတြ ေဆြးေႏြးခဲ့တဲ့အေၾကာင္း ေျပာပါတယ္။ ေဆြးေႏြးပြဲကို ေက်နပ္အားရပါတယ္လို႔လည္း ေဒၚဇင္မာေအာင္က ေျပာပါတယ္။

အဲဒီေနာက္ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ သတင္းစာရွင္းလင္းပြဲကို RFA က တက္ေရာက္ခြင့္ရပါတယ္။“NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ အရင္က အြန္လိုင္းကပဲ ေတြ႕ဆုံခဲ့ၿပီး အခုပထမဆုံးအႀကိမ္အျဖစ ္လူခ်င္းေတြ႕တာျဖစ္ပါတယ္။ အင္မတန္ အက်ိဳးရွိတဲ့ ေဆြးေႏြးပြဲျဖစ္ပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာဆိုခဲ့ၾကတယ္။ အာဆီယံအေနနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီတို႔ကို အလြတ္သေဘာ အသိအမွတ္ျပဳဆက္ဆံဖို႔ ကြၽန္ေတာ္ ႏွစ္ႀကိမ္ တင္ျပခဲ့ေၾကာင္း၊

အေမရိကန္သမၼတ ဘိုင္ဒင္နဲ႔ ေတြ႕ဆုံၾကတဲ့ မေန႔က အာဆီယံ- အေမရိကန္ ထိပ္သီး ညီလာခံမွာလည္း ကြၽန္ေတာ္တို႔ ဝန္ႀကီးခ်ဳပ္ အစၥမိုင္ ဆယ္ဘရီက NUG နဲ႔ NUCC တို႔ကို အာဆီယံအေနနဲ႔ အလြတ္သေဘာ အသိအမွတ္ျပဳဖို႔အခ်ိန္က်ေရာက္ၿပီျဖစ္ေၾကာင္း အဆိုျပဳခဲ့ပါတယ္။ ဒီကေန႔ ေဒၚဇင္မာေအာင္နဲ႔ ေတြ႕ဆုံရမွာေတာ့ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီေပးေရးအတြက္ စစ္ေကာင္စီ တစ္ခုတည္းနဲ႔ ေျပာဆိုေဆာင္႐ြက္လို႔ မလုံေလာက္ဘဲ ကုလသမဂၢလို ႏိုင္ငံတကာအဖြဲ႕ အဖြဲ႕အစည္းေတြပါရမယ္။ ဒါ့အျပင္ အာဆီယံႏိုင္ငံေတြက ကိုယ္စားလွယ္အဖြဲ႕ေတြလည္း ပါဝင္ေဆာင္႐ြက္သင့္တယ္လို႔ အဆိုျပဳခဲ့ပါတယ္။ စစ္ေကာင္စီအေနနဲ႔ လူသားခ်င္းစာနာမႈ အကူညီေတြကို အမွန္တကယ္လိုအပ္သူေတြထံ ေရာက္ရွိဖို႔ ေသခ်ာေအာင္ က်ေနာ္တို႔ ေဆာင္႐ြက္ရပါလိမ့္မယ္”

လူသားခ်င္းစာနာေရး အကူအညီကို စစ္ေကာင္စီက လက္နက္သဖြယ္အသုံးမခ်ေစခ်င္ဘူးလို႔လည္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။“လူသားခ်င္းစာနာမႈအကူညီကို စစ္ေကာင္စီက လက္နက္သဖြယ္အသုံးခ်ၿပီး သူတို႔ေပးခ်င္တဲ့သူေတြကိုပဲ ကြက္ၿပီးေပးတာမ်ိဳး မျဖစ္ေစခ်င္ပါဘူး။ ဒီကိစၥမွာ စစ္ေကာင္စီအေနနဲ႔လည္း အာဆီယံရဲ႕ အဆိုျပဳခ်က္ေတြကို ပိုမိုအေလးထားၿပီး ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္သင့္ပါတယ္။ အာဆီယံဘုံသေဘာတူူညီခ်က္ ငါးခ်က္ကို စစ္ေကာင္စီက လက္ခံခဲ့တာ တစ္ႏွစ္ရွိခဲ့ပါၿပီ။ NUG ကလည္း ဒီအခ်က္ငါးခ်က္ကို လက္ခံပါတယ္။

ဒါေပမဲ့ ဘာတိုးတက္မႈမရွိဘဲ အခုအခ်ိန္ထိ ျမန္မာႏိုင္ငံမွာ လူေတြပိုၿပီးသတ္ျဖတ္ခံေနရပါတယ္။ ထြက္ေျပးရတဲ့လူေတြလည္း ပိုမ်ားလာေနပါတယ္။ ေနာက္ထပ္ တစ္ႏွစ္ကြၽန္ေတာ္တို႔ မေစာင့္ႏိုင္ေတာ့ပါဘူး“ျမန္မာႏိုင္ငံဆိုင္ရာ မေလးရွားအစိုးရရဲ႕ မူဝါဒကဘာပါလဲလို႔ RFA ျမန္မာဌာန ကေမးျမန္းရာမွာေတာ့ ဝန္ႀကီး ဆိုင္ဖူဒင္ က“နံပါတ္တစ္ ကြၽန္ေတာ္တို႔ အာဏာသိမ္းစစ္ေကာင္စီကို အသိအမွတ္မျပဳဘူး။ နံပါတ္ ႏွစ္ ကြၽန္ေတာ္တို႔ အစိုးရအဖြဲ႕အေနနဲ႔ NUG/ NUCC ကို ထိေတြ႕ဆက္ဆံဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးၿပီ။ နံပါတ္ သုံး ျမန္မာျပည္သူေတြကို လူသားခ်င္း စာနာမႈအကူအညီေတြ ေပးေရးအတြက္ ဦးစားေပးေဆာင္႐ြက္မယ္။ NUG ကတစ္ဆင့္ ဒီလိုအကူညီေပးေရးလည္း ျဖစ္ႏိုင္ပါတယ္“

မေလးရွားမွာ NUG ႐ုံးခန္းဖြင့္ခြင့္ေပးမွာလားလို႔ ဆက္လက္ေမးျမန္းရာမွာ“႐ုံးခန္းဖြင့္ဖို႔ျဖစ္ႏိုင္ေျခရွိပုံေတြကို ေဒၚဇင္မာေအာင္နဲ႔ ဒီကေန႔ ေဆြးေႏြးခဲ့ပါတယ္။ အေသးစိတ္ေတာ့ မေဆြးေႏြးရေသးပါဘူး။ NUG ဟာ ျမန္မာျပည္သူေတြ ေ႐ြးေကာက္ပြဲမွာ ေ႐ြးခ်ယ္ခဲ့တဲ့သူေတြ ပါဝင္ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္းျဖစ္တယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ခံရမွာပါပဲ။ ဒါ့အျပင္ NUG/ NUCC တို႔နဲ႔ ကြၽန္ေတာ္တို႔ မေလးရွားႏိုင္ငံအၾကား တိုက္႐ိုက္ဆက္ဆံေရး ထူေထာင္ဖို႔လည္း ပါဝင္ပါတယ္။ ဒိထက္ပိုၿပီး ကြၽန္ေတာ္ မေျပာႏိုင္ေသးပါဘူး“

အေမရိကန္- အာဆီယံ ထိပ္သီးညီလာခံကေန ျမန္မာ့အေရးအတြက္ ဘယ္လိုအက်ိဳးရလဒ္ရွိတယ္ ထင္ပါသလဲလို႔ ေမးရာမွာေတာ့“ဒီညီလာခံမွာ က်ေနာ္တို႔ ဝန္ႀကီးခ်ဳပ္က အေမရိကန္သမၼတ ဘိုင္ဒင္ကို ျမန္မာ့အေရးအတြက္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဒီထက္ပိုၿပီး အေရးပါတဲ့က႑ကေန ပါဝင္ကူညီဖို႔ ေျပာဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ လက္ရွိပဋိပကၡေၾကာင့္ ထိုင္း- ျမန္မာနယ္စပ္နဲ႔ မေလးရွားကို ေရာက္ေနတဲ့ ျမန္မာဒုကၡသည္ေတြ၊ ဘဂၤလားေဒ့ရွ္ ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာေတြကို ပိုမိုပံ့ပိုးကူညီဖို႔ ကြၽန္ေတာ္တို႔ မေန႔က တင္ျပခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာဒုကၡသည္ေတြကို အေမရိကန္ျပည္ေထာင္စုက အခုထက္ပိုမိုလက္ခံေနရာခ်ထားေပးဖို႔လည္း က်ေနာ္တို႔ ေျပာဆိုခဲ့ပါတယ္“

ဒါ့အျပင္ ေဒၚဇင္မာေအာင္နဲ႔ ေျပာဆိုရာမွာ မေလးရွားေရာက္ ျမန္မာဒုကၡသည္ေတြကို ပညာသင္ၾကားေပးေရး၊ စစ္ေကာင္စီက ေျပာဆိုေနတဲ့ ေ႐ြးေကာက္ပြဲက်င္းပေရးကိစၥေတြလည္း ပါဝင္ပါတယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာၾကားပါတယ္။

မလေးရှားအစိုးရလဲ NUG အစိုးရဖက်မှာပြတ်ပြတ်သားသား ရပ်တည်လိုက်ပါပြီ

နံပါတ် ၁ ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။

နံပါတ် ၂ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ NUG/ NUCC ကို ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ။ နံပါတ် ၃ မြန်မာပြည်ကိုလူသားချင်းစာနာမှုအကူအညီတွေပေးရေးဦးစားပေးဆောင်ရွက်မယ်။ NUG ကတစ်ဆင့် ဒီလိုအကူညီပေးရေးလည်း ဖြစ်နိုင်ပါတယ်
Saifuddin Abdullah( မလေးရှားနိုင်ငံခြားရေးဝန်ကြီး )

မြန်မာနိုင်ငံနဲ့ပတ်သက် မလေးရှားအစိုးရရဲ့မူဝါဒကဘာပါလဲလို့ RFA မြန်မာဌာနကမေးမြန်းရာ ဖြေကြားသွားတာ ဖြစ်ပါတယ်

စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG နဲ့ဆက်ဆံဖို့ မလေးရှားဆုံးဖြတ်

ခင်မောင်စိုး (ဝါရှင်တန် ဒီစီ)

အမေရိကန်-အာဆီယံထိပ်သီးညီလာခံတက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ Willard ဟိုတယ်မှာ မေ ၁၄ ရက် မနက်ပိုင်းမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ ဆွေးနွေးအပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဟိုတယ်က ပြန်အထွက်မှာ ဘာအကြောင်းအရာတွေ ဆွေးနွေးခဲ့ပါသလဲလို့ RFA က မေးမြန်းတဲ့ အခါ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဆွေးနွေးခဲ့တဲ့အကြောင်း၊ မလေးရှားက မြန်မာပြည်သူလူထုနဲ့ အတူရှိနေတဲ့အကြောင်း၊ ဘယ်လို အလုပ်တူတူလုပ်လို့ရမလဲဆိုတာတွေ ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပါတယ်။ ဆွေးနွေးပွဲကို ကျေနပ်အားရပါတယ်လို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အဲဒီနောက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို RFA က တက်ရောက်ခွင့်ရပါတယ်။“NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အရင်က အွန်လိုင်းကပဲ တွေ့ဆုံခဲ့ပြီး အခုပထမဆုံးအကြိမ်အဖြစ ်လူချင်းတွေ့တာဖြစ်ပါတယ်။ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ကြတယ်။ အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ကို အလွတ်သဘော အသိအမှတ်ပြုဆက်ဆံဖို့ ကျွန်တော် နှစ်ကြိမ် တင်ပြခဲ့ကြောင်း၊

အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ တွေ့ဆုံကြတဲ့ မနေ့က အာဆီယံ- အမေရိကန် ထိပ်သီး ညီလာခံမှာလည်း ကျွန်တော်တို့ ဝန်ကြီးချုပ် အစ္စမိုင် ဆယ်ဘရီက NUG နဲ့ NUCC တို့ကို အာဆီယံအနေနဲ့ အလွတ်သဘော အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီဖြစ်ကြောင်း အဆိုပြုခဲ့ပါတယ်။ ဒီကနေ့ ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံရမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် စစ်ကောင်စီ တစ်ခုတည်းနဲ့ ပြောဆိုဆောင်ရွက်လို့ မလုံလောက်ဘဲ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့ အဖွဲ့အစည်းတွေပါရမယ်။ ဒါ့အပြင် အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေလည်း ပါဝင်ဆောင်ရွက်သင့်တယ်လို့ အဆိုပြုခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာမှု အကူညီတွေကို အမှန်တကယ်လိုအပ်သူတွေထံ ရောက်ရှိဖို့ သေချာအောင် ကျနော်တို့ ဆောင်ရွက်ရပါလိမ့်မယ်”

လူသားချင်းစာနာရေး အကူအညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးမချစေချင်ဘူးလို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။“လူသားချင်းစာနာမှုအကူညီကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးချပြီး သူတို့ပေးချင်တဲ့သူတွေကိုပဲ ကွက်ပြီးပေးတာမျိုး မဖြစ်စေချင်ပါဘူး။ ဒီကိစ္စမှာ စစ်ကောင်စီအနေနဲ့လည်း အာဆီယံရဲ့ အဆိုပြုချက်တွေကို ပိုမိုအလေးထားပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ပါတယ်။ အာဆီယံဘုံသဘောတူူညီချက် ငါးချက်ကို စစ်ကောင်စီက လက်ခံခဲ့တာ တစ်နှစ်ရှိခဲ့ပါပြီ။ NUG ကလည်း ဒီအချက်ငါးချက်ကို လက်ခံပါတယ်။

ဒါပေမဲ့ ဘာတိုးတက်မှုမရှိဘဲ အခုအချိန်ထိ မြန်မာနိုင်ငံမှာ လူတွေပိုပြီးသတ်ဖြတ်ခံနေရပါတယ်။ ထွက်ပြေးရတဲ့လူတွေလည်း ပိုများလာနေပါတယ်။ နောက်ထပ် တစ်နှစ်ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး“မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအစိုးရရဲ့ မူဝါဒကဘာပါလဲလို့ RFA မြန်မာဌာန ကမေးမြန်းရာမှာတော့ ဝန်ကြီး ဆိုင်ဖူဒင် က“နံပါတ်တစ် ကျွန်တော်တို့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုဘူး။ နံပါတ် နှစ် ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ NUG/ NUCC ကို ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီးပြီ။ နံပါတ် သုံး မြန်မာပြည်သူတွေကို လူသားချင်း စာနာမှုအကူအညီတွေ ပေးရေးအတွက် ဦးစားပေးဆောင်ရွက်မယ်။ NUG ကတစ်ဆင့် ဒီလိုအကူညီပေးရေးလည်း ဖြစ်နိုင်ပါတယ်“

မလေးရှားမှာ NUG ရုံးခန်းဖွင့်ခွင့်ပေးမှာလားလို့ ဆက်လက်မေးမြန်းရာမှာ“ရုံးခန်းဖွင့်ဖို့ဖြစ်နိုင်ခြေရှိပုံတွေကို ဒေါ်ဇင်မာအောင်နဲ့ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။ အသေးစိတ်တော့ မဆွေးနွေးရသေးပါဘူး။ NUG ဟာ မြန်မာပြည်သူတွေ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံရမှာပါပဲ။ ဒါ့အပြင် NUG/ NUCC တို့နဲ့ ကျွန်တော်တို့ မလေးရှားနိုင်ငံအကြား တိုက်ရိုက်ဆက်ဆံရေး ထူထောင်ဖို့လည်း ပါဝင်ပါတယ်။ ဒိထက်ပိုပြီး ကျွန်တော် မပြောနိုင်သေးပါဘူး“

အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံကနေ မြန်မာ့အရေးအတွက် ဘယ်လိုအကျိုးရလဒ်ရှိတယ် ထင်ပါသလဲလို့ မေးရာမှာတော့“ဒီညီလာခံမှာ ကျနော်တို့ ဝန်ကြီးချုပ်က အမေရိကန်သမ္မတ ဘိုင်ဒင်ကို မြန်မာ့အရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက်ပိုပြီး အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ကူညီဖို့ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခကြောင့် ထိုင်း- မြန်မာနယ်စပ်နဲ့ မလေးရှားကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေ၊ ဘင်္ဂလားဒေ့ရှ် ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ပိုမိုပံ့ပိုးကူညီဖို့ ကျွန်တော်တို့ မနေ့က တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုက အခုထက်ပိုမိုလက်ခံနေရာချထားပေးဖို့လည်း ကျနော်တို့ ပြောဆိုခဲ့ပါတယ်“

ဒါ့အပြင် ဒေါ်ဇင်မာအောင်နဲ့ ပြောဆိုရာမှာ မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို ပညာသင်ကြားပေးရေး၊ စစ်ကောင်စီက ပြောဆိုနေတဲ့ ရွေးကောက်ပွဲကျင်းပရေးကိစ္စတွေလည်း ပါဝင်ပါတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။