Local News

NUG ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကန္သမၼတ၏ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ဒါ႐ိုက္တာတို႔ အိမ္ျဖဴေတာ္၌ေတြ႕ဆုံ

NUG ႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကန္သမၼတ၏ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ဒါ႐ိုက္တာတို႔ အိမ္ျဖဴေတာ္၌ေတြ႕ဆုံ

စစ္ေကာင္စီ၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားတာဝန္ခံမႈရွိေစေရး အေမရိကန္ဆက္လက္ဖိအားေပးလုပ္ေဆာင္မည္ဟု ထိပ္တန္းတာဝန္ရွိသူေျပာ

လီလီယန္/People’s Spring

အာဏာသိမ္းစစ္ေကာင္စီ၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအေပၚ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေစေရး အေမရိကန္က ဆက္လက္ဖိအားေပးလုပ္ေဆာင္မည္ဟု သမၼတဂ်ိဳးဘိုင္ဒင္၏ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ဒါ႐ိုက္တာ Rob Berschinskiက ေျပာသည္။

အထက္ပါ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးဆိုင္ရာဒါ႐ိုက္တာသည္ NUG ႏိုင္ငံျခားေရး ဝန္ႀကီး ေဒၚဇင္မာေအာင္ကို ေမလ၁၃ ရက္တြင္ အိမ္ျဖဴေတာ္၌ လက္ခံေတြ႕ဆုံစဥ္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ႏွင့္ အေမရိကန္ျပည္ေထာင္စုသည္ ျမန္မာျပည္သူမ်ား၏ ႐ုန္းကန္လႈပ္ရွားမႈႏွင့္အတူ ရပ္တည္ေနေၾကာင္း ထည့္သြင္းေျပာၾကားသည္။

ႏွစ္ရက္တာ က်င္းပခဲ့ေသာ အေမရိကန္-အာဆီယံထိပ္သီးညီလာခံ၌ ျမန္မာအတြက္ ထိုင္ခုံ အလြတ္ထားေသာ္လည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ႏိုင္ငံျခားေရးဝန္ႀကီး၊ ဒုတိယ ဝန္ႀကီးတို႔ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕သည္ အေမရိကန္ႏိုင္ငံျခားေရး ဒုတိယဝန္ႀကီး အပါအဝင္ အစိုးရထိပ္တန္းတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့သည္။

ထို႔အျပင္ ဝါရွင္တန္သို႔ ေရာက္ရွိေနေသာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးအပါအဝင္ အာဆီယံႏိုင္ငံအခ်ိဳ႕မွ ဝန္ႀကီးအခ်ိဳ႕ကိုလည္း NUG ႏိုင္ငံျခားေရးဝန္ႀကီးဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕က လူခ်င္းေတြ႕ဆုံေဆြးေႏြးႏိုင္ခဲ့သည္။

အၾကမ္းဖက္စစ္ေကာင္စီကမူ အေမရိကန္-အာဆီယံထိပ္သီးညီလာခံအၿပီး ပူးတြဲထုတ္ျပန္ ေၾကညာခ်က္ပါ ျမန္မာ့အေရးေဖာ္ျပခ်က္ကို ပယ္ခ်ေၾကာင္းႏွင့္ NUG ကိုယ္စားလွယ္အဖြဲ႕ကို လက္ခံ ေတြ႕ဆုံသည့္ အေမရိကန္အစိုးရ တာဝန္ရွိသူမ်ားကိုလည္း ကန႔္ကြက္ေၾကာင္း ယေန႔သတင္း ထုတ္ျပန္သည္။

ထို႔အျပင္ အၾကမ္းဖက္စစ္ေကာင္စီသည္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၊ မိတ္ဖက္အစိုးရတာဝန္ရွိ သူမ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို CRPH ၊ NUGကိုယ္စားလွယ္မ်ားႏွင့္ ထိေတြ႕ဆက္ ဆံျခင္းမျပဳရန္ ေတာင္းဆိုထားသည္။

အာဆီယံအဖြဲ႕ဝင္ မေလးရွားက ျမန္မာ့အက်ပ္အတည္းေျဖရွင္းေရး ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္ထားေသာ NUG အစိုးရ၊ အမ်ိဳးသားညီၫြတ္ေရးအတိုင္ပင္ခံေကာင္စီ NUCC အပါအဝင္ ပါဝင္သင့္သူမ်ားႏွင့္ အလြတ္သေဘာထိေတြ႕ဆက္ဆံရန္ အာဆီယံကို အဆိုျပဳထားသည္။

(သမၼတဂ်ိဳးဘိုင္ဒင္၏ ဒီမိုကေရစီႏွင့္ လူ႔အခြင့္အေရးဆိုင္ရာ ဒါ႐ိုက္တာ Rob Berschinskiႏွင့္ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္တို႔ ေတြ႕ဆုံေနစဥ္)

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ကန်သမ္မတ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာတို့ အိမ်ဖြူတော်၌တွေ့ဆုံ

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတာဝန်ခံမှုရှိစေရေး အမေရိကန်ဆက်လက်ဖိအားပေးလုပ်ဆောင်မည်ဟု ထိပ်တန်းတာဝန်ရှိသူပြော

လီလီယန်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အမေရိကန်က ဆက်လက်ဖိအားပေးလုပ်ဆောင်မည်ဟု သမ္မတဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinskiက ပြောသည်။

အထက်ပါ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာဒါရိုက်တာသည် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို မေလ၁၃ ရက်တွင် အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာပြည်သူများ၏ ရုန်းကန်လှုပ်ရှားမှုနှင့်အတူ ရပ်တည်နေကြောင်း ထည့်သွင်းပြောကြားသည်။

နှစ်ရက်တာ ကျင်းပခဲ့သော အမေရိကန်-အာဆီယံထိပ်သီးညီလာခံ၌ မြန်မာအတွက် ထိုင်ခုံ အလွတ်ထားသော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယ ဝန်ကြီးတို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံခြားရေး ဒုတိယဝန်ကြီး အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် ဝါရှင်တန်သို့ ရောက်ရှိနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အာဆီယံနိုင်ငံအချို့မှ ဝန်ကြီးအချို့ကိုလည်း NUG နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လူချင်းတွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီကမူ အမေရိကန်-အာဆီယံထိပ်သီးညီလာခံအပြီး ပူးတွဲထုတ်ပြန် ကြေညာချက်ပါ မြန်မာ့အရေးဖော်ပြချက်ကို ပယ်ချကြောင်းနှင့် NUG ကိုယ်စားလှယ်အဖွဲ့ကို လက်ခံ တွေ့ဆုံသည့် အမေရိကန်အစိုးရ တာဝန်ရှိသူများကိုလည်း ကန့်ကွက်ကြောင်း ယနေ့သတင်း ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်အစိုးရတာဝန်ရှိ သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUGကိုယ်စားလှယ်များနှင့် ထိတွေ့ဆက် ဆံခြင်းမပြုရန် တောင်းဆိုထားသည်။

အာဆီယံအဖွဲ့ဝင် မလေးရှားက မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ပြည်သူရွေးချယ်တင်မြှောက်ထားသော NUG အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် ပါဝင်သင့်သူများနှင့် အလွတ်သဘောထိတွေ့ဆက်ဆံရန် အာဆီယံကို အဆိုပြုထားသည်။

(သမ္မတဂျိုးဘိုင်ဒင်၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Rob Berschinskiနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံနေစဉ်)