Local News

ေရွ႕တန္းတြင္ အမ်ိဳးသမီးစစ္သည္မ်ား စတင္အသုံးျပဳၿပီး

စစ္ေကာင္စီက ေရွ႕တန္းတြင္ အမ်ိဳးသမီးစစ္သည္မ်ား စတင္အသုံးျပဳၿပီး ကနီတြင္ PDF စခန္းလာတိုက္သည့္ အမ်ိဳး သမီး စစ္သည္မ်ားပါေသာ စစ္ေၾကာင္း ထြက္ေျပးသြား၊ ယင္းမာပင္ ၃ ရက္တာ တိုက္ပြဲ စစ္သား ၁၉ ဦးေသဆုံး၊ ၿမိဳင္တြင္ စစ္သား ၄ ဦးေသဆုံး

ရန္ကုန္၊ ေမ ၁၅

စစ္ကိုင္းတိုင္း ကနီၿမိဳ႕နယ္ မွန္ေထာင္ဘုရားကုန္းတြင္ ေဒသခံကာကြယ္ေရး PDF စခန္း တစ္ခုကို ယေန႔ ေမလ ၁၅ ရက္ေန႔ မြန္းလြဲ ၃ နာရီခန္႔တြင္ စစ္တပ္က လာေရာက္ စီးနင္းခဲ့ၿပီး ကာကြယ္ေရး တပ္ဖြဲ႕မ်ား ျပန္လည္ ခုခံ တိုက္ခိုက္ခဲ့ေသာေၾကာင့္ စစ္တပ္ စစ္ေၾကာင္းမ်ား ထြက္ေျပးသြားေၾကာင္း အာဏာရွင္ ေတာ္လွန္ေရး တပ္မေတာ္ DRPA ထံမွ သိရသည္။

အဆိုပါ ထိေတြ႕တိုက္ပြဲတြင္ စစ္တပ္ဘက္မွ ထိခိုက္ ေသဆုံးသူ ရွိ၊ မရွိကို အတည္မျပဳႏိုင္ေသးဘဲ အၾကမ္းဖက္ စစ္တပ္ စစ္ေၾကာင္းတြင္ အမ်ိဳးသမီး စစ္သည္ ၃၀ ခန္႔ ပါဝင္ေၾကာင္း ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။

“ဒီေန႔ ေဒသခံ PDF စခန္းတစ္ခုကို စစ္ေခြးေတြ မီးရႈိ႕ေနလို႔ ကြၽန္ေတာ္တို႔ကို စစ္ကူေတာင္းလို႔ ကြၽန္ေတာ္တို႔ သြားထုတာ အဲ့ေကာင္ေတြ ေခြးေျပးဝက္ေျပး ေျပးသြားတယ္ စစ္ေခြးေတြ စစ္ေခြးေတြက အင္အား ၈၀ေလာက္ ရွိတယ္။ ေနာက္ၿပီး အမ်ိဳးသမီး စစ္သည္ ၃၀ ေလာက္ပါတယ္”ဟု ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ဝင္ တစ္ဦးကေျပာဆိုသည္။

ထို အၾကမ္းဖက္ စစ္ေကာင္စီ စစ္ေၾကာင္းကို အာဏာရွင္ ေတာ္လွန္ေရး တပ္မေတာ္ DRPA၊ ဘာမထီ အဖြဲ႕၊ KGF၊ အေမ့သား က်ားသုံးေဖာ္၊ ၿမိဳ႕နယ္ ပကဖႏွင့္ မဟာမိတ္ တပ္ေပါင္းစုမ်ားက ျပန္လည္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္တြင္ အၾကမ္းဖက္ စစ္တပ္ႏွင့္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ား ေမလ ၁၃ ရက္ေန႔မွ စတင္ကာ ေမလ ၁၅ ရက္ေန႔ထိ တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားခဲ့ၿပီး စစ္သား ၁၉ ဦးေသဆုံးခဲ့ေၾကာင္း Yimarbin Local PDF တပ္ဖြဲ႕ထံမွ သိရသည္။

ပထမ အႀကိမ္ ထိေတြတိုက္ပြဲသည္ ေမလ ၁၃ ရက္ေန႔ နံနက္ ၆ နာရီ ၄၈ မိနစ္ခန္႔တြင္ ကြၽန္းေတာေက်း႐ြာ၌ တပ္စြဲထားေသာ အၾကမ္းဖက္ စစ္တပ္ႏွင့္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕မ်ား မိနစ္ ၃၀ ခန္႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္သား ၅ ဦးေသဆုံးခဲ့ၿပီး ကာကြယ္ေရး တပ္ဖြဲ႕မွ ရဲေဘာ္ ၄ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ဒုတိယ အႀကိမ္ ထိေတြတိုက္ပြဲသည္ ေမလ ၁၃ ရက္ေန႔ ညေန ၃ နာရီခန္႔တြင္ တေရာ္က်င္းေက်း႐ြာ အေရွ႕ေတာင္ဘက္ ျမစ္ေတာင္အနီးတြင္ အၾကမ္းဖက္ စစ္တပ္ႏွင့္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕မ်ား ထပ္မံ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္သား ၄ ဦးေသဆုံးကာ ကာကြယ္ေရး တပ္ဖြဲ႕ဝင္ ၁ ဦး က်ည္ထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

တတိယ အႀကိမ္တိုက္ခိုက္မႈသည္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး ယေန႔ ေမလ ၁၅ ရက္ေန႔တြင္ ႐ြာသာ႐ြာ ေက်း႐ြာကို အၾကမ္းဖက္ စစ္တပ္ ဝင္ေရာက္ စီးနင္း မီးရႈိ႕ၿပီးေနာက္ ၅၁ လမ္းဆုံတြင္ နယ္ေျမရွင္းလင္းရန္ ေရာက္လာစဥ္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕မ်ားက ပေဒသာ မိုင္း အႀကီးမ်ားျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ၿပီး စစ္သား ၁၀ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ယင္းတိုက္ခိုက္မႈမ်ားကို Yimarbin Local People’s Defence Force၊ Chindwin Galone Yarzar Guerrilla Force၊ Triple Two Task Force၊ Monywa True of force၊ Alpha Special Force၊ Salingyi Regional Force၊ Myauk Yamar People’s Force တို႔မွ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ မေကြတိုင္း ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရး တပ္ဖြဲ႕ ႏွင့္ ဂဠဳန္ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔ ပူးေပါင္းကာ ယေန႔့ မြန္းလြဲ ၂နာရီ မိနစ္ ၂၀ နာရီခန္႔တြင္ စစ္တပ္ ရိကၡာပို႔ ယာဥ္တန္းကို ကိုင္းေတာမ ကမၼလမ္းေပၚတြင္ မိုင္းဆြဲ တိုက္ခိုက္ခဲ့ၿပီး စစ္သား ၃ ဦးႏွင့္ ပ်ဴေစာထီး ၁ ဦး ေသဆုံးခဲ့ေၾကာင္း ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ သိရသည္။

စစ်ကောင်စီက ရှေ့တန်းတွင် အမျိုးသမီးစစ်သည်များ စတင်အသုံးပြုပြီး ကနီတွင် PDF စခန်းလာတိုက်သည့် အမျိုး သမီး စစ်သည်များပါသော စစ်ကြောင်း ထွက်ပြေးသွား၊ ယင်းမာပင် ၃ ရက်တာ တိုက်ပွဲ စစ်သား ၁၉ ဦးသေဆုံး၊ မြိုင်တွင် စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း ကနီမြို့နယ် မှန်ထောင်ဘုရားကုန်းတွင် ဒေသခံကာကွယ်ရေး PDF စခန်း တစ်ခုကို ယနေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် စစ်တပ်က လာရောက် စီးနင်းခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ် စစ်ကြောင်းများ ထွက်ပြေးသွားကြောင်း အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA ထံမှ သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ ရှိ၊ မရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အမျိုးသမီး စစ်သည် ၃၀ ခန့် ပါဝင်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

“ဒီနေ့ ဒေသခံ PDF စခန်းတစ်ခုကို စစ်ခွေးတွေ မီးရှို့နေလို့ ကျွန်တော်တို့ကို စစ်ကူတောင်းလို့ ကျွန်တော်တို့ သွားထုတာ အဲ့ကောင်တွေ ခွေးပြေးဝက်ပြေး ပြေးသွားတယ် စစ်ခွေးတွေ စစ်ခွေးတွေက အင်အား ၈၀လောက် ရှိတယ်။ နောက်ပြီး အမျိုးသမီး စစ်သည် ၃၀ လောက်ပါတယ်”ဟု ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

ထို အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို အာဏာရှင် တော်လှန်ရေး တပ်မတော် DRPA၊ ဘာမထီ အဖွဲ့၊ KGF၊ အမေ့သား ကျားသုံးဖော်၊ မြို့နယ် ပကဖနှင့် မဟာမိတ် တပ်ပေါင်းစုများက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၁၃ ရက်နေ့မှ စတင်ကာ မေလ ၁၅ ရက်နေ့ထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၉ ဦးသေဆုံးခဲ့ကြောင်း Yimarbin Local PDF တပ်ဖွဲ့ထံမှ သိရသည်။

ပထမ အကြိမ် ထိတွေတိုက်ပွဲသည် မေလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၈ မိနစ်ခန့်တွင် ကျွန်းတောကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုတိယ အကြိမ် ထိတွေတိုက်ပွဲသည် မေလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် တရော်ကျင်းကျေးရွာ အရှေ့တောင်ဘက် မြစ်တောင်အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တတိယ အကြိမ်တိုက်ခိုက်မှုသည် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ ၁၅ ရက်နေ့တွင် ရွာသာရွာ ကျေးရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ပြီးနောက် ၅၁ လမ်းဆုံတွင် နယ်မြေရှင်းလင်းရန် ရောက်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း အကြီးများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို Yimarbin Local People’s Defence Force၊ Chindwin Galone Yarzar Guerrilla Force၊ Triple Two Task Force၊ Monywa True of force၊ Alpha Special Force၊ Salingyi Regional Force၊ Myauk Yamar People’s Force တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေတိုင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ နှင့် ဂဠုန်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ မွန်းလွဲ ၂နာရီ မိနစ် ၂၀ နာရီခန့်တွင် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို ကိုင်းတောမ ကမ္မလမ်းပေါ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သိရသည်။