စစ္ကိုင္းတိုင္းမွာ ဘာလို႔ PDF ေတြ အဆမတန္ အင္အားသိပ္ေကာင္းလာၾကတာလဲ ? တဲ့။
ေတာ္လွန္ေရး မိတ္ေဆြေတြက က်ေနာ့္ကိုလာေမးတတ္ၾကတယ္။
က်ေနာ္ကိုယ္တိုင္လဲလက္ရွိ စစ္ကိုင္း Front Line Battle ေတြက PDF တစ္ေယာက္မို႔ အေျဖ အတိအက်ရွိတယ္ဗ်ား။
ရွင္းရွင္းေလးပါ။ခုေနာက္ပိုင္း လပ္တီး က ႐ြာေတြကိုမီးရႈိ႕ဖို႔သက္သက္အတြက္ ပုဇဥ္းနဲ႔ေတာင္ စခ ေတြလာခ်သြားတာရွိတယ္။
ေျမျပင္မွာဆို ေတာက္ေလွ်ာက္အုန္းခံေနရလို႔ေဝဟင္ကေန လာပို႔သြားတဲ့ သေဘာမ်ိဳးေပါ့ဗ်ာ။
ဒါေတာင္ က်ေနာ္တို႔ဖက္က လနႀကီးစာ မိမွာေၾကာက္ၿပီးႏွစ္စီး၊ သုံးစီး လာတယ္။ တစ္စီးက ပစ္ကူဆိုရင္တစ္စီးက စခေတြ ခ်သြားတယ္။
အရင္လို ပလိန္းႀကီးေျမျပင္နား မကပ္ရဲေတာ့ဘူး။
ဆိုေတာ့ …
႐ြာေတြကို လပ္တီးက မီးဝင္ရႈိ႕တယ္။ ႐ြာခံျပည္သူေတြကလဲ နပ္ေနၿပီ။
ခုေနာက္ပိုင္းလေတြမွာ PDF ေတြကခနေတာ့ ေရွာင္ေပးရပါမယ္ ေျပာရင္ ခ်က္ခ်င္းအေ႐ြ႕ကိုျမင္ရတယ္။
ဒါ့ေၾကာင့္ ႐ြာေတြထဲမွာတင္ ျပည္သူမရွိဘဲထိေတြ႕မႈ ေဖာ္ေဆာင္ႏိုင္သြားတယ္။
( ဒီအတြက္ သက္ဆိုင္ရာ EAOs ေတြနဲ႔လဲ သေဘာတူညီခ်က္ရရွိၿပီး။ )
တခ်ိဳ႕ပြဲေတြဆိုရင္ အျမန္ကိစၥျဖတ္ႏိုင္သြားလို႔ ႐ြာခံျပည္သူေတြရဲ႕အိမ္္ေတြ မီးေလာင္မယ့္ေဘးကေန ကာကြယ္ႏိုင္သြားတယ္။
အဲ့မွာ PDF ေတြနဲ႔ ျပည္သူေတြ တသားထဲ ပိုျဖစ္။ ပိုမိုအေထာက္အပံ့ေတြ ရသြားတယ္။
ပြဲၿပီးေတာ့ PDF ျဖစ္ျခင္လို႔ အဝတ္တထည္ ကိုယ္တခုနဲ႔ လိုက္လာသူေတြဆိုတာလဲ ဒုနဲ႔ေဒး။
ေနာက္တစ္ခ်က္ကက်ေတာ့ …႐ြာလုံးကြၽတ္မီးရႈိ႕ခံလိုက္ရတဲ့ ႐ြာေတြ။
အဲ့က ျပည္သူေတြက်ေတာ့ နာက်ည္းစိတ္နဲ႔ ေတာင္ယာ၊ႏွမ္၊ ပဲ အလုပ္ကိုစြန္႔ၿပီး PDF တပ္ရင္းေတြထဲ ေျခစုံပစ္ဝင္လာၾကတယ္။
ဒီလိုျပည္သူမ်ိဳး က်ျပန္ေတာ့သူတို႔မွာ ေထာက္စရာ၊ ငဲ့စရာ ဘာမွရွိမေနေတာ့ဘူး။
႐ြပ္႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ပြဲဝင္ၾကတယ္။လပ္တီးက ဥာဏ္ရည္ တထြာတမိုက္ေလာက္နဲ႔ PDF နဲ႔ ျပည္သူကို ေသြးခြဲဖို႔ႀကိဳးစားတယ္။
စဥ္းစားေတြးေခၚႏိုင္စြမ္းျမင့္မားတဲ့ ေက်းလက္ေနျပည္သူေတြေၾကာင့္ က်ေနာ္တို႔က ပိုၿပီး စည္းလုံးညီၫြတ္သြားၾကတယ္။
ဒီေန႔အိမ္ကို မီးရႈိ႔ခံလိုက္ရတဲ့ျပည္သူေတြဟာ မနက္ျဖန္ေတြမွာ PDF အျဖစ္ေျပာင္းလဲသြားတယ္
ေတာ္ဝင္ေနာင္ (MasK.)
စစ်ကိုင်းတိုင်းမှာ ဘာလို့ PDF တွေ အဆမတန် အင်အားသိပ်ကောင်းလာကြတာလဲ ? တဲ့။
တော်လှန်ရေး မိတ်ဆွေတွေက ကျနော့်ကိုလာမေးတတ်ကြတယ်။
ကျနော်ကိုယ်တိုင်လဲလက်ရှိ စစ်ကိုင်း Front Line Battle တွေက PDF တစ်ယောက်မို့ အဖြေ အတိအကျရှိတယ်ဗျား။
ရှင်းရှင်းလေးပါ။ခုနောက်ပိုင်း လပ်တီး က ရွာတွေကိုမီးရှို့ဖို့သက်သက်အတွက် ပုဇဉ်းနဲ့တောင် စခ တွေလာချသွားတာရှိတယ်။
မြေပြင်မှာဆို တောက်လျှောက်အုန်းခံနေရလို့ဝေဟင်ကနေ လာပို့သွားတဲ့ သဘောမျိုးပေါ့ဗျာ။
ဒါတောင် ကျနော်တို့ဖက်က လနကြီးစာ မိမှာကြောက်ပြီးနှစ်စီး၊ သုံးစီး လာတယ်။ တစ်စီးက ပစ်ကူဆိုရင်တစ်စီးက စခတွေ ချသွားတယ်။
အရင်လို ပလိန်းကြီးမြေပြင်နား မကပ်ရဲတော့ဘူး။
ဆိုတော့ …
ရွာတွေကို လပ်တီးက မီးဝင်ရှို့တယ်။ ရွာခံပြည်သူတွေကလဲ နပ်နေပြီ။
ခုနောက်ပိုင်းလတွေမှာ PDF တွေကခနတော့ ရှောင်ပေးရပါမယ် ပြောရင် ချက်ချင်းအရွေ့ကိုမြင်ရတယ်။
ဒါ့ကြောင့် ရွာတွေထဲမှာတင် ပြည်သူမရှိဘဲထိတွေ့မှု ဖော်ဆောင်နိုင်သွားတယ်။
( ဒီအတွက် သက်ဆိုင်ရာ EAOs တွေနဲ့လဲ သဘောတူညီချက်ရရှိပြီး။ )
တချို့ပွဲတွေဆိုရင် အမြန်ကိစ္စဖြတ်နိုင်သွားလို့ ရွာခံပြည်သူတွေရဲ့အိမ်တွေ မီးလောင်မယ့်ဘေးကနေ ကာကွယ်နိုင်သွားတယ်။
အဲ့မှာ PDF တွေနဲ့ ပြည်သူတွေ တသားထဲ ပိုဖြစ်။ ပိုမိုအထောက်အပံ့တွေ ရသွားတယ်။
ပွဲပြီးတော့ PDF ဖြစ်ခြင်လို့ အဝတ်တထည် ကိုယ်တခုနဲ့ လိုက်လာသူတွေဆိုတာလဲ ဒုနဲ့ဒေး။
နောက်တစ်ချက်ကကျတော့ …ရွာလုံးကျွတ်မီးရှို့ခံလိုက်ရတဲ့ ရွာတွေ။
အဲ့က ပြည်သူတွေကျတော့ နာကျည်းစိတ်နဲ့ တောင်ယာ၊နှမ်၊ ပဲ အလုပ်ကိုစွန့်ပြီး PDF တပ်ရင်းတွေထဲ ခြေစုံပစ်ဝင်လာကြတယ်။
ဒီလိုပြည်သူမျိုး ကျပြန်တော့သူတို့မှာ ထောက်စရာ၊ ငဲ့စရာ ဘာမှရှိမနေတော့ဘူး။
ရွပ်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြတယ်။လပ်တီးက ဉာဏ်ရည် တထွာတမိုက်လောက်နဲ့ PDF နဲ့ ပြည်သူကို သွေးခွဲဖို့ကြိုးစားတယ်။
စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားတဲ့ ကျေးလက်နေပြည်သူတွေကြောင့် ကျနော်တို့က ပိုပြီး စည်းလုံးညီညွတ်သွားကြတယ်။
ဒီနေ့အိမ်ကို မီးရှို့ခံလိုက်ရတဲ့ပြည်သူတွေဟာ မနက်ဖြန်တွေမှာ PDF အဖြစ်ပြောင်းလဲသွားတယ်
တော်ဝင်နောင် (MasK.)