ေနျပည္ေတာ္ အၾကမ္းဖက္စစ္ေကာင္စီ၏ ၿငိမ္းခ်မ္းေရး ေထာက္ခံပြဲႏွင့္ ျပည္ပ စြက္ဖက္မႈ ရႈတ္ခ်ပြဲ လူတန္းစီေနစဥ္ ဗုံး ၂ လုံးေပါက္ကြဲ၊ ႀကံ့ဖြတ္အမ်ားဆုံးတက္
ရန္ကုန္၊ ေမ ၁၆
ေနျပည္ေတာ္တြင္ ယေန႔ နံနက္ပိုင္း အၾကမ္းဖက္စစ္ေကာင္စီက စီစဥ္က်င္းပသည့္ ၿငိမ္းခ်မ္းေရးေထာက္ခံပြဲႏွင့္ ျပည္ပစြက္ဖက္မႈ ရႈတ္ခ်ပြဲအတြက္ လူစုေဆာင္း တန္းစီေနစဥ္ ဗုံးေပါက္ကြဲေၾကာင္း ေဒသခံမ်ားႏွင့္ ေနျပည္ေတာ္ သတင္းရင္းျမစ္Naypyi Taw Revolution News-NRNက သတင္းေဖာ္ျပသည္။
ေမလ ၁၆ ရက္ေန႔ နံနက္ ၇ နာရီ ၃၀ မိနစ္အခ်ိန္ ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္ရွိ ရန္ေအာင္ျမင္ႏွင့္ လယ္ေဝးၿမိဳ႕နယ္ၾကားတြင္ရွိေသာ အမ်ိဳးသမီးေရးရာဌာနေရွ႕တြင္ အၾကမ္းဖက္စစ္တပ္ေထာက္ခံပြဲအတြက္ ႀကံ့ဖြတ္အမာခံမ်ား လူစုၿပီးစီတန္းေနစဥ္ ဗုံး ၂ လုံးေဖာက္ကြဲခဲ့ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။
“ဗုံးေပါက္တာေတာ့ ၾကားတယ္။ အသံဗုံးလို႔လည္းေျပာတယ္။ လူထိ၊ မထိ မသိဘူး။ စစ္တပ္ေထာက္ခံပြဲေတာ့ မပ်က္ဘူး။ အဲဒီပြဲ လုပ္သြားတာ ဟုတ္တယ္” ဟုေဒသခံတစ္ဦးက ေျပာသည္။
အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ၿငိမ္းခ်မ္းေရး လမ္းစဥ္ ေထာ က္ခံပြဲႏွင့္ ျပည္ပ စြက္ဖက္မႈ ဆန႔္က်င္ေရးပြဲမ်ားကို တစ္ႏိုင္ငံလုံးအတိုင္း အတာျဖင့္ ျပဳလုပ္ရန္ရွိေနၿပီး ယေန႔ ေနျပည္ေတာ္တြင္ ပထမဆုံး ပြဲထြက္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း၊ အဓိက အားျဖင့္ ႀကံ့ဖြတ္ပါတီဝင္မ်ားက ဦး ေဆာင္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပုံ- ေနျပည္ေတာ္တြင္ ယေန႔ နံနက္က်င္းပသည့္ စစ္တပ္၏ ၿငိမ္းခ်မ္းေရး လမ္းစဥ္ ေထာက္ခံပြဲ။
နေပြည်တော် အကြမ်းဖက်စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ထောက်ခံပွဲနှင့် ပြည်ပ စွက်ဖက်မှု ရှုတ်ချပွဲ လူတန်းစီနေစဉ် ဗုံး ၂ လုံးပေါက်ကွဲ၊ ကြံ့ဖွတ်အများဆုံးတက်
ရန်ကုန်၊ မေ ၁၆
နေပြည်တော်တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးထောက်ခံပွဲနှင့် ပြည်ပစွက်ဖက်မှု ရှုတ်ချပွဲအတွက် လူစုဆောင်း တန်းစီနေစဉ် ဗုံးပေါက်ကွဲကြောင်း ဒေသခံများနှင့် နေပြည်တော် သတင်းရင်းမြစ်Naypyi Taw Revolution News-NRNက သတင်းဖော်ပြသည်။
မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိသော အမျိုးသမီးရေးရာဌာနရှေ့တွင် အကြမ်းဖက်စစ်တပ်ထောက်ခံပွဲအတွက် ကြံ့ဖွတ်အမာခံများ လူစုပြီးစီတန်းနေစဉ် ဗုံး ၂ လုံးဖောက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဗုံးပေါက်တာတော့ ကြားတယ်။ အသံဗုံးလို့လည်းပြောတယ်။ လူထိ၊ မထိ မသိဘူး။ စစ်တပ်ထောက်ခံပွဲတော့ မပျက်ဘူး။ အဲဒီပွဲ လုပ်သွားတာ ဟုတ်တယ်” ဟုဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး လမ်းစဉ် ထော က်ခံပွဲနှင့် ပြည်ပ စွက်ဖက်မှု ဆန့်ကျင်ရေးပွဲများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြုလုပ်ရန်ရှိနေပြီး ယနေ့ နေပြည်တော်တွင် ပထမဆုံး ပွဲထွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဓိက အားဖြင့် ကြံ့ဖွတ်ပါတီဝင်များက ဦး ဆောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- နေပြည်တော်တွင် ယနေ့ နံနက်ကျင်းပသည့် စစ်တပ်၏ ငြိမ်းချမ်းရေး လမ်းစဉ် ထောက်ခံပွဲ။