Local News

ေခတ္ပ်က္ႀကီးထဲလူမဆန္တဲ့ေကာင္ေတြ မ်ားလာၿပီအသြားအလာဆင္ျခင္ၾကပါ

ေခတ္ပ်က္ႀကီးထဲလူမဆန္တဲ့ေကာင္ေတြ မ်ားလာၿပီအသြားအလာဆင္ျခင္ၾကပါ

အားလုံးသတိထားသြားလာၾကရေအာင္ပါ စေနေန႔ညေနက အိမ္ရွင္နဲ႔ပြဲစားရယ္ အိမ္ငွားမယ့္အမ်ိဳးသားသုံးေယာက္ေလာက္ရယ္ ညီမတို႔အိမ္ကိုေရာက္လာၿပီး ၆လခ်ဳပ္ထပ္မခ်ဳပ္နိုင္ရင္ ေျပာင္းေပးဖို႔ေျပာပါတယ္။

အဲ့ဒါနဲ႔ ဒီလအတြက္အသုံးစရိတ္ေတာင္အနိုင္နိုင္ပို႔ရမယ့္ အေဖက သူ႔အလုပ္ထဲကလူေတြဆီကေန ေတာင္းေတာင္းပန္ပန္နဲ႔ လွည့္ပတ္ေခ်းငွားၿပီး တနယ္တေက်းကေန မရရ ေအာင္ပို႔ေပးလိုက္တယ္။ အဲ့ပိုက္ဆံေလးကို ဒီေန႔ညေန ၄နာရီေလာက္ကညီမတို႔ေျမးဖြားႏွစ္ေယာက္သြားထုတ္ၾကတယ္။

ေငြထုတ္ၿပီး #ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ #၇၇ရက္ကြက္ #ျမနႏၵာလမ္းအတိုင္း လမ္းေလၽွာက္ၿပီးျပန္လာခဲ့ၾကတာပါ အဲ့မွာအဖြားက ညစာအတြက္ အိမ္ေရာက္မွခ်က္ျပဳတ္ရင္ မွီမွာမဟုတ္ေတာ့လို႔ ဟင္းတစ္ခါထဲဝယ္သြားရေအာင္ဆိုၿပီး ထမင္းဆိုင္ဘက္ကလွည့္ျပန္ဖို႔လမ္းအခ်ိဳးတိုင္းဝင္သြားလိုက္ၾကတယ္။

ေျမးဖြားႏွစ္ေယာက္စကားတေျပာေျပာနဲ႔သြားေနတုန္း ညီမတို႔အေနာက္ကေန ဆိုင္ကယ္တစ္စီးနဲ႔ေက်ာ္တက္သြားတယ္ ေယာက်္ားႏွစ္ေယာက္ပါတယ္ ေရွ႕ကတစ္ေယာက္ေမာင္းတယ္ ေနာက္မွတစ္ေယာက္ထိုင္တာ။ ညီမတို႔လည္းအမႈ႔မဲ့ အမွတ္မဲ့ပဲ ကိုယ့္လမ္းကိုယ္သြားေနတာေပါ့။

ခပ္လွမ္းလွမ္းေရာက္မွာ အေနာက္ကထိုင္တဲ့လူက အဖြားလက္ထဲက အိတ္ကိုျမင္သြားတယ္ထင္ပါတယ္ ေရွ႕ကလူကိုအခ်က္ျပၿပီး ဆိုင္ကယ္ကိုျပန္ေကြ႕ခ်လာတယ္။ ညီမလည္း ပိုက္ဆံပါလာတာကိုသတိရၿပီးစိတ္မခ်ျဖစ္တာနဲ႔ အဖြားလက္ထဲကအိတ္ကို ေတာင္းယူၿပီး လက္ထဲက်စ္က်စ္ပါေအာင္ကိုင္ထားလိုက္တယ္

ၿပီးေတာ့အဖြားကိုလည္း ေနရာခ်င္းခ်ိန္းၿပီး လမ္းေဘးဘက္ကိုထားလိုက္တယ္။ ထင္တဲ့အတိုင္းပါပဲ ျပန္လွည့္လာတဲ့ဆိုင္ကယ္က ညီမတို႔ေဘးေရာက္ေတာ့ထိုးရပ္ၿပီး အေနာက္ကေကာင္က အိတ္ကိုေျပးဆင္းၿပီးလုတယ္။

အဲ့ခ်ိန္မွာ ဆိုင္ကယ္ေမာင္းတဲ့ေကာင္က အသင့္ေမာင္းေျပးလို႔ရေအာင္ထင္ပါတယ္ ဆိုင္ကယ္ကိုတစ္ပတ္ျပန္ေကြ႕တယ္။ ညီမလည္း အိမ္လခခ်ဳပ္ရမယ့္ပိုက္ဆံလည္းျဖစ္ ေနာက္တစ္ခါျပန္ရွာဖို႔လည္းမလြယ္ေတာ့ စိတ္ေဇာနဲ႔ မရရေအာင္ျပန္ဆြဲထားတာ။

အတင္းျပန္ဆြဲထားၿပီး ပတ္ဝန္းက်င္ကိုေအာ္ဟစ္ၿပီးအကူညီေတာင္းတယ္ စိတ္ကလြတ္သြားေတာ့ အဲ့ေကာင္ေတြကိုလည္း ေျပာမိေျပာရာေတြ ေအာ္ေျပာမိတာ။ အဖြားကလည္း အဲ့ေကာင္လက္ကိုကိုင္ၿပီး မလုပ္ၾကပါနဲ႔သားတို႔ရယ္ဘာညာနဲ႔

တဖြဖြေတာင္းပန္ေနတာေပါ့။ အဲ့ဒါကိုအဲ့ေကာင္က အဖြားကိုေဆာင့္တြန္းၿပီး ညီမကိုထိုးပါတယ္ ညာဖက္ မ်က္လုံးနားကို ၄ခ်က္ ၅ခ်က္ေလာက္ ဆင့္ၿပီးထိုးပါတယ္ ႏႈတ္ခမ္းကိုလည္းထိပါတယ္။ အဲ့မွာ ညီမလည္းအရွိန္နဲ႔ဆိုေတာ့ ေျမျပင္ေပၚ အ႐ုပ္ႀကိဳးျပတ္လဲက်သြားတာပဲ။

အဖြားကလည္း အဲ့ေကာင္တြန္းလိုက္လို႔ဖင္ထိုင္ရပ္က်ၿပီး လူႀကီးဆိုေတာ့ျပန္မထနိုင္ဘဲ ေျမျပင္ေပၚမွာထိုင္ရပ္ေလး ေတာင္းပန္ေနရတယ္။ ညီမလက္ထဲကအိတ္ကိုလည္း အဲ့ေကာင္ရသြားၿပီ။အဲ့ဒါကို မေက်နပ္နိုင္ေသးဘဲ လဲေနတဲ့ညီမကို ဆဲဆိုၿပီး ေျခေထာက္နဲ႔ နံရိုးဘက္ျခမ္းကို ထပ္ကန္ပါတယ္။

၅ခ်က္ေလာက္ကန္ၿပီးမွ ဆိုင္ကယ္ေပၚကေကာင္က လွမ္းေခၚလို႔ ဆိုင္ကယ္ေပၚေျပးတက္ၿပီး ေမာင္းထြက္သြားပါတယ္။ အျဖစ္ပ်က္က စကၠန႔္ပိုင္းအတြင္းမွာ ျမန္ျမန္ဆန္ဆန္ကိုျဖစ္ပ်က္သြားတာပါ။

ညီမလည္းေသြးပူေနေတာ့ နာရေကာင္းမွန္းမသိဘူး အတင္းကုန္းထ ေအာ္ဟစ္အကူညီေတာင္းၿပီး ေျပးလိုက္မိေသးတယ္ ၄နာရီပဲရွိေသးေတာ့ လမ္းေပၚမွာလူသိပ္မထြက္ၾကေသးဘူးထင္ပါတယ္ အကူညီေပးမယ့္လူလည္းမရွိေတာ့ ဘယ္လိုမွလိုက္လို႔မရေတာ့ပါဘူး။

အဲ့ဒါနဲ႔ပဲ အဖြားဆီျပန္သြား အဖြားကိုတြဲထူၿပီး အကူညီေတာင္းဖို႔ လမ္းသြားလမ္းလာ ကိုေစာင့္ေနလိုက္တယ္။ ခဏေလာက္ၾကာမွ ဆိုင္ကယ္တစ္စီးနဲ႔ အကိုႀကီးတစ္ေယာက္ အဲ့နားကျဖတ္လာလို႔ အေၾကာင္းစုံရွင္းျပၿပီး အကူညီေတာင္းေတာ့ အဲ့အကိုႀကီးက ေဆးခန္းပါလိုက္ပို႔ေပးဖို႔လုပ္ပါတယ္

ညီမလည္းဆိုးဆိုးရြားရြား ထိခိုက္တာသိပ္မရွိလို႔ ေဆးခန္းမသြားေတာ့ဘဲ အိမ္ကိုပဲျပန္ပို႔ေပးခိုင္းခဲ့ပါတယ္။ အဖြားကလည္းတစ္လမ္းလုံးငိုယို ၿပီးေသြးေပါင္ေတြလည္းတက္လာလို႔ အိမ္ေရာက္မွေဆးခန္းတစ္ခါျပန္သြားလိုက္ရေသးတယ္။ အိတ္ထဲထည့္ထားတဲ့ အိမ္စာခ်ဳပ္ခ်ဳပ္ဖို႔(၆)သိန္းနဲ႔

ဒီလအတြက္အသုံးစရိတ္ (၁)သိန္း (၂)ေသာင္းေက်ာ္ေလာက္ အားလုံးေပါင္း (၇)သိန္းေက်ာ္ ပါသြားပါတယ္ရွင္။ သူတပါး ပစၥည္းဥစၥာကို မတရားတဲ့နည္းလမ္း ေအာက္တန္းက်တဲ့စိတ္ဓာတ္ေတြနဲ႔ အတင္းအဓၶမ လုယူၿပီးရလာတဲ့ပိုက္ဆံေတြ နင္တို႔ဘယ္ေလာက္စားနိုင္မလဲ စားစမ္းပါ ငါတို႔ေမတၱာပို႔ေပးေနပါတယ္

အဖြားကလည္းေမတၱာပို႔ေပးေနပါတယ္ ငါတို႔ခံရသလိုမခံရပါေစနဲ႔ နင္တို႔ေတြ။ ဒီလိုအခ်ိန္မ်ိဳးကိုမွ အခြင့္ေကာင္းယူၿပီး လုပ္စားရက္တဲ့ေကာင္ေတြေနရာတိုင္းမွာရွိပါတယ္ သတိနဲ႔သြားလာၾကပါ ညီမတို႔လည္း ဘာဆက္လုပ္ရမလဲဆိုတာမသိေတာ့ဘူး ကိုယ္ထမင္းမငတ္ဖို႔အတြက္နဲ႔ သူတပါးဒုကၡကိုမငဲ့တဲ့လူေတြအမ်ားႀကီးရွိပါတယ္ အသြားအလာဆင္ျခင္ၾကပါCredit

ခေတ်ပျက်ကြီးထဲလူမဆန်တဲ့ကောင်တွေ များလာပြီအသွားအလာဆင်ခြင်ကြပါ

အားလုံးသတိထားသွားလာကြရအောင်ပါ စနေနေ့ညနေက အိမ်ရှင်နဲ့ပွဲစားရယ် အိမ်ငှားမယ့်အမျိုးသားသုံးယောက်လောက်ရယ် ညီမတို့အိမ်ကိုရောက်လာပြီး ၆လချုပ်ထပ်မချုပ်နိုင်ရင် ပြောင်းပေးဖို့ပြောပါတယ်။

အဲ့ဒါနဲ့ ဒီလအတွက်အသုံးစရိတ်တောင်အနိုင်နိုင်ပို့ရမယ့် အဖေက သူ့အလုပ်ထဲကလူတွေဆီကနေ တောင်းတောင်းပန်ပန်နဲ့ လှည့်ပတ်ချေးငှားပြီး တနယ်တကျေးကနေ မရရ အောင်ပို့ပေးလိုက်တယ်။ အဲ့ပိုက်ဆံလေးကို ဒီနေ့ညနေ ၄နာရီလောက်ကညီမတို့မြေးဖွားနှစ်ယောက်သွားထုတ်ကြတယ်။

ငွေထုတ်ပြီး #ဒဂုံဆိပ်ကမ်းမြို့နယ် #၇၇ရက်ကွက် #မြနန္ဒာလမ်းအတိုင်း လမ်းလျှောက်ပြီးပြန်လာခဲ့ကြတာပါ အဲ့မှာအဖွားက ညစာအတွက် အိမ်ရောက်မှချက်ပြုတ်ရင် မှီမှာမဟုတ်တော့လို့ ဟင်းတစ်ခါထဲဝယ်သွားရအောင်ဆိုပြီး ထမင်းဆိုင်ဘက်ကလှည့်ပြန်ဖို့လမ်းအချိုးတိုင်းဝင်သွားလိုက်ကြတယ်။

မြေးဖွားနှစ်ယောက်စကားတပြောပြောနဲ့သွားနေတုန်း ညီမတို့အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ကျော်တက်သွားတယ် ယောကျ်ားနှစ်ယောက်ပါတယ် ရှေ့ကတစ်ယောက်မောင်းတယ် နောက်မှတစ်ယောက်ထိုင်တာ။ ညီမတို့လည်းအမှု့မဲ့ အမှတ်မဲ့ပဲ ကိုယ့်လမ်းကိုယ်သွားနေတာပေါ့။

ခပ်လှမ်းလှမ်းရောက်မှာ အနောက်ကထိုင်တဲ့လူက အဖွားလက်ထဲက အိတ်ကိုမြင်သွားတယ်ထင်ပါတယ် ရှေ့ကလူကိုအချက်ပြပြီး ဆိုင်ကယ်ကိုပြန်ကွေ့ချလာတယ်။ ညီမလည်း ပိုက်ဆံပါလာတာကိုသတိရပြီးစိတ်မချဖြစ်တာနဲ့ အဖွားလက်ထဲကအိတ်ကို တောင်းယူပြီး လက်ထဲကျစ်ကျစ်ပါအောင်ကိုင်ထားလိုက်တယ်

ပြီးတော့အဖွားကိုလည်း နေရာချင်းချိန်းပြီး လမ်းဘေးဘက်ကိုထားလိုက်တယ်။ ထင်တဲ့အတိုင်းပါပဲ ပြန်လှည့်လာတဲ့ဆိုင်ကယ်က ညီမတို့ဘေးရောက်တော့ထိုးရပ်ပြီး အနောက်ကကောင်က အိတ်ကိုပြေးဆင်းပြီးလုတယ်။

အဲ့ချိန်မှာ ဆိုင်ကယ်မောင်းတဲ့ကောင်က အသင့်မောင်းပြေးလို့ရအောင်ထင်ပါတယ် ဆိုင်ကယ်ကိုတစ်ပတ်ပြန်ကွေ့တယ်။ ညီမလည်း အိမ်လခချုပ်ရမယ့်ပိုက်ဆံလည်းဖြစ် နောက်တစ်ခါပြန်ရှာဖို့လည်းမလွယ်တော့ စိတ်ဇောနဲ့ မရရအောင်ပြန်ဆွဲထားတာ။

အတင်းပြန်ဆွဲထားပြီး ပတ်ဝန်းကျင်ကိုအော်ဟစ်ပြီးအကူညီတောင်းတယ် စိတ်ကလွတ်သွားတော့ အဲ့ကောင်တွေကိုလည်း ပြောမိပြောရာတွေ အော်ပြောမိတာ။ အဖွားကလည်း အဲ့ကောင်လက်ကိုကိုင်ပြီး မလုပ်ကြပါနဲ့သားတို့ရယ်ဘာညာနဲ့

တဖွဖွတောင်းပန်နေတာပေါ့။ အဲ့ဒါကိုအဲ့ကောင်က အဖွားကိုဆောင့်တွန်းပြီး ညီမကိုထိုးပါတယ် ညာဖက် မျက်လုံးနားကို ၄ချက် ၅ချက်လောက် ဆင့်ပြီးထိုးပါတယ် နှုတ်ခမ်းကိုလည်းထိပါတယ်။ အဲ့မှာ ညီမလည်းအရှိန်နဲ့ဆိုတော့ မြေပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားတာပဲ။

အဖွားကလည်း အဲ့ကောင်တွန်းလိုက်လို့ဖင်ထိုင်ရပ်ကျပြီး လူကြီးဆိုတော့ပြန်မထနိုင်ဘဲ မြေပြင်ပေါ်မှာထိုင်ရပ်လေး တောင်းပန်နေရတယ်။ ညီမလက်ထဲကအိတ်ကိုလည်း အဲ့ကောင်ရသွားပြီ။အဲ့ဒါကို မကျေနပ်နိုင်သေးဘဲ လဲနေတဲ့ညီမကို ဆဲဆိုပြီး ခြေထောက်နဲ့ နံရိုးဘက်ခြမ်းကို ထပ်ကန်ပါတယ်။

၅ချက်လောက်ကန်ပြီးမှ ဆိုင်ကယ်ပေါ်ကကောင်က လှမ်းခေါ်လို့ ဆိုင်ကယ်ပေါ်ပြေးတက်ပြီး မောင်းထွက်သွားပါတယ်။ အဖြစ်ပျက်က စက္ကန့်ပိုင်းအတွင်းမှာ မြန်မြန်ဆန်ဆန်ကိုဖြစ်ပျက်သွားတာပါ။

ညီမလည်းသွေးပူနေတော့ နာရကောင်းမှန်းမသိဘူး အတင်းကုန်းထ အော်ဟစ်အကူညီတောင်းပြီး ပြေးလိုက်မိသေးတယ် ၄နာရီပဲရှိသေးတော့ လမ်းပေါ်မှာလူသိပ်မထွက်ကြသေးဘူးထင်ပါတယ် အကူညီပေးမယ့်လူလည်းမရှိတော့ ဘယ်လိုမှလိုက်လို့မရတော့ပါဘူး။

အဲ့ဒါနဲ့ပဲ အဖွားဆီပြန်သွား အဖွားကိုတွဲထူပြီး အကူညီတောင်းဖို့ လမ်းသွားလမ်းလာ ကိုစောင့်နေလိုက်တယ်။ ခဏလောက်ကြာမှ ဆိုင်ကယ်တစ်စီးနဲ့ အကိုကြီးတစ်ယောက် အဲ့နားကဖြတ်လာလို့ အကြောင်းစုံရှင်းပြပြီး အကူညီတောင်းတော့ အဲ့အကိုကြီးက ဆေးခန်းပါလိုက်ပို့ပေးဖို့လုပ်ပါတယ်

ညီမလည်းဆိုးဆိုးရွားရွား ထိခိုက်တာသိပ်မရှိလို့ ဆေးခန်းမသွားတော့ဘဲ အိမ်ကိုပဲပြန်ပို့ပေးခိုင်းခဲ့ပါတယ်။ အဖွားကလည်းတစ်လမ်းလုံးငိုယို ပြီးသွေးပေါင်တွေလည်းတက်လာလို့ အိမ်ရောက်မှဆေးခန်းတစ်ခါပြန်သွားလိုက်ရသေးတယ်။ အိတ်ထဲထည့်ထားတဲ့ အိမ်စာချုပ်ချုပ်ဖို့(၆)သိန်းနဲ့

ဒီလအတွက်အသုံးစရိတ် (၁)သိန်း (၂)သောင်းကျော်လောက် အားလုံးပေါင်း (၇)သိန်းကျော် ပါသွားပါတယ်ရှင်။ သူတပါး ပစ္စည်းဥစ္စာကို မတရားတဲ့နည်းလမ်း အောက်တန်းကျတဲ့စိတ်ဓာတ်တွေနဲ့ အတင်းအဓ္ဓမ လုယူပြီးရလာတဲ့ပိုက်ဆံတွေ နင်တို့ဘယ်လောက်စားနိုင်မလဲ စားစမ်းပါ ငါတို့မေတ္တာပို့ပေးနေပါတယ်

အဖွားကလည်းမေတ္တာပို့ပေးနေပါတယ် ငါတို့ခံရသလိုမခံရပါစေနဲ့ နင်တို့တွေ။ ဒီလိုအချိန်မျိုးကိုမှ အခွင့်ကောင်းယူပြီး လုပ်စားရက်တဲ့ကောင်တွေနေရာတိုင်းမှာရှိပါတယ် သတိနဲ့သွားလာကြပါ ညီမတို့လည်း ဘာဆက်လုပ်ရမလဲဆိုတာမသိတော့ဘူး ကိုယ်ထမင်းမငတ်ဖို့အတွက်နဲ့ သူတပါးဒုက္ခကိုမငဲ့တဲ့လူတွေအများကြီးရှိပါတယ် အသွားအလာဆင်ခြင်ကြပါCredit