Local News

(၃)ကြိမ်မိုးကြိုးခခဲ့တဲ့ ကျိုက်ထီးရိုးစေတီတော်မြတ်၏ ကျောက်လုံးတော်နားမှာ အချိန်နဲ့တိုက်ဆိုင်တဲ့ မိုးကြိုးစက်ကွင်းရှိနေတာလား



– 2015

– 2019

– ယခု 2022









Crd- ဇင်မိုး16.5.2022

အချိန်နဲ့တိုက်ဆိုင်တဲ့ မိုးကြိုးစက်ကွင်းရှိနေတာလား ယနေ့မနက်ပိုင်း ကျိုက်ထီးရိုးစေတီတော်မြတ်၏ ကျောက် လုံးတော် မိုးကြိုးစက်ကွင်းခ၍ ရွှေပြားများ ကွာကျခဲ့တဲ့ သတင်းကတော့ အားလုံးသိပြီးသား ဖြစ်နေပါပြီး။

အားလုံးမသိတဲ့အချက်က ခုလို စက်ကွင်းထိတာ ဒီတကြိမ် ထဲမဟုတ်ပါဘူး။

– 2015

– 2019

– ယခု 2022

မှတ်မိသမျှ စုစုပေါင်း (၃)ကြိမ် ရှိပြီးဖြစ်သလို

ယခုလိုမျိုး မေလ (၁၅)ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာ ရွာပြီး စက်ကွင်းထိခဲ့ကာ ယခုလိုပဲကျောက်တုံးမှာ ကပ်ထားတဲ့ ရွှေဆိုင်းများ ကွာကျခဲ့တာပါပ။

2015 မှာ ရွှေ တပိသာကျော်ခန့် ကွာကျခဲ့ပါတယ်။

2019 မှာ ရွှေ ခုနှစ်ပိသာကျော်ခန့် ကွာကျခဲ့ပါတယ်။

ယခု 2022 မှာတော့ ရွှေ ဘယ်လောက် ကွာကျသွားမှန်း မသိရသေးပါဘူး။

ပုံတွေကတော့ ယနေ့ နံနက်ပိုင်း မိုးကြိုးစက်ကွင်းထိခဲ့တဲ့ ကျိုက်ထီးရိုးဘုရားပုံတွေနဲ့ 2019 တုန်းက ထိမှန်ခဲ့တဲ့ ပုံတွေပါ။

မိမိတို့ရဲ့ ယုံကြည်ချက် ခံယူချက်တွေအပေါ်မူတည်ပြီး သိပ္ပံနည်းနဲ့ တွေးလို့ရသလို ဝိဇ္ဇာနည်းနဲ့လဲတွေးလို့ရပေမဲ့

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်က ဘာမှ မဖြစ် သွားပဲ ပုံမှန်အတိုင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ထားရာ စေတီတော်မြတ်အဖြစ် တည်ရှိနေဦးမှာပါ

Crd- ဇင်မိုး16.5.2022