Local News

ေနအိမ္တစ္အိမ္ကို ဓားျပတိုက္လာသည့္ ဓားျပမ်ား ယာဥ္တိုက္မႈျဖစ္ၿပီး ေရႊေငြမ်ားႏွင့္ ၎တို႔၏ ကားကိုထားၿပီးထြက္ေျပးသြား

မူဆယ္ၿမိဳ႕တြင္းရွိ ေနအိမ္တစ္အိမ္ကို ဓားျပတိုက္လာသည့္ ဓားျပမ်ား ယာဥ္တိုက္မႈျဖစ္ၿပီး လုယက္လာသည့္ ေရႊေငြမ်ားႏွင့္ ၎တို႔၏ ကားကိုထားၿပီးထြက္ေျပးသြား

16 May 2022 (10:05 AM)

၂၀၂၂ ခုႏွစ္ ေမလ (၁၅) ရက္ေန႔ ည (၇) နာရီ ဝန္းက်င္ခန႔္တြင္ သၽွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ ပင္လုံရပ္ကြက္သစ္ရွိ တ႐ုတ္မိသားစုအိမ္တစ္အိမ္ကို ေသနတ္ကိုင္ေဆာင္ထားေသာ ဓားၿပ (၂) ဦးမွ ေငြေၾကးမ်ားဝင္ေရာက္လုယက္သြားေၾကာင္း သိရပါသည္။

ဓားျပေတြက ပင္လုံရပ္ကြက္သစ္ဘက္က တ႐ုတ္အိမ္တစ္အိမ္ကို ဓားျပဝင္တိုက္တယ္။ ၿပီးေတာ့ ေရႊေငြေတြယူၿပီး ထြက္ေျပးလာတဲ့အခ်ိန္ ျဖစ္ခ်င္ေတာ့ လမ္းမွာယာဥ္တိုက္မႈျဖစ္ၿပီး သူတို႔ကားေတြလည္း စုတ္ျပတ္သြားတယ္။

အဲ့ဓားၿပ (၂) ေယာက္လည္း သူတို႔ကားကို ထားၿပီးထြက္ေျပးသြားၾကတယ္။ ကားေပၚမွာ သူတို႔ ေသနတ္ေတြနဲ႔ ဖုန္းေတြေရာ ဓားျပတိုက္လာၾကတဲ့ ေရႊေငြေတြပါ ထားၿပီး ထြက္ေျပးသြားၾကတယ္။ ဟု မူဆယ္ၿမိဳ႕ေဒသခံတစ္ဦးက ေျပာျပပါသည္။

ေရႊ ေငြ ပစၥည္းမ်ားကို ဓားျပတိုက္ခံရေသာ အိမ္ရွင္ထံ ျပန္လည္ေပးအပ္ၿပီးျဖစ္ေၾကာင္း၊ ဓားၿပ (၂) ဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရပါသည္။

၂၀၂၂ ခုႏွစ္ ေမလ (၁၀) ရက္ေန႔တြင္လည္း မူဆယ္ၿမိဳ႕တြင္းရွိ ဖုန္းဆိုင္တစ္ဆိုင္ကို ေသနတ္ကိုင္ေဆာင္ထားေသာ ဓားၿပ (၄) ဦးမွ ဓားျပဝင္တိုက္ခဲ့ၿပီး ေငြက်ပ္သိန္း (၁ ေထာင္) ေက်ာ္ ပါသြားၿပီး

အဆိုပါ ဓားၿပ (၄) ဦး မွ (၃) ဦးကို ဖမ္းဆီးရမိထားၿပီး ပစၥည္းမ်ားလည္း ၃ ပုံ ၁ ပုံ ျပန္လည္ရရွိၿပီျဖစ္ေၾကာင္း သိရပါသည္။ Crd- Hsan Loi Voice

မူဆယ်မြို့တွင်းရှိ နေအိမ်တစ်အိမ်ကို ဓားပြတိုက်လာသည့် ဓားပြများ ယာဉ်တိုက်မှုဖြစ်ပြီး လုယက်လာသည့် ရွှေငွေများနှင့် ၎င်းတို့၏ ကားကိုထားပြီးထွက်ပြေးသွား

16 May 2022 (10:05 AM)

၂၀၂၂ ခုနှစ် မေလ (၁၅) ရက်နေ့ ည (၇) နာရီ ဝန်းကျင်ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ပင်လုံရပ်ကွက်သစ်ရှိ တရုတ်မိသားစုအိမ်တစ်အိမ်ကို သေနတ်ကိုင်ဆောင်ထားသော ဓားပြ (၂) ဦးမှ ငွေကြေးများဝင်ရောက်လုယက်သွားကြောင်း သိရပါသည်။

ဓားပြတွေက ပင်လုံရပ်ကွက်သစ်ဘက်က တရုတ်အိမ်တစ်အိမ်ကို ဓားပြဝင်တိုက်တယ်။ ပြီးတော့ ရွှေငွေတွေယူပြီး ထွက်ပြေးလာတဲ့အချိန် ဖြစ်ချင်တော့ လမ်းမှာယာဉ်တိုက်မှုဖြစ်ပြီး သူတို့ကားတွေလည်း စုတ်ပြတ်သွားတယ်။

အဲ့ဓားပြ (၂) ယောက်လည်း သူတို့ကားကို ထားပြီးထွက်ပြေးသွားကြတယ်။ ကားပေါ်မှာ သူတို့ သေနတ်တွေနဲ့ ဖုန်းတွေရော ဓားပြတိုက်လာကြတဲ့ ရွှေငွေတွေပါ ထားပြီး ထွက်ပြေးသွားကြတယ်။ ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောပြပါသည်။

ရွှေ ငွေ ပစ္စည်းများကို ဓားပြတိုက်ခံရသော အိမ်ရှင်ထံ ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်း၊ ဓားပြ (၂) ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါသည်။

၂၀၂၂ ခုနှစ် မေလ (၁၀) ရက်နေ့တွင်လည်း မူဆယ်မြို့တွင်းရှိ ဖုန်းဆိုင်တစ်ဆိုင်ကို သေနတ်ကိုင်ဆောင်ထားသော ဓားပြ (၄) ဦးမှ ဓားပြဝင်တိုက်ခဲ့ပြီး ငွေကျပ်သိန်း (၁ ထောင်) ကျော် ပါသွားပြီး

အဆိုပါ ဓားပြ (၄) ဦး မှ (၃) ဦးကို ဖမ်းဆီးရမိထားပြီး ပစ္စည်းများလည်း ၃ ပုံ ၁ ပုံ ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရပါသည်။ Crd- Hsan Loi Voice