သမိုင္းလမ္းဆုံးရွိ စစ္ေကာင္စီစခန္းပစ္ခတ္ခံရ၊ ပစ္ခတ္မႈအၿပီး လူနာတင္ကားမ်ားေရာက္ရွိေန
ရန္ကုန္၊ ေမ (၁၇)
လူငယ့္ေခတ္
ရန္ကုန္၊ မရမ္းကုန္းၿမိဳ႕နယ္ သမိုင္းလမ္းဆုံရွိ စစ္ေကာင္စီလက္ပါးေစမ်ားတပ္စြဲထားသည့္စခန္း ယေန႔ ေန႔လယ္ (၁၂) နာရီဝန္းက်င္က ပစ္ခံခဲ့ခဲ့ရေၾကာင္း ကိုယ္တိုင္ႀကဳံေတြ႕ခဲ့သူမ်ားက လူငယ့္ေခတ္သို႔ ေျပာသည္။
“သမိုင္းလမ္းဆုံက စစ္ေခြးဘန္ကာ(ခံတပ္)ကို PDF ေတြ လာပစ္တာ၊ ေသနတ္နဲ႔ေရာ ဗုံးေတြနဲ႔ေရာပါတယ္။ ဘန္ကာထဲကလဲ ျပန္ပစ္တယ္။ အဲဒီနားကေန အျမန္ထြက္လာရလို႔ ႏွစ္ဖက္ေသတာ၊ ဒဏ္ရာရတာကို ေသခ်ာေတာ့ မေတြ႕လိုက္ရဘူး”ဟု ၎ကေျပာသည္။
လက္ရွိအခ်ိန္၌ သမိုင္းလမ္းဆုံမွ အင္းစိန္လမ္းဘက္ျခမ္းကို အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားက လမ္းပိတ္စစ္ေဆးေနၿပီး လူနာတင္ကားအမ်ားအျပားလည္း ေရာက္ရွိေနေၾကာင္း သိရသည္။
“အပစ္ခံရတဲ့ဘန္ကာနားမွာ စစ္ေခြး(စစ္ေကာင္စီတပ္သား) ကားေတြေရာ၊ လူနာတင္ကားေတြေရာ အမ်ားႀကီးေရာက္ၿပီး လမ္းပိတ္ထားတယ္။ ဘန္ကာထဲကေကာင္ေတြ ထိသြားတယ္နဲ႔တူတယ္။ အင္းစိန္လမ္းအတိုင္း လူနာတင္ကား သုံး၊ ေလးစီး ထြက္သြားတယ္”ဟု မ်က္ျမင္ေတြ႕ခဲ့တဲ့သူတစ္ဦးက ေျပာသည္။
ေနာက္ဆုံးရအခ်က္အလက္မ်ားအရ ေတာ္ဝင္လမ္းမွ ျပည္လမ္းအထြက္၊ သမိုင္းလမ္းဆုံမွ အင္းစိန္လမ္းဘက္အသြာ၊ မင္းဓမၼလမ္းမွ က်ိဳက္ဝိုင္းဘက္အသြားႏွင့္ က်ိဳက္ဝိုင္းဘုရားလမ္းမွ သမိုင္းလမ္းဆုံဘက္အသြားလမ္းမ်ားကို ပိတ္ဆို႔စစ္ေနေၾကာင္း သိရသည္။
ဓာတ္ပုံ – သမိုင္းလမ္းဆုံအနီးရွိ စစ္တပ္၏ခံတပ္စခန္းတစ္ခု/ လူငယ့္ေခတ္
သမိုင်းလမ်းဆုံးရှိ စစ်ကောင်စီစခန်းပစ်ခတ်ခံရ၊ ပစ်ခတ်မှုအပြီး လူနာတင်ကားများရောက်ရှိနေ
ရန်ကုန်၊ မေ (၁၇)
လူငယ့်ခေတ်
ရန်ကုန်၊ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ စစ်ကောင်စီလက်ပါးစေများတပ်စွဲထားသည့်စခန်း ယနေ့ နေ့လယ် (၁၂) နာရီဝန်းကျင်က ပစ်ခံခဲ့ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက လူငယ့်ခေတ်သို့ ပြောသည်။
“သမိုင်းလမ်းဆုံက စစ်ခွေးဘန်ကာ(ခံတပ်)ကို PDF တွေ လာပစ်တာ၊ သေနတ်နဲ့ရော ဗုံးတွေနဲ့ရောပါတယ်။ ဘန်ကာထဲကလဲ ပြန်ပစ်တယ်။ အဲဒီနားကနေ အမြန်ထွက်လာရလို့ နှစ်ဖက်သေတာ၊ ဒဏ်ရာရတာကို သေချာတော့ မတွေ့လိုက်ရဘူး”ဟု ၎င်းကပြောသည်။
လက်ရှိအချိန်၌ သမိုင်းလမ်းဆုံမှ အင်းစိန်လမ်းဘက်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်များက လမ်းပိတ်စစ်ဆေးနေပြီး လူနာတင်ကားအများအပြားလည်း ရောက်ရှိနေကြောင်း သိရသည်။
“အပစ်ခံရတဲ့ဘန်ကာနားမှာ စစ်ခွေး(စစ်ကောင်စီတပ်သား) ကားတွေရော၊ လူနာတင်ကားတွေရော အများကြီးရောက်ပြီး လမ်းပိတ်ထားတယ်။ ဘန်ကာထဲကကောင်တွေ ထိသွားတယ်နဲ့တူတယ်။ အင်းစိန်လမ်းအတိုင်း လူနာတင်ကား သုံး၊ လေးစီး ထွက်သွားတယ်”ဟု မျက်မြင်တွေ့ခဲ့တဲ့သူတစ်ဦးက ပြောသည်။
နောက်ဆုံးရအချက်အလက်များအရ တော်ဝင်လမ်းမှ ပြည်လမ်းအထွက်၊ သမိုင်းလမ်းဆုံမှ အင်းစိန်လမ်းဘက်အသွာ၊ မင်းဓမ္မလမ်းမှ ကျိုက်ဝိုင်းဘက်အသွားနှင့် ကျိုက်ဝိုင်းဘုရားလမ်းမှ သမိုင်းလမ်းဆုံဘက်အသွားလမ်းများကို ပိတ်ဆို့စစ်နေကြောင်း သိရသည်။
ဓာတ်ပုံ – သမိုင်းလမ်းဆုံအနီးရှိ စစ်တပ်၏ခံတပ်စခန်းတစ်ခု/ လူငယ့်ခေတ်