Articles

အၾကမ္းဖက္ စစ္ေကာင္စီႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရး AA က ထုတ္ေဖာ္ေျပာဆို

ေႏြဦး ဆိုင္းဝိုင္းႀကီး အသံစုံလာၿပီ။

အၾကမ္းဖက္ စစ္ေကာင္စီႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရး မျဖစ္ႏိုင္ဟု AA က ထုတ္ေဖာ္ေျပာဆို

By Western News – ေမ ၁၇ ရက္

စစ္ေကာင္စီဥကၠဌ မင္းေအာင္လႈိင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးလိုေၾကာင္း ၿပီးခဲ့သည့္ ဧၿပီလ ၂၂ ရက္ေန႔က ဖိတ္ေခၚထားသည္။

စစ္ေကာင္စီ​၏ ဖိတ္ေခၚမႈကို UWSA/NDAA/SSPP/RCSS/NMSP /ALP/ PNLO/DKBA/KNU-PC တို႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ ၉ဖြဲ႕ကတက္ေရာက္သြားမည္ျဖစ္ေၾကာင္း စစ္ေကာင္စီက တရားဝင္ေၾကညာထားသည္။

စစ္ေကာင္စီက လက္ရွိ ရခိုင္ျပည္နယ္တြင္ ULA/ AA​၏ အုပ္ခ်ဳပ္ေရး၊တရားစီရင္ေရးတို႔အျပင္ စစ္ေရးအရလည္း အင္အားတိုးခ်ဲ႕မႈဆက္တိုက္ရွိေနသည့္အတြက္ လက္ရွိအေျခအေနျဖင့္ စစ္ေကာင္စီႏွင့္ ေတြ႕ဆုံေႏြးေဆြးရန္မျဖစ္ႏိုင္ဟု ULA/AA​၏ေျပာေရးဆိုခြင့္ရွိသူ ဦးခိုင္သုခက Western News ကိုေျပာသည္။

“ျမန္မာစစ္တပ္ရဲ႕တပ္ဖြဲ႕ေတြက ေျမျပင္မွာ နည္းမ်ိဳးစုံနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ျပည္သူေတြကို ဒုကၡေပးဖို႔ႀကိဳးစားေနတာရွိတယ္။ ကြၽန္ေတာ္တို႔ရဲ႕ အုပ္ခ်ဳပ္ေရး တရားစီရင္ေရးေတြကို ေတာက္ေလွ်ာက္ ေႏွာင့္ယွက္ေနတာေတြရွိတယ္။ဆို​ေတာ့ ဒီဟာေတြအားလုံးဟာ ဘာတစ္ခုမွ အေကာင္းဖက္ကို ဦးတည္မေနဘူး။ တစ္ဖက္မွာလည္း သူတို႔ၿငိမ္းခ်မ္ေရး ေဆြးေႏြးဖို႔ဖိတ္ေခၚတယ္။

တစ္ဖက္ မွာလည္း ေျမျပင္မွာစစ္အင္အားေတြကိုအလုံးအရင္း တိုးခ်ဲ႕ၿပီး အခ်ိန္မေ႐ြးကြၽန္ေတာ္တို႔ကို တိုက္ခိုက္ႏိုင္တဲ့အေနအထားမွာရွိေနတယ္။ဒါေၾကာင့္ယုံၾကည္လို႔မရဘူးေပါ့။သူတို႔ရဲ႕ လုပ္ေဆာင္မႈက သူတို႔ရဲ႕စိတ္ေနသေဘာထားကိုျပတယ္။ဒါေၾကာင့္မို႔ ဒီလိုအေနအထားနဲ႔ တစ္ဖက္နဲ႔တစ္ဖက္ေတြ႕ဆုံေဆြးေႏြးဖို႔ဆိုတာမျဖစ္ႏိုင္ဘူး”ဟု ဆိုသည္။

အမွန္တကယ္ၿငိမ္းခ်မ္းေရးကိုလိုလားလွ်င္ ၿငိမ္းခ်မ္းေရးရေလာက္သည့္ အေျပာအဆို အျပဳအမူ အလုပ္ အကိုင္ကိုလုပ္ဖို႔လိုအပ္ေၾကာင္း ႏွစ္ဖက္ယုံၾကည္မႈကို တည္ေဆာက္ဖို႔လည္း လိုအပ္သည္ဟု ဆက္လက္ေျပာၾကားသည္။

ယင္းျပင္ စစ္ေကာင္စီဖက္က ရခိုင္ျပည္သူမ်ားအေပၚ ဖိႏွိပ္မႈမ်ား ရပ္တန႔္သင့္ၿပီျဖစ္ေၾကာင္း ဖိႏွိပ္မႈမ်ားဆက္ လက္လုပ္ေဆာင္ေနလွ်င္ ေျပလည္စရာအေၾကာင္းမရွိဟု ရကၡိဳင့္တပ္ေတာ္​ AA ၏ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေျပာသည္။

“ႏွစ္ဖက္ယုံၾကည္မႈကို တည္ေဆာက္တယ္ဆိုတဲ့ေနရာမွာ ကြၽန္ေတာ္တို႔ ျပည္သူေတြကို ဖိႏွိပ္ေနတာေတြကို ရပ္တန႔္ဖို႔လိုတယ္။ မရပ္တန႔္ရင္ေတာ့ ေျပလည္စရာမရွိဘူးေပါ့။ ကြၽန္ေတာ္တို႔ ေျပာလိုတာက ျမန္မာစစ္တပ္ကတပ္သားေတြအေနနဲ႔ သူတို႔တပ္စခန္းမွာ သူတို႔ေနရင္ ဘာမွမျဖစ္ဘူး။ ခုလိုအင္အားတိုးတာေတြလုပ္ေနသမွ် ကာလပတ္လုံးယုံၾကည္မႈ တည္ေဆာက္လို႔ရမွာ မဟုတ္သလို ေတြ႕ဆုံေဆြးေႏြးလို႔လည္း ရမွာမဟုတ္ဘူး”ဟုဆိုသည္။

ယင္းျပင္ လက္ရွိျဖစ္ေနသည့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးအရ ေတြ႕ဆုံေျဖရွင္းလိုသည့္ စိတ္ေနသေဘာထားျမန္မာစစ္တပ္မွာရွိလွ်င္ ရခိုင္ျပည္တြင္းက စစ္တပ္​၏ လႈပ္ရွားမႈကို ရပ္တန႔္ဖို႔အေရးႀကီးသည္ဟု ၎က ဆိုသည္။

​စစ္ေကာင္စီစစ္တပ္ဖက္က ရခိုင္ျပည္နယ္အတြင္းတြင္ ၿပီးခဲ့သည့္ ေမလခန႔္မွစကာ စစ္ေရးအရ အင္အားတိုးခ်ဲ႕မႈမ်ား မ်ားစြာရွိလာသလို ေက်း႐ြာမ်ားကိုလည္း ဝင္ေရာက္ကာ စစ္ေဆးေမးျမန္းမႈမ်ားရွိေနသည္။ ယင္းျပင္ ULAတာဝန္ခံမ်ားကို လိုက္လံရွာေဖြမႈမ်ား လူငယ္မ်ားကိုလည္း AAႏွင့္ဆက္စပ္သည္ဆိုကာ ဖမ္းဆီးမႈမ်ားရွိလာေနၿပီး စစ္တပ္အတြင္းမွ လက္နက္သံပစ္ခတ္မႈမ်ားရွိေနသည္။

​စစ္ေကာင္စီတပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ AA တို႔ၾကား ၿပီးခဲ့သည့္ ၂၀၂၀ေ႐ြးေကာက္ပြဲမတိုင္မီကာလကတည္းက ႏွစ္ဖက္နားလည္မႈျဖင့္ တိုက္ပြဲရပ္တန႔္ခဲ့သည္။ သို႔ေသာ္ ယခုႏွစ္တြင္ ၿမိဳ႕နယ္ တစ္ခ်ိဳ႕၌ စစ္ေကာင္စီတပ္ႏွင့္ ရကၡိဳင့္တပ္ေတာ္တို႔ စစ္ေရးတင္းမာကာ တိုက္တိုက္ေတြ႕ဆုံမႈတို႔ရွိခဲ့သည္။

(Western News-WN သည္ရန္ကုန္ေခတ္သစ္၏ မဟာမိတ္သတင္းဌာနျဖစ္သည္)

ဓာတ္ပုံ- AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္။

Photo Credit- Asia Times

နွေဦး ဆိုင်းဝိုင်းကြီး အသံစုံလာပြီ။

အကြမ်းဖက် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး မဖြစ်နိုင်ဟု AA က ထုတ်ဖော်ပြောဆို

By Western News – မေ ၁၇ ရက်

စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ဖိတ်ခေါ်ထားသည်။

စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို UWSA/NDAA/SSPP/RCSS/NMSP /ALP/ PNLO/DKBA/KNU-PC တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၉ဖွဲ့ကတက်ရောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင်ကြေညာထားသည်။

စစ်ကောင်စီက လက်ရှိ ရခိုင်ပြည်နယ်တွင် ULA/ AA၏ အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့အပြင် စစ်ရေးအရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေသည့်အတွက် လက်ရှိအခြေအနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံနွေးဆွေးရန်မဖြစ်နိုင်ဟု ULA/AA၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Western News ကိုပြောသည်။

“မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေက မြေပြင်မှာ နည်းမျိုးစုံနဲ့ ကျွန်တော်တို့ရဲ့ပြည်သူတွေကို ဒုက္ခပေးဖို့ကြိုးစားနေတာရှိတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေး တရားစီရင်ရေးတွေကို တောက်လျှောက် နှောင့်ယှက်နေတာတွေရှိတယ်။ဆိုတော့ ဒီဟာတွေအားလုံးဟာ ဘာတစ်ခုမှ အကောင်းဖက်ကို ဦးတည်မနေဘူး။ တစ်ဖက်မှာလည်း သူတို့ငြိမ်းချမ်ရေး ဆွေးနွေးဖို့ဖိတ်ခေါ်တယ်။

တစ်ဖက် မှာလည်း မြေပြင်မှာစစ်အင်အားတွေကိုအလုံးအရင်း တိုးချဲ့ပြီး အချိန်မရွေးကျွန်တော်တို့ကို တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေတယ်။ဒါကြောင့်ယုံကြည်လို့မရဘူးပေါ့။သူတို့ရဲ့ လုပ်ဆောင်မှုက သူတို့ရဲ့စိတ်နေသဘောထားကိုပြတယ်။ဒါကြောင့်မို့ ဒီလိုအနေအထားနဲ့ တစ်ဖက်နဲ့တစ်ဖက်တွေ့ဆုံဆွေးနွေးဖို့ဆိုတာမဖြစ်နိုင်ဘူး”ဟု ဆိုသည်။

အမှန်တကယ်ငြိမ်းချမ်းရေးကိုလိုလားလျှင် ငြိမ်းချမ်းရေးရလောက်သည့် အပြောအဆို အပြုအမူ အလုပ် အကိုင်ကိုလုပ်ဖို့လိုအပ်ကြောင်း နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်ဖို့လည်း လိုအပ်သည်ဟု ဆက်လက်ပြောကြားသည်။

ယင်းပြင် စစ်ကောင်စီဖက်က ရခိုင်ပြည်သူများအပေါ် ဖိနှိပ်မှုများ ရပ်တန့်သင့်ပြီဖြစ်ကြောင်း ဖိနှိပ်မှုများဆက် လက်လုပ်ဆောင်နေလျှင် ပြေလည်စရာအကြောင်းမရှိဟု ရက္ခိုင့်တပ်တော် AA ၏ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

“နှစ်ဖက်ယုံကြည်မှုကို တည်ဆောက်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူတွေကို ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့လိုတယ်။ မရပ်တန့်ရင်တော့ ပြေလည်စရာမရှိဘူးပေါ့။ ကျွန်တော်တို့ ပြောလိုတာက မြန်မာစစ်တပ်ကတပ်သားတွေအနေနဲ့ သူတို့တပ်စခန်းမှာ သူတို့နေရင် ဘာမှမဖြစ်ဘူး။ ခုလိုအင်အားတိုးတာတွေလုပ်နေသမျှ ကာလပတ်လုံးယုံကြည်မှု တည်ဆောက်လို့ရမှာ မဟုတ်သလို တွေ့ဆုံဆွေးနွေးလို့လည်း ရမှာမဟုတ်ဘူး”ဟုဆိုသည်။

ယင်းပြင် လက်ရှိဖြစ်နေသည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းလိုသည့် စိတ်နေသဘောထားမြန်မာစစ်တပ်မှာရှိလျှင် ရခိုင်ပြည်တွင်းက စစ်တပ်၏ လှုပ်ရှားမှုကို ရပ်တန့်ဖို့အရေးကြီးသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်တပ်ဖက်က ရခိုင်ပြည်နယ်အတွင်းတွင် ပြီးခဲ့သည့် မေလခန့်မှစကာ စစ်ရေးအရ အင်အားတိုးချဲ့မှုများ များစွာရှိလာသလို ကျေးရွာများကိုလည်း ဝင်ရောက်ကာ စစ်ဆေးမေးမြန်းမှုများရှိနေသည်။ ယင်းပြင် ULAတာဝန်ခံများကို လိုက်လံရှာဖွေမှုများ လူငယ်များကိုလည်း AAနှင့်ဆက်စပ်သည်ဆိုကာ ဖမ်းဆီးမှုများရှိလာနေပြီး စစ်တပ်အတွင်းမှ လက်နက်သံပစ်ခတ်မှုများရှိနေသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ပြီးခဲ့သည့် ၂၀၂၀ရွေးကောက်ပွဲမတိုင်မီကာလကတည်းက နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ သို့သော် ယခုနှစ်တွင် မြို့နယ် တစ်ချို့၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ စစ်ရေးတင်းမာကာ တိုက်တိုက်တွေ့ဆုံမှုတို့ရှိခဲ့သည်။

(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်)

ဓာတ်ပုံ- AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။

Photo Credit- Asia Times